မိုင်းခတ်မြို့နယ်တွင် မြို့နယ်ဆရာဝန်တစ်ဦးနှင့် လက်ထောက်ဆရာဝန်နှစ်ဦးခန့် ထားခွင့်ရှိပါတယ်။ ယခုအခါ မြို့နယ်ဆရာဝန်တစ်ဦးနှင့် လက်ထောက်ဆရာဝန်တစ်ဦးခန့်ထားသော် လည်း လက်ထောက်ဆရာဝန်တစ်ဦးမှာ မိုင်းခတ်ဆေးရုံသို့ လာရောက်တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ တာချီလိတ်မြို့နယ်ဆေးရုံတွင် တွဲဖက်တာဝန်ထမ်းဆောင်နေကြောင်းသိရှိရပါသည်။ မြို့နယ်ဆရာဝန် တစ်ဦးသာရှိသဖြင့် ကျိုင်းတုံမြို့အစည်းအဝေးသို့ တက်ရောက်သည့်အချိန်တွင်လည်းကောင်း၊ ရက်တို သင်တန်းသွားရောက်ချိန်တွင်လည်းကောင်း၊ ခွင့်ပြန်ချိန်တွင်သော်လည်းကောင်း ဆေးရုံတွင်ဆေးဝါး ကုသပေးမည့် ဆရာဝန်မရှိဘဲ အရေးပေါ်လူနာများရောက်ရှိလာပါက အခက်အခဲများစွာ တွေ့ရှိနေရ သည်ကို တွေ့ရှိရပါတယ်။ ဒါကြောင့် မိုင်းခတ်မြို့နယ်ဆေးရုံအတွက် ခန့်ထားပြီးဖြစ်သည့် လက်ထောက် ဆရာဝန်အား မိုင်းခတ်ဆေးရုံသို့ တာဝန်ထမ်းဆောင်စေရန် စီစဉ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းပါသည်။
ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးကို လတ်တလော ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့တာဝန်ချထား ပါတယ်။ ဒီနေရာအတွက် လစ်လပ်လျက်ရှိတဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတစ်ဦး အမြန်ဆုံး ဖြည့်စွက်ခန့်ထားပေးမှာ ဖြစ်ပါတယ်။ ဒီလိုပဲ လက်ထောက်ဆရာဝန်တစ်ဦးကလည်း တာချီလိတ်မြို့ ပြည်သူ့ဆေးရုံမှာ လိုအပ်ချက်အရတွဲဖက်ပြီးတော့ တာဝန်ပေးထားတဲ့ မိုင်းခတ်မြို့ ပြည်သူ့ဆေးရုံ အင်အားနဲ့ပါ။ အဲဒီတာဝန်ပေးထားတဲ့ဆရာဝန်ကို အမြန်ဆုံးမိုင်းခတ်ပြည်သူ့ဆေးရုံမှာ ပြန်လည် တာဝန်ချထားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားပါသည်။
