(ခ)-ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော ဝန်ထမ်းများအား ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ပြည်နယ်နှင့်ရုံးချုပ်များတွင် အလှည့်ကျတာဝန် ထမ်းဆောင်စေခြင်း၊ အရည်အချင်း တူညီပါက ဒေသခံပြည်နယ်သားများအား ဦးစားပေးစီစဉ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
အစိုးရဝန်ထမ်းများအား မြေပြန့်၊ တောင်ပေါ်ဒေသ ခွဲခြားခြင်းမရှိဘဲ နေရာအနှံ့တို့တွင် အလှည့်ကျစနစ်ဖြင့်သော်လည်းကောင်း၊ လုပ်ငန်းအတွေ့အကြုံ၊ ဗဟုသုတရရှိစေရန်သော်လည်း ကောင်း၊ ပြစ်ဒဏ်ဖြင့် တောင်ပေါ်ဒေသသို့ တာဝန်ထမ်းဆောင်စေ၍သော်လည်းကောင်း၊ ရာထူး တိုးမြှင့်၍သော်လည်းကောင်း တာဝန်ပေးအပ်လျက်ရှိသည်ကို လေ့လာသိရှိရပါတယ်။ သို့ရာတွင် တောင်ပေါ်ဒေသမှာ ဒေသခံဝန်ထမ်းများအား လုပ်ငန်းအတွေ့အကြုံနဲ့ စွမ်းဆောင်ရည်မြင့်မားစေရန် ပြည်နယ်ရုံးနှင့် ရုံးချုပ်များသို့လည်းကောင်း၊ မြေပြန့်ဒေသများသို့လည်းကောင်း၊ ပြောင်းရွှေ့ လေ့ကျင့်တာဝန်ထမ်းဆောင်စေမှုမှာနည်းပါးပြီး မြေပြန့်ဒေသမှ ဝန်ထမ်းများအား တောင်ပေါ် ဒေသတွင် ခန့်အပ်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အကျင့်ပျက်၍ ပြစ်ဒဏ်များပေးခြင်း နည်းလမ်း များဖြင့် လာရောက်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြသည့် ဦးရေမှာ များပြားလျက်ရှိပါတယ်။ ဤသို့ဖြစ်ရခြင်းသည် မြေပြန့်ဒေသသားများက တောင်ပေါ်ဒေသများထက် အသိဉာဏ်ပညာ ဖွံ့ဖြိုး ပြီး လူမှုစီးပွားရေးဘဝ မြင့်မားကြောင်းကို ဖော်ပြခြင်းပင်ဖြစ်ပါတယ်။ လူနေမှုအဆင့်အတန်း မြင့်မားကြသော မြေပြန့်ဝန်ထမ်းများသည် တောင်ပေါ်ဒေသတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ ခြင်း၊ စားဝတ်နေထိုင်မှုဆင်းရဲခြင်း အစရှိသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လာရသောအခါ စိတ်ဓာတ်ကျဆင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကျေပွန်စွာထမ်းဆောင်နိုင်ခြင်းမရှိသည်ကို လေ့လာတွေ့ရှိရပါတယ်။ တောင်ပေါ်ဒေသမှ ဒေသခံတိုင်းရင်းသား ပြည်သူများဟာ အသိဉာဏ် ပညာဖွံ့ဖြိုးမှုနည်းပါးပြီး လူမှုစီးပွားဘဝ နိမ့်ကျလျက်ရှိပါတယ်။ တောင်ပေါ်ဒေသသားများဟာ မိမိဒေသ ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်ဓာတ်စေတနာရှိသော်လည်း အသိပညာ၊ အတတ်ပညာ၊ နည်းပညာနှင့် စီမံခန့်ခွဲမှုပညာများ အားနည်းလျက်ရှိကြပါတယ်။ ထို့ကြောင့် တောင်ပေါ်ဒေသမှ ဝန်ထမ်းများအား ပြည်နယ်ရုံး ရုံးချုပ်နှင့် မြေပြန့်ဒေသတွင် လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံ ရရှိအောင် လေ့ကျင့်ပြုစု ပျိုးထောင်၍ တောင်ပေါ်ဒေသသို့ ပြန်လည်တာဝန်ထမ်းဆောင်စေပါက နိုင်ငံတော်၏ စစ်မှန်သော စေတနာများကို တိုင်းရင်းသားများက သိရှိခံစားပြီး တောင်ပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မိမိပြည်နယ်၊ မိမိဒေသတွင် ဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်း လုပ်ဆောင်ရာ၌ ဒေသခံများကို ဦးစား ပေးသင့်သည်ဟု ထင်မြင်ယူဆပါတယ်။ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၂ မှာ နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီ ဆောင်ရွက်မည်။ (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။ (ဂ) တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ဆောင်ရွက်မည်ဟု ဖော်ဆောင်ထားပါသည်။ ဒါ့အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၇ တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့် အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း၊ မိမိတာဝန်ယူ အကောင်အထည်ဖော်ရမည့်လုပ်ငန်းများကို ဆောင်ရွက်ရန် (က) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဆိုင်ရာ နယ်ဘက်အစိုးရဝန်ထမ်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ (ခ) လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်ဟူ၍ ဖော်ပြထားသော်လည်း လက်တွေ့နယ်ပယ်တွင် ကွဲလွဲလျက်ရှိနေပါသည်။
သို့ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော အစိုးရ ဝန်ထမ်းများ၏ လူမှုစီးပွားဘဝအခက်အခဲများ ပပျောက်၍ သတ်မှတ်တာဝန်ကျ ကာလအတွင်း တိုင်းရင်းသားပြည်သူများအား စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် အလုပ်အကျွေးပြုစေရန်အတွက် ဝန်ထမ်း များအား ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရုံးချုပ်နှင့်မြေပြန့်ဒေသတွင် အလှည့်ကျ တာဝန်ထမ်းဆောင်စေခြင်း၊ လုပ်ဆောင်ရာ၌ အရည်အချင်းတူညီပါက ဒေသခံပြည်နယ်သားများအား ဦးစားပေးအစီအစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေအခန်း(၃) ပုဒ်မ ၈ ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ တာဝန်များကို သတ်မှတ်ပြဋ္ဌာန်းရာတွင် ရာထူးဝန်အဖွဲ့သည်- နိုင်ငံ့ဝန်ထမ်းများကို စနစ်တကျ ရွေးချြယ်ခင်း၊ ဝန်ထမ်းများအားထိရောက်စွာလေ့ကျင့်ပျိုးထောြင်ခင်း၊ ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရကို အထောက်အကူပြုခြင်းဟု ဖော်ပြပါရှိထားပါသည်။ ဝန်ထမ်းများကို ရွေးချယ်ခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်ပြီးတင်ပြရရင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဝင်ပေါက်ရာထူး တစ်နည်းအားဖြင့် အရာထမ်းအဆင့်ရှိ ရာထူးများကိုသာ ရွေးချယ်ရန် ဥပဒေပုဒ်မ ၉ အရ သတ်မှတ်ထားပြီး ကျန်ရာထူးအဆင့်ဝန်ထမ်း တစ်နည်းအားဖြင့် အမှုထမ်းအဆင့်တို့ကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ရွေးချယ်ရန် သတ်မှတ်ထားသည့်အတွက် ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအသီးသီးရဲ့ အကြီးအမှုးတို့ကိုရွေးချယ်ခန့်ထားပေးရန် လုပ်ပိုင်ခွင့် အပြည့်အဝလွှဲအပ်ထားကြောင်း