(ဈ)-တောင်ရိုး၊ ဓနုတိုင်းရင်းသားများနေထိုင်ရာ နောင်ချို-တောင်းခမ်း-အင်တော-ကျောက်ဂူ-ရပ်စောက်- တောင်ကြီးမော်တော်ကားလမ်းကို ကားကြီး၊ ကားသေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် ပြုပြင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၂၃-၈-၂၀၁၁)

နောင်ချို-တောင်းခမ်း-အင်တော-ကျောက်ဂူ-ရပ်စောက်-ညောင်ရွှေ-တောင်ကြီးမော်တော်ကားလမ်းဟာ ၁၄၄မိုင် ဝေးသည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို အတိုဆုံးဆက်သွယ်ထားတဲ့ ကားလမ်းဖြစ်ပါတယ်။ ထိုကားလမ်းမှာ ဒုဋ္ဌဝတီမြစ်ကိုဖြတ်သန်းဖောက်လုပ်ထားတဲ့ နာမည်ကျော်ပေ ၁၈၀ အထက် ဒုဋ္ဌဝတီတံတားနောင်ချိုတည်ရှိပါတယ်။ မြန်မာ့ရုပ်မြင်သံကြားမှ မကြာခဏထုတ်လွင့် ပေးနေတဲ့တံတားဖြစ်ပါတယ်။ တံတားတည်‌ဆောက်သည်မှာ ခုနစ်နှစ်ကြာပြီဖြစ်သော်လည်း နောင်ချို မြို့နယ်အပိုင်း၊ နမ့်လန်မြို့နယ်အပိုင်း၊ ရပ်စောက်မြို့နယ်အပိုင်း သုံးပိုင်းဆိုင်ရာကားလမ်းမှာ မတ်စောက်ခြင်း၊ တစ်တောင်ဆစ်ကွေ့များခြင်းကြောင့် လွန်းထိုးများလုပ်ရခြင်း၊ ကားလမ်းကြမ်းတမ်း သည့်အတွက် ၁၀ ဘီး၊ ၁၂ ဘီးယာဉ်ကြီးများသာသွားလာကြပြီး ယာဉ်ငယ်များတွင်ကျယ်စွာအသုံး မပြုနိုင်တာကိုတွေ့ရှိရပါတယ်။ နောင်ချိုမြို့မှ မန္တလေး၊ မိတ္ထီလာ၊ တောင်ကြီးသို့ပတ်လမ်းသွားမည် ထက် မိုင် ၁၁၀ သက်သာမည်ဖြစ်တဲ့လမ်းဖြစ်ပါတယ်။ အဲဒီလမ်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း သုံးမြို့နယ်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်း အတွက် အဓိကကျတဲ့လမ်းမကြီးဖြစ်ပါတယ်။ ဓနုတိုင်းရင်းသားများအနေနဲ့ မျိုးရိုးစဉ်ဆက်ကို ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်မှာ ဓနု-ဓားပြ၊ ဓနု-သူပုန်၊ ဓနု-ဗကပ အဖွဲ့အစည်းရယ်လို့မရှိခဲ့ပါဘူး။ ရိုးသားလုပ်ကိုင်စားသောက်နေထိုင်ကြတဲ့ တိုင်းရင်းသားများဖြစ်ပါတယ်။ သို့အတွက်ကြောင့် တိုးတက် ဖွံ့ဖြိုးမှုနည်းပါးနေတဲ့ တောင်ရိုး-ဓနုတိုင်းရင်းသားများနေထိုင်ရာ နောင်ချို-တောင်းခမ်း-အင်တော- ကျောက်ဂူ-ရပ်စောက်-ညောင်ရွှေ-တောင်ကြီး မော်တော်ကားလမ်းအား ကားကြီး၊ ကားသေး ရာသီမရွေး သွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် ပြုပြင်ပေးနိုင်ရန် အစီအစဉ်ရှိပါသလား။ အစီအစဉ် ရှိမည်ဆို ပါက မည်သည့်အချိန်ကာလတွင်စတင်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်အတွင်း တောင်ပိုင်းနှင့် ြမောက်ပိုင်းအတိုဆုံး ဆက်သွယ်သွားလာနိုင်သည့်လမ်းကြောင်းဖြစ်တဲ့ တောင်ကြီး- ရွှေညောင်- ရပ်စောက်- အင်တော- ကျောက်ဂူ- တောင်းခမ်း- နောင်ချိုလမ်းဖြစ်ပါတယ်။ အရှည် ၁၄၄ မိုင် ၇ ဖာလုံဖြစ်ပါတယ်။ ယခင်က ဒုဋ္ဌဝတီမြစ်ခြားနေတဲ့အတွက် ဆက်သွယ်သွားလာမှု နည်းပါးခဲ့သော်လည်း အရှည် ၄၆၅ ပေရှိ ဒုဋ္ဌဝတီ မြစ်ကူးတံတား(နောင်ချို)ကို ၂၀၀၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်တဲ့အတွက် ယခုအခါ ဆက်သွယ်သွားလာမှုသည် ယခင်ထက်ပိုကောင်းလာပြီဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့နယ် ၃ မြို့နယ်နှင့် ရှမ်းပြည်နယ်‌ြမောက်ပိုင်း၊ နောင်ချိုမြို့နယ် စုစုပေါင်း ၄ မြို့နယ်ကိုဖြတ်သန်းပြီး မန္တလေး- လားရှိုး လမ်းမကြီးနှင့် နောင်ချိုမြို့မှာတွေ့ဆုံတဲ့အပိုင်းဖြစ်ပါတယ်။ ၎င်းလမ်းနှင့်ပတ်သက်၍ နောင်ချိုအတွက် အရေးကြီးတဲ့ အဓိကဆက်သွယ်ရေးလမ်းလည်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မေလရဲ့ လမ်းအ‌ြခေအနေ များကိုတင်ပြရမယ်ဆိုရင် ကတ္တရာလမ်းနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄၉ မိုင်၊ ရှမ်းပြည်နယ်‌ြမောက်ပိုင်းမှာ  ၁၃ မိုင် ၇ ဖာလုံ၊ စုစုပေါင်း ၆၂  မိုင် ၇ ဖာလုံရှိပါတယ်။ ကျောက်လမ်းကတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၅ မိုင် ၃ ဖာလုံ၊  ရှမ်းပြည်နယ်‌ြမောက်ပိုင်းမှာ  ၁၅ မိုင် ၅ ဖာလုံ၊  စုစုပေါင်း ၄၁ မိုင်ရှိပါတယ်။ အမာခံလမ်းကတော့  ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၄၁ မိုင်ရှိပြီး ရှမ်းပြည်နယ်ြမောက်ပိုင်းမှာမရှိပါဘူး။ အားလုံးအမာခံလမ်းဟာ ၄၁ မိုင်ဖြစ်ပါတယ်။ စုစုပေါင်း‌ြပောရင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၁၅ မိုင် ၃ ဖာလုံ၊  ရှမ်းပြည်နယ်‌ြမောက်ပိုင်းမှာ ၂၉ မိုင်နဲ့ ၄ ဖာလုံဖြစ်ပြီး ကတ္တရာလမ်းဟာ ၆၂ မိုင် ၇ ဖာလုံရှိပါတယ်။ ကျောက်လမ်းဟာ ၄၁ မိုင်၊ အမာခံလမ်းဟာ ၄၁ မိုင်၊ စုစုပေါင်းဟာ ၁၄၄ မိုင် ၇ ဖာလုံဖြစ်ပါတယ်။ ဒီလမ်း ၁၄၄ မိုင် နဲ့ ၇ ဖာလုံကို ဒုဋ္ဌဝတီမြစ်ကူးတံတား ၁ မိုင်ကျော်နဲ့ပေါင်းလို့ရှိရင် ၁၄၅ မိုင် ၇ ဖာလုံဖြစ်ပါတယ်။ ၁၁၃ မိုင် နဲ့  ၁၁၈ မိုင်အပိုင်းကတော့ ဒုဋ္ဌဝတီမြစ်ကူးတံတားရဲ့ ချဉ်းကပ်ပိုင်းဖြစ်ပြီးတော့ ကျောက်တောင်တွေကို ဖြတ်သန်းဖောက်လုပ်တာဖြစ်တဲ့အတွက် အတက်အဆင်းအနည်းငယ်မတ်စောက်တာကလွဲပြီး