ထီးချိုင့်မြို့နယ်မှာ အားကစားဝန်ကြီးဌာနရဲ့အစီအစဉ်နဲ့ ၁၉၉၅ ခုနှစ်က မီတာ ၄၀၀ အားကစားကွင်းကို ဖော်ထုတ်ပေးခဲ့ ပြီးတော့မှ ၂၀၀၈ ခုနှစ်မှာတော့ ပွဲကြည့်စင်နှင့်က်ငင်းလိုအပ်ချက်တွေကို ဆောက်လုပ်ဆောင်ရွက် ပေးခဲ့ပါတယ်။ ၎င်းအပြင် မြို့နယ်အတွက် မိုးလုံလေလုံ အားကစားရုံတည်ဆောက်ဖို့အတွက် မြေနေရာ လျာထားချန်လှပ်ခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ မြို့နယ်အားကစားဖွံ့ဖြိုးရေးအတွက် ဒေသခံ မိဘ ပြည်သူများအနေနဲ့ မိုးလုံလေလုံ အားကစားရုံကို နိုင်ငံတော်က တည်ဆောက်ပေးနိုင်ရေး မျှော်လင့် လျက်ရှိကြပါတယ်။ သို့ပါ၍ အားကစားဝန်ကြီးဌာနအနေနဲ့ ထီးချိုင့်မြို့နယ် မီတာ ၄၀၀ အားကစားကွင်းအတွင်းမှာ မိုးလုံလေလုံအားကစားရုံတစ်ရုံကို ခွင့်ပြုချက်ချမှတ်၍ ဆောင်ရွက် ပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် လျာထားချက်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ချမှတ်ခွင့်ပြုပေးနိုင် မည်ကို သိရှိလို၍မေးမြန်းတင်ပြရခြင်း ဖြစ်ပါသည်။
အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ နေပြည်တော်မှာ ကျင်းပမယ့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်လျက် ရှိပါတယ်။ ပြိုင်ပွဲကျင်းပရန် အချိန်ကာလ ၉ လခန့်သာကျန်ရှိပါသဖြင့် လက်ရှိအချိန်မှာလိုအပ်သည့် အားကစားကွင်း၊ အားကစားရုံ၊ အားကစားရွာ တည်ဆောက်ခြင်းလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီရန် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် မြန်မာအားကစားအဖွဲ့ အောင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ရေး ကဏ္ဍများတွင်လည်း ငွေကြေးအရင်းအနှီးမြောက်မြားစွာ အကုန်ကျခံလျက် ဆောင်ရွက်လျက်ရှိပါတယ်။ အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးရှိ အားကစားကွင်းများ အဆင့်မြှင့်တင်ပြုပြင်ပေးရေးနှင့် အားကစားရုံများ တည်ဆောက်ပေးနိုင်ရေးအတွက် အားကစားလှုပ်ရှားဆောင်ရွက်နိုင်မှုများ၊ မျိုးဆက်သစ်အားကစား သမား ရှာဖွေဖော်ထုတ်ပေးနိုင်မှုများအပေါ်မူတည်၍ ဦးစားပေးမြို့နယ်များ စိစစေ်ရွးချယ်သတ်မှတ် ကာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ပြီးနောက်ပိုင်းတွင် ဘဏ္ဍာငွေလျာထားတောင်းခံ ပေးသွားမှာဖြစ်ပါတယ်။ ထီးချိုင့်မြို့နယ်မှာ မိုးလုံလေလုံအားကစားရုံတစ်ရုံ တည်ဆောက်ပေးရေး ကိစ္စကိုလည်း အားကစားရုံမရှိသေးသည့်အခြားသော မြို့နယ်များနည်းတူ အထက်တင်ပြပါ သတ်မှတ် ချက်များနှင့်အညီ စိစစ်ရန်ဦးစားပေးမြို့နယ်အလိုက် သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။