အသိပေးတင်ပြလိုပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရများအနေဖြင့်လည်း မိမိတို့တာဝန်ယူ အကောင်အထည်ဖော်ရသည့်လုပ်ငန်းများကို ဆောင်ရွက် နိုင်ရန် နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများကို ဖွဲ့စည်းွခင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများ ခန့်အြပ်ခင်းပြုလုပ်ရာတွင် နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေနှင့်အညီလည်းကောင်း၊ ပြည်ထောင်စု အစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း ဖွဲ့စည်းခန့်ထားနိုင်ကြောင်းကို ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ဈ)တွင် အတိအလင်းဖော်ပြထားပါသည်။ ယင်းပြဋ္ဌာန်းချက်မှာ ချီဖွေမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး ရည်ညွှန်းကိုးကားသွားခဲ့သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၇ နှင့်လည်း လိုက်လျောညီထွေရှိကြောင်း အားလုံးသတိပြုမိကြမည်ထင်ပါသည်။
ေဤနရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအား အသိပေး တင်ပြရင်း ပန်ကြားလိုသည်မှာ ယခုရည်ညွှန်းကိုးကားခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၇ နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေပုဒ်မ ၈ ပုဒ်မခွဲ(ဈ)တို့မှာ ဖော်ပြပါရှိသည့် နိုင်ငံ့ဝန်ထမ်း ဆိုင်ရာဥပဒေမှာ မူကြမ်းအဆင့်မှာပဲရှိနေသေးပြီး ယနေ့ထိ အတည်ပြုပြဋ္ဌာန်းရခြင်း မရှိသည့်အတွက် လက်တွေ့ကျင့်သုံးနိုင်ခြင်းမရှိသေးပါ။ နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေမူကြမ်းကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ အဆင့်ဆင့်တင်ပြခဲ့ရာ ယခုနောက်ဆုံးအခြေအနေအရ လွှတ်တော်သို့ ၂၉-၆-၂၀၁၂ ရက်နေ့ က တင်ပြထားခဲ့ပြီး လွှတ်တော်မှလည်း ပြန်ကြားရေးဝန်ကြီးဌာနသို့ ထပ်ဆင့်လမ်းညွှန်ပေးမှုအရ နိုင်ငံတော်ပြန်တမ်း၊ မြန်မာ့ရုပ်သံနှင့် သတင်းစာတို့တွင် အများပြည်သူ ကျယ်ပြန့်စွာ လေ့လာသိရှိကာ အကြံပြုနိုင်ရန် ချပေးထားပြီး ဖြစ်ပါသည်။ ဒီ့အတွက် မကြာမီကာလမှာ နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပြီးတဲ့နောက် နိုင်ငံ့ဝန်ထမ်းများရဲ့တာဝန်၊ ရပိုင်ခွင့်နှင့် စည်းကမ်းများကဏ္ဍဟာ ပိုမိုမှန်ကန်တိကျလာတော့မည် ဖြစ်ပါသည်။ ဥပဒေပြဋ္ဌာန်း အတည်ပြုပြီး သည့်အခါ ဥပဒေ၏အခန်း(၃)ဝန်ထမ်းများ ရွေးချယ်ခန့်ထားခြင်း၊ အခန်း (၇) ရာထူးတိုးမြှင့်ခြင်းကိစ္စ တို့သည်လည်း ပီပီပြင်ပြင်ရှိလာမည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအသီးသီးတို့တွင် စီမံခန့်ခွဲမှုပိုမို၍ လွယ်ကူစနစ်ကျလာမည်ဟု ယုံကြည်ပါသည်။ မြေပြန့်ဒေသမှ ဝန်ထမ်းများကို အကျင့်ပျက်၍ ပြစ်ဒဏ်ပေးသည့်အနေဖြင့် တောင်ပေါ်ဒေသသို့ ပြောင်းရွှေ့ခန့်ထားခြင်း၊ တဖန် ထိုဝန်ထမ်းများက တောင်ပေါ်ဒေသတွင် နေထိုင်စားသောက်ရေး၊ သွားလာရေး အခက်အခဲများ ကြောင့် စိတ်ဓာတ်ကျဆင်းကာ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှုမရှိခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေခြင်း၊ ထိုအခါ ၎င်းတို့၏ပြုမူလုပ်ဆောင်ချက်ကြောင့် နိုင်ငံတော် အစိုးရအပေါ် အကြည်အညိုပျက်ပြားစေသည့် ဆိုးကျိုးသက်ရောက်စေခြင်း စသည်တို့နှင့် ပတ်သက်၍လည်း ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး၌ နောင်မွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ်က မေးခွန်းတစ်ရပ်တင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ ထိုအခါက ဦးဂျီဖုန်ဆားရ်၏မေးခွန်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြန်လည်ဖြေရှင်းရန် စီစဉ်ထားပါ သော်လည်း ကာယကံရှင်က မေးခွန်းများအား ပြန်လည်ရုပ်သိမ်းခဲ့သည့်အတွက် လွှတ်တော်၌ မွဖေကြားနိုင်ခဲ့ပါ။
ယခုတစ်ဖန် ချီဖွေမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အလားတူ ဝန်ထမ်းများ ပြောင်းရှေှ့ခြင်းကိစ္စကို မေးမြန်းလာသည့်အတွက် ဖြေရှင်းတင်ပြရပါလျှင် (က) ဝန်ထမ်းများအား တောင်ပေါ်ဒေသ၊ နယ်စွန်နယ်ဖျား၊ ဝေးလံခေါင်သီသောဒေသများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခြင်းကို အရေးယူအပြစ်ပေးသည်ဟူ၍ ပုံသေကားချပ် မရှုမြင်စေလိုပါ။ ထိုကဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းသည် ဌာနဆိုင်ရာ၏လုပ်ငန်း လိုအပ်ချက်များကြောင့် ဖြစ်စေပါသည်။ ဝန်ကြီးဌာနများအနေဖြင့် ကာလအကန့်အသတ်ဖြင့် မြို့ပြများ၊ ရုံးချုပ်များတွင် တာဝန် ထမ်းဆောင်စေခြင်း၊ အလှည့်ကျနယ်များတွင် သွားရောက်တာဝန်ထမ်းဆောင်စေခြင်းတို့ကို တရား မျှတမှုလည်းရှိ၊ တစ်ဖက်တွင် ဝန်ကြီးဌာန၏ရည်မှန်း ချက်တာဝန်လည်း လစ်ဟင်းပျက်ကွက်မှု မရှိ၊ ကွင်းဆက်မပြတ်ရရှိစေရန် ကြိုးပမ်းစီမံဆောင်ရွက်ပေး လျက်ရှိသည်ဟု နားလည်ပါတယ်။ (ခ) နောက်တစ်ချက်မှာ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် ၎င်းတို့၏ဝန်ထမ်းများ ပြစ်မှုကျူးလွန် သည့်အခါ တောင်ပေါ်ရယ်၊ မြေပြန့်ရယ်လို့ နေရာဒေသမခွဲခားဘဲ စည်းကမ်းဖောက်ဖျက်သူများကို ဝန်ထမ်းစည်းကမ်းများနှင့်အညီ စည်းကမ်းဖေါက်ဖျက်သူတို့ကို အရေးယူအပြစ်ပေးလျက်ရှိပါသည်။ (ဂ) သို့ဖြစ်ပါ၍ ယနေ့နိုင်ငံတော်ရှိ ဗဟိုအာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုတို့၏ အစိုးရအဖွဲ့ တို့တွင် တာဝန်ထမ်းရွက်နေကြသည့် ဝန်ထမ်းများ၏ တာဝန်လစ်ဟင်းပျက်ကွက်မှု၊ ရာထူးခန့်ထားမှု၊ အဆင့်တိုးမြှင့်မှု၊ ပြောင်းရွှေ့မှုကိစ္စများမှာ တရားမျှတမှုမရှိ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်ခဲ့သော် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့များထံ နည်းမှန် လမ်းမှန်တြင်ပခဲ့လျှင် သက်ဆိုင်ရာအာဏာပိုင်တို့က ပြုပြင်သင့်တာပြုပြင်၊ အရေးယူသင့်တာ ယူသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
