(ဈ)-အင်ငါးခွကျေးရွာသို့ လျှပ်စစ်လိုင်းမှ သွယ်တန်းခွင်‌့နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၁) ရက်မြောက်နေ့ (၂၅-၁၀-၂၀၁၁)

အင်ငါးခွအုပ်စုမှာရှိတဲ့ ကျေးရွာသူ၊ ကျေးရွာသားများမီးလင်းရေးကို သက်ဆိုင်ရာမှကူညီ ဆောင်ရွက် ပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာမှ အိမ်ခြေ ၂၀၀ ကျော်ကို လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ပေါင်းတလည်ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ  ပေါက်ခေါင်းလိုင်းမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅၀၀ ပေနဲ့ ကျေးရွာအတွင်း ၁၁/၀၄ ကေဗွီ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ နှင့် ၄၀၀ ဗို့ဓာတ်အားလိုင်းပေ ၃၀၀၀ ခန့် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကိုတော့ ရန်ပုံငွေ ရရှိလာမှုပေါ် မူတည်ပြီးတော့ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါကျေးရွာမှာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဒေသအာဏာပိုင်တို့ရဲ့ ခွင့်ပြုထောက်ခံချက်ယူပြီး ပြည်သူလူထုရဲ့ ခိုင်ခိုင်မာမာဖွဲ့စည်းထားတဲ့ ကိုယ်‌့အားကိုယ်ကိုး ကျေးရွာမီးလင်းရေးကော်မတီဖွဲ့စည်းပြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှတစ်ဆင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ ကျေးရွာမီးလင်းရေးအတွက် မူဘောင်သတ်မှတ်ချက်များနဲ့ကိုက်ညီတဲ့ ကျေးရွာမီးလင်း ရေးကိုခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်တဲ့နည်းပညာပိုင်းများကိုလည်း ကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း ဖြေကြားပါသည်။