မန္တလေး-လားရှိုးလမ်းမ ပေါ်မှာရှိတဲ့ အုမ္မသီးကျေးရွာမှဟိုခိုကျေးရွာထိ မိုင် ၂၀ ကွာဝေးတဲ့ ကျောက်ကြမ်းလမ်း ၁၄ မိုင်အား ကတ္တရာလမ်းခင်းပေးရန်မေးမြန်းလိုပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မန္တလေး-လားရှိုး လမ်းမပေါ်မှာရှိတဲ့ အုမ္မသီးကျေးရွာမှ သုံးဆယ်ကျေးရွာနှင့် ဟိုခိုကျေးရွာ မိုင်၂၀ အရောက်မှာ အခုအသစ်တည်ဆောက်ဖောက်လုပ်နေတဲ့ ပြင်ဦးလွင်-မိုးကုတ်ကတ္တရာလမ်းမကြီးနှင့် ထိစပ်လျက် ရှိပါတယ်။ အုမ္မသီးကျေးရွာမှ သုံးဆယ်ကျေးရွာသို့ ၆ မိုင် ကတ္တရာလမ်းခင်းပြီးဖြစ်ပါတယ်။ သုံးဆယ်ကျေးရွာမှ ဟိုခိုကျေးရွာသို့ ကျန်ရှိသေးသည့် ၁၄ မိုင်ကွာဝေးသော ကျောက်ကြမ်းလမ်းအား ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တိုးပေးမည်ဆိုပါက ပြင်ဦးလွင်သို့သွားစရာမလိုဘဲ၊ မိုးကုတ်-နောင်ချို-လားရှိုး မော်တော်ကားလမ်းချိတ်ဆက်မိပြီး နယ်ြမေဒေသဖွံ့ဖြိုးရေးကို များစွာအထောက်အကူ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မန္တလေး-လားရှိုးလမ်းမပေါ်ရှိ အုမ္မသီးကျေးရွာမှ မိုင် ၂၀ ကွာဝေးသော ဟိုခိုကျေးရွာအထိ ကျန်ကျောက်ကြမ်းလမ်း ၁၄ မိုင်အား ရာသီမရွေးသွားလာနိုင်ရန်အတွက် ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်ပေးနိုင်ပါသလား၊ အဆင့်မြှင့်ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့် အချိန်တွင်လုပ်ငန်းစတင်မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုးလမ်းပေါ်မှာရှိတဲ့ အုမ္မသီးကျေးရွာကနေ အုမ္မသီး-သုံးဆယ်-ကျို့ပင်-ရတနာသိင်္ဂီ လမ်းပေါ်မှာရှိတဲ့ ဟိုခိုကျေးရွာနဲ့ဆက်စပ်နေတဲ့ အရှည်မိုင် ၂၀ ကွာဝေးတဲ့လမ်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မေလရဲ့ လမ်းအြခေအနေကတော့ ကတ္တရာလမ်း ၇ မိုင်ရှိပါတယ်။ ကျောက်လမ်းဟာ ၁၃ မိုင်ရှိပါတယ်။ ဒါ့ကြောင့်မို့ စုစုပေါင်းမိုင် ၂၀ ဖြစ်ပါတယ်။ ကတ္တရာလမ်း ၇ မိုင်ကိုကြည့်ပြီးတော့ ၁၃ မိုင်ဟာလည်း ကျောက်လမ်းဖြစ်တဲ့အတွက် ရာသီမရွေးသွားလာနိုင်သော လမ်းတစ်လမ်းလည်းဖြစ်ပါ တယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်ကစပြီးတော့ ပြင်ဦးလွင်-မိုးကုတ်လမ်းကို အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအထိ ၆၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါတယ်။ အုမ္မသီး- ဟိုခိုလမ်းမှာ ပြင်ဦးလွင်-မိုးကုတ်လမ်းနဲ့ ဟိုခိုရွာဆုံတဲ့နေရာတစ်ဆက်တစ်စပ်တည်း မန္တလေး-လားရှိုး လမ်းနဲ့တိုက်ရိုက်ရောက်နိုင်တဲ့ လမ်းလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် သာမန်ပြင်ထိန်းရန်ပုံငွေခွဲဝေရရှိတဲ့ ခွင့်ပြုရန်ပုံငွေကအောက်ပါလုပ်ငန်းလုပ်လျက်ရှိပါတယ်-
အဲ့ဒါကတော့ ကျောက်လမ်း ၁၂ ပေကိုကတ္တရာလမ်းမြှင့်တင်ခြင်းက ၇ မိုင်ကနေ ၁၃ မိုင်အထိ ၆ မိုင်ဖြစ်ပါတယ်။ တံတားအမှတ် ၁/၁၃ နှင့် ၂/၁၃ သစ်သားတံတားနှစ်စင်းကို သံကူကွန်ကရစ် တံတားမြှင့်တင်ရန်အတွက် နှစ်စင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကတ္တရာလမ်း အနေနဲ့ ၂၀၁၀-၂၀၁၁မှာ ၇ မိုင်ဖြစ်ပြီးတော့ ၂၀၁၁-၂၀၁၂ မှာဆောင်ရွက်ဆဲ ၆ မိုင်ဖြစ်တယ်။ စုစုပေါင်း ၁၃ မိုင်ကတ္တရာလမ်းတိုးတက်လာမှာဖြစ်ပါတယ်။ ကျန်ကျောက်လမ်း ၇ မိုင်ကိုလည်း ကတ္တရာလမ်းအဆင့်မြှင့် တင်နိုင်ရန်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေနှင့် သာမန်ပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေတောင်းခံပြီး ခွဲဝေရရှိတဲ့ရန်ပုံငွေအခြေအနေအရ အဆင့်တိုးမြှင့် လုပ်ငန်းများ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
