ကျွန်တော်တင်ပြထားတဲ့ ရွှေ့ပြောင်း တောင်ယာများကို နေရာအတည်တကျစိုက်ပျိုးနိုင်ရန် သတ်မှတ်ပေးနိုင်ပါသလား။ သို့မဟုတ် နုန်းမြေ ဝင်ရောက်မှုနည်းပါးစေရန် မည်ကဲ့သို့ဆောင်ရွက်သင့်ပါသနည်း။ အင်လေးကန်စိမ်းလန်းစိုပြေရေး အတွက် သိလိုခြင်းဖြစ်ပါသည်ဆိုသောမေးခွန်းနှင့်စပ်လျဉ်း၍ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ညနေတွင် အင်းအမျိုးသားရေးရာဝန်ကြီး ညောင်ရွှေမှနေပြည်တော်သို့ရောက်ရှိလာပြီး သစ်တောများ ပြုန်းတီးမှု၊ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှု၊ သဘာဝပတ်ဝန်းကျင်ယိုယွင်းလာမှုများကို ယခုအခါ သစ်တောဦးစီးဌာနအနေဖြင့် အင်းလေးကန်သဘာဝအရင်းအမြစ်များထိန်းသိမ်းကာကွယ်ရေး အရှိန် အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း သိရပါတယ်။ သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ ကမ်းပါးပြိုထိန်းသိမ်းရေးစိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်းများ တည်ထောင်နေကြပြီဖြစ်ကြောင်း ဝမ်းမြောက်စွာသိရှိရပါတယ်။ သို့ဖြစ်ပါ၍ ရွှေ့ပြောင်းတောင်ယာများကို နေရာအတည်တကျစိုက်ပျိုး နိုင်ရန်သတ်မှတ်ပေးနိုင်ပါသလား။ သို့မဟုတ် နုန်းမြေဝင်ရောက်မှုနည်းပါးစေရန် မည်ကဲ့သို့ ဆောင်ရွက်သင့်ပါသနည်း။ အင်လေးကန်စိမ်းလန်းစိုပြေရေးအတွက် သိလိုခြင်းဖြစ်ပါသည်ဆိုသော မေးခွန်းအားပြန်လည်ရုပ်သိမ်းခွင့်ပြုပါရန်နှင့် လွှတ်တော်မှ မှတ်တမ်းတင်ပေးထားပါရန် တင်ပြခဲ့ပါသည်။
[ဦးဝင်းဆွေ(ညောင်ရွှေမဲဆန္ဒနယ်) က ယခုမေးခွန်းအားပြန်ရုပ်သိမ်းခဲ့ပါသည်။]
