(ဃ)-မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းမကြီးနှင်‌့ပတ်သက်၍ ကတ္တရာခင်းခြင်း အစီအစဉ်နှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ပဉ္စမနေ့ (၂၄.၁၀.၂၀၁၂)

မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းမကြီးနှင့် ပတ်သက်ပြီး ကတ္တရာလမ်းခင်းရေးကိစ္စမှာ  BOT စနစ်နဲ့ဆောင်ရွက်နေကြတဲ့ လမ်းအပိုင်းဆိုင်ရာ အလိုက် သက်ဆိုင်ရာကုမ္ပဏီများကို တွန်းအားပေးကြီးကြပ်ရေးအတွက် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါတင်ပြချက်နဲ့ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ပေးမယ့် အစီအစဉ်များကို ဖြေကြား ခဲ့ပြီးဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တင်ပြချက်ဟာ အချိန်ကာလအားဖြင့် တစ်နှစ်ကျော်ခဲ့ပြီးဖြစ်ပါ တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်နေကြတဲ့ ကုမ္ပဏီများဟာ ငွေကိုသာကောက်ခံလျက်ရှိပြီး လမ်းအပိုင်းတာဝန်ယူဆောက်ရွက်မှု အားနည်းနေကြောင်း တွေ့ရှိရ ပါတယ်။ လက်ရှိအခြေအနေကို တင်ပြရမယ်ဆိုရင် သပိတ်ကျင်းလမ်းဆုံမှ တကောင်းလမ်းဆုံအတွင်း တံတား စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဆောက်လုပ်ရေးအထူးအဖွဲ့ () အဖွဲ့() တို့က ဆောင်ရွက်နေကြောင်း တွေ့ရှိရပါတယ်။ ကွန်ကရစ်တံတားများ တည်ဆောက်ပေးမည်ကို သိရတဲ့ အတွက် ကြိုဆိုပါကြောင်းနဲ့ အထူးကျေးဇူးတင်ရှိပါကြောင်း မိဘပြည်သူများကိုယ်စား တင်ပြလိုပါ တယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေး-တကောင်း-ကသာ-ဗန်းမော် လမ်းအပိုင်းနှင့် ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးလုပ်ငန်းအဖွဲ့များမှ ဆောင်ရွက်နေတဲ့အတွက် ယခင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်နေကြတဲ့ BOT စနစ်နှင့် ကုမ္ပဏီများကို တာဝန်ပေးခြင်း၊ မပေးခြင်းကိုလည်း သိရှိလိုပါတယ်။ လမ်းအပိုင်းနှင့်ပတ်သက်ပြီး ကုမ္ပဏီ ခု ကတော့ ငွေကောက်ခံနေဆဲဖြစ်တာကို တွေ့ရှိရပါတယ်။ ၎င်းကုမ္ပဏီများအနေနဲ့ ငွေကို ကောက်ခံ နေပေမယ့် လမ်းအပေါ်တာဝန်ယူမှု၊  ဆောင်ရွက်နေမှု အားနည်းနေတာကတော့ အမှန်ပဲဖြစ်ကြောင်း တင်ပြလိုပါတယ်။ ဒေသခံမိဘ ပြည်သူများကတော့ ဝန်ကြီးဌာနက တာဝန်ယူမယ်ဆိုရင်လည်း ယူပေး ပါ။ ကုမ္ပဏီများ တာဝန်ယူမယ်ဆိုရင်လည်း ယူပေးပါ။ အထူးသဖြင့် ဒီလမ်းမကြီးကို အမြန်ပြီးစေချင်တဲ့ ဆန္ဒပဲဖြစ်ပါတယ်။ သို့ပါ၍ ကျွန်တော်မေးမြန်းတင်ပြလိုတဲ့အချက်ကတော့ သပိတ်ကျင်းလမ်းဆုံမှ မြတောင်လမ်းဆုံအထိ ကတ္တရာခင်းခြင်းလုပ်ငန်းများကို မည်သို့သော အစီအမံများဖြင့် ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုပါတယ်။ ထပ်မံတင်ပြလိုသည်မှာ မြတောင်လမ်းဆုံမှ ဗန်းမော်လမ်းအပိုင်း ကိုလည်း ဆောက်လုပ်ရေးအထူးအဖွဲ့() က တာဝန်ယူ ဆောင်ရွက်မယ်လို့သိရပါတယ်။ အဲ့ဒီကိစ္စ မှန်ကန်တယ်ဆိုပါက ဆောင်ရွက်မယ့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ မန္တလေး-တကောင်း-ကသာ-ဗန်းမော်လမ်းမကြီးဟာ ၁၇၅ မိုင် ဖာလုံ ရှည်လျားပါတယ်။ မန္တလေး တိုင်းဒေသကြီး အပိုင်းမှာ ၆၀ မိုင် ဖာလုံနှင့် စစ်ကိုင်းတိုင်းဒေသကြီးအပိုင်းမှာ ၅၉ မိုင် ဖာလုံ၊  ကချင်ပြည်နယ် အပိုင်းမှာ ၅၅ မိုင် ဖာလုံ ပါဝင်ပါတယ်။ သပိတ်ကျင်းလမ်းဆုံမှ မြတောင် လမ်းဆုံအပိုင်းဟာ မန္တလေးတိုင်းဒေသကြီးအတွင်း ပါဝင်ပြီး ၆၀ မိုင် ဖာလုံ ရှည်လျားပါတယ်။ ၂၀၁၂-၂၀၁၃  ဘဏ္ဍာရေးနှစ်မှာ  ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၁၇၃. သန်းခွဲဝေရရှိ ပြီးတော့ ရရှိရန်ပုံငွေနဲ့  ၁၂ ပေအကျယ် ကျောက်ကတ္တရာလမ်းခင်းခြင်း မိုင် ဖာလုံ၊ တံတားငယ်  စင်း  တည်ဆောက်ခြင်းလုပ်ငန်းတို့ကို  ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါလမ်းပိုင်းဟာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ဖြည့်စွက်ရန်ပုံငွေကျပ်သန်း ၁၀၀၀ နှင့် ၂၀၁၃-၂၀၁၄  ဘဏ္ဍာရေးနှစ်မှာ  ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၃၀၀၀ သန်း တင်ပြ တောင်းခံထားပြီးတော့ ရန်ပုံငွေရရှိတဲ့အပေါ်မှာမူတည်ပြီး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မြတောင်လမ်းဆုံမှ ဗန်းမော်လမ်းအပိုင်းဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အပိုင်းမှာ ပါဝင်ပြီး ၁၁၅ မိုင် ဖာလုံ ရှည်လျားပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အပိုင်းရှိ  ၅၉ မိုင် ဖာလုံအား ဂရိတ်ဝေါကုမ္ပဏီလီမီတက်က BOT စနစ်ဖြင့်  ဆောင်ရွက်ခဲ့ပြီးတော့             ၁၁--၂၀၁၂ နေ့မှာ လုပ်ငန်းပြန်လည်အပ်နှံခဲ့တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ အခုအခါမှာ လမ်းအထူးအဖွဲ့ () ဖွဲ့နဲ့ အထူးပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွား ဖို့ စီစဉ်ထားပြီး  ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်  ကချင်ပြည်နယ်အပိုင်းအတွက် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၆၁၈ သန်းခွဲဝေရရှိထားပြီးတော့  ၁၂ ပေ အကျယ်  ကျောက်ကတ္တရာလမ်းခင်းခြင်း မိုင်၊  ကျောက်စီကမ်းကပ်ခုံ သံကူကွန်ကရစ်တံတားသစ် စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ  ပြည်ထောင်စု ငွေလုံးငွေရင်းဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း ၁၀၀၀ နှင့် ၂၀၁၃-၂၀၁၄  ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၀၃၁ သန်းတို့ တင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိတဲ့ အပေါ်မှာမူတည်ပြီး လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

မန္တလေး-တကောင်း-ကသာ-ဗန်းမော်လမ်းမကြီး အဆင့် မြှင့်တင်ဆောင်ရွက်ရန်အတွက်  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ တင်ပြတောင်းခံထားပြီးတော့ ရန်ပုံငွေရရှိတဲ့အပေါ်မှာမူတည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ပဉ္စမကာလတို  ငါးနှစ်စီမံကိန်းကာလဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် မန္တလေး-တကောင်း-ကသာ-ဗန်းမော်  မဟာဗျူဟာလမ်းမကြီး ၁၇၅ မိုင် ဖာလုံအား ၁၂ ပေ အကျယ်  ကတ္တရာလမ်းအဆင့် ပြီးစီးရေးကို စီမံချက်ရေးဆွဲထားပြီးတော့  ရန်ပုံငွေများလည်း  တင်ပြ တောင်းခံထားပြီး ရရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။