ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်ခွဲရှိ မိုင်းနန်ကျေးရွာအုပ်စုသည် စံပြကျေးရွာဖြစ်ပြီး မိုင်းနောင် မြို့နှင့် ၁၂ မိုင်အကွာ ကျေးသီး-မိုင်းနောင်ကားလမ်းမ ပေါ်မှာတည်ရှိပါတယ်။ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး အစိုးရအထက်တန်းကျောင်းခွဲ၊ ကျေးလက်ဆေးပေးခန်း၊ ဘုန်းတော်ကြီးပရိယတ္တိစာသင် တိုက်၊ တပ်မတော်တပ်စခန်းနှင့် လုံခြုံရေးတပ်ဖွဲ့များလည်းရှိပါတယ်။ ကျေးရွာပြည်သူလူထုအတွက် ကျိုင်းတောင်းမဟာဓာတ်အားလိုင်းကို မိုင်းနောင်မြို့မှ သွယ်တန်းမည့် အစီအစဉ်ရှိသည်ဟုသိရှိရပါ တယ်။ မိုင်းနောင်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးနှင့် လျှပ်စစ်ဓာတ်အားပေးရေးတို့မှ လာရောက်တိုင်းတာ တွက်ချက်မှုအရ ကုန်ကျစရိတ်အားလုံးသိန်းပေါင်း ၃၆၀၀ ကျသင့်မည်ဖြစ်ပါတယ်။ အစိုးရမှကုန်ကျ ငွေတစ်ဝက် ပြည်သူလူထုမှ တစ်ဝက်ကျခံမည့်အစီအစဉ်ရှိသဖြင့် ပြည်သူလူထုမှ ကျပ်သိန်းပေါင်း ၁၈၀၀ ကျခံရမည့်သဘောဖြစ်ပါတယ်။ သို့သော်လည်း ၁၅-၈-၂၀၁၁ ရက်နေ့ လူထုနှင့်တွေ့ဆုံပွဲတွင် ပြည်သူလူထုက ကျပ်သိန်း ၈၀၀ ခန့်လောက်သာ ထည့်ဝင်နိုင်မည်ဖြစ်ကြောင်းပြောကြားကြပါတယ်။ ကျေးလက်ဒေသခံ ဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဖော်ဆောင်ရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးမှာ အလွန်အရေးကြီးသလို လိုအပ်ချက်အရာဖြစ်ပါ တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်လျက်ရှိသော ယခုလိုအချိန်အခါတွင် ကျေးရွာပြည်သူလူထုများမှာ ကျိုင်းတောင်းမဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိလိမ့်မည်ဟုမျှော် လင့်ယုံကြည်လျက်ရှိနေပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော်မေးလိုသည်မှာ ကျေးသီးမြို့နယ်၊ မိုင်းနောင် မြို့နယ်ခွဲရှိ မိုင်းနန်းစံပြကျေးရွာ၌ လျှပ်စစ်မီးသွယ်တန်းရရှိနိုင်မှုအခြေအနေကို မည်သို့ရှိသည်ကိုသိရှိ လိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် တောင်ပိုင်းဒေသ လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ပတ်သက်ပြီး ဒေါ်နန်းဝါနုရဲ့မေးခွန်းနဲ့ တစ်ဆက်တည်း ဖြစ်ပါတယ်။ နမ့်ဆန်မှာရောက်ရှိနေတဲ့ဓာတ်အားကို ကျွန်တော့်တို့အနေနဲ့ ဆက်လက်ပြီးတော့ နမ့်ဆန်- ခိုလန်-ဝမ်ဆေး-မိုင်းတောင် ၄၂ မိုင်၊ ခိုလန်-ဝမ်ဆေး ၂၀ မိုင်အပိုင်းမှာ ဝမ်ဆေးမှာ ကျွန်တော်တို့ ဓာတ်အားခွဲရုံတည်ဆောက်ပြီးတော့ ဝမ်ဆေးမြို့ကို ဓာတ်အားပေးပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ မိုင်းတောင် ၆၆ ကေဗွီဓာတ်အားလိုင်း ၂၂ မိုင် တည်ဆောက်လျက်ရှိပါတယ်။ ဓာတ်အားလိုင်း တည်ဆောက်တာမှာပြီးရန် ၅ မိုင်ကျန်ပါတယ်။ အဲဒီ ၅ မိုင်ကလည်း ကျွန်တော်တို့ လုံခြုံရေးအခြေအနေအရ ဆက်လက်မဆောင်ရွက်နိုင်ဘဲနဲ့ ရပ်တန့်နေတာဖြစ်ပါတယ်။ ဒီဟာ မကြာမီ ကာလအတွင်းမှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ မိုင်းတောင်မှာ ကျွန်တော်တို့ ဓာတ်အားခွဲရုံ တည်ဆောက်ပြီးလို့ရှိရင် မိုင်းတောင်နဲ့ပတ်ဝန်းကျင်ကို လည်းဓာတ်အားတွေပေးသွားနိုင်မှာ ဖြစ်ပါ တယ်။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ဓာတ်အားဖြန့်ဖြူးပေးရာမှာ အဓိကဓာတ်အား ဖြန့်ဖြူးပေးရေး လိုင်းများကိုသာ ဦးစားပေးတည်ဆောက်ပြီးတော့ ဓာတ်အားစနစ်မှ ဓာတ်အားရယူသုံးစွဲလိုသော ဒေသများ၊ ကျေးရွာများ၊ ပုဂ္ဂလိကများအနေနဲ့ ကိုယ့်အားကိုယ်ကိုးဆောင်ရွက်လိုပါက ဝန်ကြီးဌာန အနေနဲ့ သတ်မှတ်ထားသော စည်းကမ်းချက်များနဲ့ အညီခွင့်ပြုပေးလျက်ရှိပါတယ်။ ယခု မီးလင်းရေး ကော်မတီမှတင်ပြချက်မှာ သက်ဆိုင်ရာဒေသအာဏာပိုင်များရဲ့ ဆောင်ရွက်မှုသာဖြစ်ပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ တင်ပြလာပါက ခွင့်ပြုပေးမှာဖြစ်ပြီး နည်းပညာ ပိုင်းဆိုင်ရာလည်းကူညီပေးသွားမှာဖြစ်ပါတယ်။ မိုင်းတောင်၊ ကျေးသီးဓာတ်အားလိုင်း ဆက်သွယ်ပေး ပါကမိုင်းနန်ကျေးရွာသည်လည်း ဓာတ်အားရရှိတဲ့နယ်ြမေထဲမှာ ပါဝင်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
