ရမည်းသင်းမြို့နယ် ကုလားမျော ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ကျေးရွာများရှိ တောင်သူလယ်သမားများကိုယ်စား ကုလားမျောကွင်းစီမံကိန်းစိုက်ဧက ၁၂၀၀ ကျော်ရှိ စိုက်ဧကများအတွင်းသို့ သစ်ဆုံ လက်ခွဲမြောင်းအမှတ် (၁) မှ ကမ္မသဲကန်ကွင်းအထိ ရေစီးရေလာကောင်းအောင် ပြုပြင်ပေးနိုင်၊ မပေးနိုင်နှင့် စိုက်ဧကများအတွင်းသို့ သဲနုန်းထုတ်မှု ကာကွယ်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုကြောင်းမေးမြန်းအပ်ပါတယ်။ရိုသေလေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရမည်းသင်းမြို့နယ်ဟာ နေပြည်တော်ရဲ့အရိပ်အောက်မှာ ရှိနေပေမယ့်လည်း နေပြည်တော်ကဲ့သို့မိုးရေချိန်မများဘဲ သိသိသာသာ ကျွန်တော်တို့မြို့နယ်အတွင်း ရောက်ရင် မိုးရေချိန်နည်းပြီး တစ်နှစ်ပျမ်းမျှမိုးရေချိန်ဟာ ၂၀ လက်မမှ ၃၀ လက်မကြားသာရှိပြီး ယခုနှစ်မှာဆိုရင် မိုးရေချိန်ဟာ ၂၁.၇၁လက်မသာရှိပါတယ်။ မိုးရေကိုအင်မတန် အားထားရတဲ့ မြို့နယ်ဖြစ်ပါတယ်။ စိုက်ပျိုးထားသမျှလယ်မြေများ အောင်မြင်စေရန် ရေစီးရေလာကောင်းအောင် မြောင်းများ၊ ဆည်များ၊ ကန်များအတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ကြပါတယ်။ သို့ရာတွင် သစ်ဆုံ ဆည်လက်ခွဲမြောင်း အမှတ်(၁)မှ ကမ္မသဲကန်ကွင်းမြောင်းအရှည်ပေ ၁၂၀၀၀ ကျော်ဟာ ထိန်းသိမ်းရန် လူထုအင်အားနှင့် မနိုင်မနင်းဖြစ်နေပါတယ်။ ကုလားမျော အုပ်စုတွင်းရှိ ကျေးရွာများမှ တောင်သူ လယ်သမားများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်တဲ့ စိုက်ဧက ၁၄၀၀ တွင်စိုက်ပျိုးထားပေမယ့်လည်း ယခုနှစ် မိုးကခါတိုင်းထက်ပိုမိုနည်းပါးပြီး စိုက်ဧကများအတွင်းသို့ဝင်ရောက်တဲ့ သစ်ဆုံလက်ခွဲမြောင်း အမှတ်(၁) မှသဲကန်အထိ ကျွန်တော်တို့မြောင်းဟာ တိမ်ကောနေတဲ့အတွက် ရေသွင်းရန်ခက်ခဲကြောင်း ယခုနှစ် စိုက်ပျိုးထားသမျှ အကျိုးမဖြစ်ထွန်းဘဲ ဝမ်းစာစပါးမရရှိကြပါခင်ဗျား။ သစ်ဆုံလက်ခွဲမြောင်း အမှတ်(၁)မှ ကမ္မသဲကန်ကွင်းထိ ပေ ၁၂၀၀၀ ကျော်မြောင်းဟာ တိမ်ကောနေတဲ့အတွက် လယ်မြေ များသို့ တစတစသဲနုန်းထိုးလာတဲ့အတွက် နှစ်ကြာလာတာနဲ့အမျှ စိုက်ဧကအားလုံးလက်လွှတ် ဆုံးရှုံးရမယ့် အန္တရာယ်လည်း ကြုံတွေ့နေရပါတယ်ခင်ဗျား။ သို့ပါ၍ ရမည်းသင်းမြို့နယ် ကုလားမျော ကျေးရွာအုပ်စု စပါးစိုက်ဧကအတွက် သစ်ဆုံလက်ခွဲမြောင်းအမှတ်(၁) မှ ကမ္မသဲကန်အထိမြောင်း များပြန်လည်ပြုပြင်ပေးနိုင်၊ မပေးနိုင်နှင့် လယ်မြေများ သဲနုန်းထိုးမှုကာကွယ်ရန် ပညာရှင်များနှင့် လေ့လာစိစစ်ပြီး ထိန်းသိမ်းအကူအညီပေးနိုင်၊ မပေးနိုင် သိရှိလိုသည့်အတွက် မေးမြန်းပါသည်။
သစ်ဆုံရေလှောင်တမံ ဆည်ရေသောက်စနစ်အတွင်းရှိ တူးမြောင်းများနှင့် တူးမြောင်းအဆောက်အဦများကို ၁၉၆၀-၁၉၆၁ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်။ အလျား ၁၂၀၀၀ ပေရှိ ကုလားမျောမြောင်း၏ရေသောက်ဧရိယာ ၄၇၇ ဧကဖြစ်ပါတယ်။ မူလစပါးစိုက်ပျိုးရန်သာ ရည်ရွယ်တည်ဆောက်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် မိုးစပါး စိုက်ပျိုးခြင်းထက် စီးပွားဖြစ်တွက်ခြေကိုက်သော စပျစ်ခြံများကိုတိုးချဲ့စိုက်ပျိုး လျက်ရှိ နေပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းချက်တွင်ပါဝင်သောစိုက်ဧက ၁၄၀၀ ကျော်မှာ ကုလားမျောမြောင်းရေသောက်နှင့်ဆက်စပ်လျက်ရှိသော ဆည်ရေသောက်ပြင်ပရှိ ကမ္မသဲကန်တွင်းမှ မိုးကောင်းသောက် ယာမြေများဖြစ်ပါတယ်။ အဆိုပါ မိုးကောင်းသောက် ယာမြေများသည် သဲဆန် သောမြေ အမျိုးအစားများွဖစ်ပြီး ကုန်းမြင့်ပိုင်းွဖစ်၍ စိုက်ပျိုးရေကို မြင့်၊ နိမ့် ရေပေးစနစ် (Gravity Flow) စနြစ်ဖင့် ပေးဝေနိုင်ခြင်းမရှိသဖြင့် ဆောင်ရွက်ပေးရန် မရှိပါကြောင်း ဖြေကြားပါသည်။
