ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀-၈-၂၀၁၁)
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ကတ္တရာလမ်း ၂၃၇ လမ်း၊ ကွန်ကရစ်လမ်း၁၄၃ လမ်း၊ မြေသားလမ်း ၆၀၂ လမ်း၊ စုစုပေါင်း ၉၈၂ လမ်းရှိသည့်အနက် ခင်းကျင်းဆဲကွန်ကရစ်လမ်း ၂၉ လမ်းနှင့် လုံးဝမခင်းရသေးသည့် မြေသားလမ်း ၆၀၂ လမ်းတို့သည် အခြေခံလူတန်းစားများအများစု နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ တွင်ရှိကြပြီး ရွှံ့မြေများဖြစ်သဖြင့် မိုးရာသီကာလတွင် ဗွက်ပေါက်ပြီး ရဟန်း ရှင်လူပြည်သူများ၊ သက်ကြီးရွယ်အိုများသွားလာရေးနှင့် နေထိုင်မကောင်းသည့်လူမမာများ ဆေးရုံ၊ ဆေးခန်းများ သွားလာရေးတို့တွင် အခက်အခဲများနှင့်ကြုံတွေ့နေကြရပါတယ်။ ယင်းလမ်းများအား ကွန်ကရစ်လမ်း များအဖြစ်ဆက်လက်ခင်းကျင်းပေးရန်နှင့်စပ်လျဉ်းပြီး ယခုအခါ သက်ဆိုင်ရာမှဆောင်ရွက် ပေးသည်ဟု ကြားသိရပါသဖြင့် ဤမေးခွန်းအား ပြည်သူ့လွှတ်တော်၌သာ မှတ်တမ်းတင်ထားရှိပေးနိုင်ပါရန် တင်ပြပါသည်။
