(ခ)-ငဝန်တာနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၈-၉-၂၀၁၁)

ငဝန်ရေကာတာ ဟာ လေးမျက်နှာမြို့နယ်အတွင်းမိုင်တိုင်၁၉/ မှ ၃၉/ အထိ၊ ၁၉မိုင်၇ဖာလုံ ဖြတ်သန်းကာရံထားပါ တယ်။ ၎င်းတာကို မှီခိုနေရသော ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၂၆ အုပ်စုရှိပြီး အိမ်ခြေ ၁၀၃၈၇၊ အိမ်ထောင်စု ၁၀၅၉၈ စုနဲ့ လူဦးရေ ၄၆၀၆၉ ယောက်နေထိုင်ကြပါတယ်။ ၎င်းတို့လုပ်ကိုင် စားသောက်သောလယ်မြေနဲ့ အိုးအိမ်ခြံမြေဧကမှာ ၄၁၄၆၂ ဧကရှိပါတယ်။ ဒီနှစ် ငဝန်မြစ်ရေကြီးမှု အရ မိုင်တိုင် ၂၀/ဝမှ ၂၁ အထိ ပေခန့်နိမ့်ကျသွားပါတယ်။ မိုင်တိုင် ၂၂ မှ ၂၃ အထိ ပေခန့် နိမ့်ကျသွားပါတယ်။ နောင်နှစ် မြေထပ်မတင်ရင် ရေကျော်မယ့်အခြေအနေတွင်ရှိနေပါတယ်။ မိုင်တိုင် ၃၈ နဲ့ ၃၉ ကြားဟာ ၂၀၁၀ ခုနှစ်က စက်ဖြင့်ဖို့ထားတဲ့တာဖြစ်ပါတယ်။ ရေကြည်မြို့နယ်နဲ့ ဆက်စပ် နေပါတယ်။ ၎င်းတာအမြင့်ဟာ ဒီနှစ် ငဝန်မြစ်ရေကြီးမှုနဲ့တန်းတူဖြစ်နေတဲ့အတွက် သဲအိတ်များ ပေ ထပ်မြှင့်တင်ထားရပါတယ်။ နှစ်စဉ် ငဝန်မြစ်ရေကြီးပြီဆိုရင် တာအတွင်းနေပြည်သူများစိုးရိမ်ပူပန်မှု ဖြစ်ပွားနေရပါတယ်။ ငဝန်မြစ်ရိုးတစ်လျှောက် ရေကင်း ၄၀ ချထားရပြီး တစ်ကင်းမှာအရပ်သား ဦး နဲ့ တပ်မတော်သား ဦးစီချထားရပါတယ်။ သို့ပါ၍ ငဝန်ရေကာတာခိုင်မာတောင့်တင်းရေးကို မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်
အဖြေ

ဧရာဝတီတိုင်း ဒေသကြီး၊ လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်အစပ်မှာရှိတဲ့ ကုန်းကြီးငဝန်တာနေရာဟာ တာမိုင် ၃၆/ နှင့် ၃၇/ အတွင်းရှိ ကညင်တောင်ပန်းတာနေရာဖြစ်ပါတယ်။ ပန်းတာ၏အလျားမှာ ၁၉၅၀ ပေရှိပြီး ၎င်း၏အရှည် ၄၀၀ ပေခန့်အကွာမှာ မူလကမ်းရင်းတာရှိပါတယ်။ ၂၈--၂၀၁၁ ရက်နေ့ ငဝန်မြစ်ရေ တိုက်စားကမ်းပါးပြိုမှုကြောင့် မူလကမ်းရင်းတာ ၅၀ ပေခန့်မှာ ကမ်းပြိုရာမှာပါဝင်သွားခဲ့ပါတယ်။ ထို့အတွက်ကြောင့် ကမ်းရင်းတာ၊ ပန်းတာကြားမှာ ရေများအထိုက်အလျောက်ဝင်ရောက်ခဲ့ပါတယ်။ ပန်းတာရဲ့အချို့နေရာများမှာ တာနိမ့်ကျမှုများရှိနေသဖြင့် လိုအပ်သောနေရာများမှာ သဲအိတ်များဆင့် ၍ကာကွယ်ထားမှုဆောင်ရွက်ပြီးဖြစ်ပါတယ်။ လာမည့်ပွင့်လင်းရာသီကာလမှာ ကညင်တောင်ပန်းတာ ကို မြေသားဖြင့်ပုံစံတကျအခိုင်အမာ ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်းြဖေကြား အပ်ပါတယ်။ ဧရာဝတီတိုင်းတစ်တိုင်းအတွင်းမှာပင်လျှင် တာမိုင်စုစုပေါင်း ၁၃၄၁.၅၆ မိုင်၊ တာအမြင့် ပေမြှင့်တင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ကျပ်သန်းပေါင်း ၂၇၆၀ သန်းသုံးစွဲကုန်ကျရမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်၏ဘဏ္ဍာငွေဦးစားပေးခွင့်ပြုပေးနိုင်မှု ြခေအနေပေါ်မူတည်၍သာလျှင် တာအားပိုမိုခိုင်ခန့်တည်တံ့ခိုင်မြဲအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မည့် ြခေအနေ ရှိပါတယ်။ ယခုလက်ရှိအနေအထားအရ ငဝန်တာမှာ ရေကြီးအမှတ်ထက် ပေခန့်မြေသား ပိုမိုရှိနေပါကြောင်းတင်ပြလိုပါတယ်။ တာကြံ့ခိုင်ခြင်းလုပ်ငန်းများကိုနှစ်စဉ် ပွင့်လင်းရာသီတွင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လိုအပ်တဲ့နေရာများမှာလည်းပဲ ရေလမ်းကြောင်းဖြောင့်ခြင်း လုပ်ငန်းများ၊ ရေတိုက်စားမှုကာကွယ်သည့်စနစ်များ၊ တာြခေ၊ တာမျက်နှာပြင်ခိုင်ခံ့မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းြဖေကြားအပ်ပါတယ်။