သွားလာ နိုင်တဲ့လမ်းဖြစ်ပါတယ်။ အင်တောမြို့နယ်အပိုင်းမှာလည်း အမာခံလမ်း ၄၁ မိုင်ကျန်သော်လည်း ကျောက်ခင်းအမာခံလမ်းဖြစ်ပါတယ်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ခွဲဝေရန်ပုံငွေအရ အောက်ပါ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်-

လမ်းတံတားသာမန်ထိန်းသိမ်းခြင်းလုပ်ငန်းတွင်  ၁၄၄ မိုင် ၇ ဖာလုံဖြစ်ပါတယ်။ အန္တရာယ် များသော လမ်းကွေ့လမ်းကျဉ်းများအား ၃၄ ပေ ချဲ့ခြင်းဟာ ၆ မိုင် ဖြစ်ပါတယ်။ ကတ္တရာလမ်းဟောင်း အား  အနိမ့်အမြင့်‌ြဖေခြင်း၊ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၂ မိုင်ဖြစ်ပါတယ်။ ကတ္တရာလမ်းလွှာများ ကျောက်ဖြည့်၍ ရေပိတ်လွှာလောင်းခြင်း ၂ မိုင်ဖြစ်ပါတယ်။ ကျောက်လမ်းမှ ၁၂ ပေအကျယ် ကတ္တရာလမ်းအဆင့်တိုးမြှင့်ခြင်းဟာ ၂ မိုင် ၄ ဖာလုံဖြစ်ပါတယ်။ ကျောက်လမ်းပျက်အား ချိုင့်ခွက်များ ဖြည့်၍ အပွန်းခံလွှာတင်ခြင်းဟာ ၂ မိုင်ဖြစ်ပါတယ်။ မိုင်တိုင် ၁၂၈ မိုင်ကနေ ၁၃၂ မိုင်အတွင်းမှာရှိတဲ့ ၅ ပေအကျယ် Box CuLvert တည်ဆောက်ခြင်းက ၃ ခုတည်ဆောက်သွားမှာဖြစ်ပါတယ်။ တံတား အမှတ် ၃/၉၆၊ အရှည် ၁၅ ပေနဲ့ တံတားအမှတ် ၁/၇၂၊ အရှည် ၉၂ ပေများကို သံကူကွန်ကရစ်တံတား အဖြစ်အဆင့်မြှင့်တင်ခြင်းကို နှစ်စင်းလုပ်မှာဖြစ်ပါတယ်။ ၂၅ ပေအရှည်၊ တံတားအမှတ် ၁/၉၀ နဲ့ ၃၀ ပေအရှည်၊ တံတားအမှတ် ၂/၉၀ ပြင်ဆင်ခြင်းဟာ နှစ်စင်းလုပ်မှာဖြစ်ပါတယ်။ ၎င်းတို့ကို ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ လအလိုက်လိုအပ်ချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ စတင် ဆောင်ရွက်လျက်ရှိပါတယ်။

ရွှေညောင်-ရပ်စောက်-ကျောက်ဂူ-အင်တော-နောင်ချို လမ်းဟာ ရာသီမရွေးသွားလာနိုင်မှုလွယ်ကူချောမွေ့စေရေးအတွက် အတက်အဆင်းမတ်စောက် သော်လည်း ဒုဋ္ဌဝတီတံတားချဉ်းကပ်လမ်းကိုနိမ့်ချခြင်း၊ လမ်းကျဉ်းနေရာများကိုပျှမ်းမျှ ၃၄ ပေချဲ့ခြင်း၊ အမာခံလမ်းများကို ကျောက်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဦးစားပေးလျာထားပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တွင်လည်း ငွေလုံးငွေရင်းသာမန်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေတို့ကို တင်ပြတောင်းခံသွားမှာဖြစ်ပြီး ခွဲဝေရရှိသည့်ရန်ပုံငွေအ‌ြခေအနေအရ လုပ်ငန်းဆောင်ရွက်သွားမှာဖြစ် ကြောင်း ဖြေကြားပါသည်။