(ဃ)-ကျောက်ဖြူနှင့် ရမ်းဗြဲသို့ သဘာဝဓာတ်ငွေ့ဖြင့်လျှပ်စစ်ဓာတ်အားပေးရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၃၀-၉-၂၀၁၁)

ကျွန်တော့်မေးခွန်းဟာ ရခိုင်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်မှထွက် ရှိတဲ့သဘာဝဓာတ်ငွေ့များဖြင့် ကျောက်ဖြူ၊ ရမ်းဗြဲမြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန်အစီ အစဉ်ရှိ၊ မရှိဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းဟာ ၂၇-၉-၂၀၁၁ နေ့တွင် ပြုလုပ်သော ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က မေးမြန်းထားပြီး သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ဖြေကြားထားပြီးဖြစ်သည့်အတွက် ဤမေးခွန်းနှင့် သဘောတူညီနေပါ၍ ကျွန်‌တော့်မေးခွန်းအား မေးမြန်းခြင်းမပြုတော့ပါဘဲနဲ့ ပြန်လည်ရုပ်သိမ်းပါကြောင်း တင်ပြခဲ့ပါသည်။