ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မှာရှိတဲ့ ရွာသာကျေးရွာကနေပြီးတော့ တော်လတီ ကျေးရွာအထိ ၅ မိုင်နဲ့ ၅ ဖာလုံရှိပါတယ်။ တော်လတီကျေးရွာကနေပြီးတော့ မှော်ဘီမြို့နယ်အတွင်းမှာ ရှိတဲ့ ရန်ကုန်-ပြည် မော်တော်ကားလမ်းထိလမ်းမိုင် ၂၃ မိုင်နဲ့ ၅ ဖာလုံရှိပါတယ်။ စုစုပေါင်းလမ်း ၂၉ မိုင်နဲ့ ၂ ဖာလုံရှိတဲ့လမ်းကြီးကို ကတ္တရာ၊ ဂဝံလမ်းအဖြစ်တည်ဆောက်ပေးပြီးတော့ ဒီလမ်းပေါ်မှာ တံတားကြီး ၂ စင်းရှိပါတယ်။ တစ်ခုက ရေပေါ်သောင်တံတားဖြစ်ပြီးတော့ တစ်ခုက လှိုင်မြစ်ကူး တံတား(မြို့ချောင်းတံတား)ဖြစ်ပါတယ်။ ဒီဂဝံလမ်းနဲ့ ဒီတံတားကြီးများကို နိုင်ငံတော်ကနေပြီးတော့ ငွေကုန်ကြေးကျများစွာကုန်ကျခံတည်ဆောက်ပေးပြီးတော့ ၂၀၀၀ ခုနှစ်ကတည်းကဖွင့်လှစ်ပေးပြီး ဖြစ်ပါတယ်။ ၎င်းဂဝံလမ်းကြီးကို ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်ပြီးတော့ ဆောင်ရွက်ပေးနိုင်မှု အစီအစဉ် ရှိ၊ မရှိနဲ့ ဆောင်ရွက်ပေးပါက မည်သည့်ကာလတွင်ဆောင်ရွက်ပေးမည်။ မဆောင်ရွက် ပေးနိုင်ပါက အစီအစဉ်မရှိပါက မဆောင်ရွက်ပေးနိုင်ကြောင်းဖြေကြားပေးနိုင်ရန် မေးမြန်းပါသည်။
တိုက်ကြီးမြို့နယ်၊ ရွာသာယာကျေးရွာ၊ တော်လတီကျေးရွာတို့မှာရှိတဲ့ ၅ မိုင်၊ ၅ ဖာလုံနဲ့ တော်လတီကျေးရွာအနီး ရေပေါ် သောင်တံတားနှင့် မြို့ချောင်းတံတားကိုဖြတ်ပြီး ရန်ကုန်-ပြည်ကားလမ်းနဲ့ဆက်သွယ်တဲ့လမ်းကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းစာရင်းအရ ရေတွင်းကုန်း-မြို့ချောင်း-တော်လတီ-ရွာသာယာလမ်း အမည်ပေါက်ပြီး လမ်းမိုင်က၂၄ မိုင် နဲ့ ၇ ဖာလုံရှိပါတယ်။ ရန်ကုန်-ပြည်လမ်း မိုင်တိုင် ၃၄ မိုင် ၄ ဖာလုံ ရေတွင်းကုန်းကစပြီးတော့ မြို့ချောင်းတံတား၊ ရေပေါ်သောင်တံတားများကိုဖြတ်ပြီး တော်လတီရွာမှ တစ်ဆင့် ဥတို၊ အဖျောက်ကားလမ်းပေါ်မှာရှိတဲ့ ရွာသာယာမှာ အဆုံးသတ်ထားတာဖြစ်ပါတယ်။ မှော်ဘီ၊ ထန်းတပင်၊ တိုက်ကြီးမြို့နယ် သုံးခုကိုဖြတ်သန်းပြီး ဖောက်လုပ်ထားပြီးတော့ ရန်ကုန်-ပြည်လမ်းနဲ့အပြိုင် အတွင်းလမ်းကြောင်းအဖြစ် ဒေသတွင်းမှာအရေးပါတဲ့လမ်းတစ်လမ်းဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေပြီးတော့ ၁၉၉၈ ခုနှစ်မှာ ဒေသတွင်းလမ်းများကို အခြေခံပြီး ဖောက်လုပ်ပေးတဲ့လမ်းဖြစ်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ အရှည်ပေ ၁၉၄၀ ပေရှိတဲ့ မြို့ချောင်း တံတားနဲ့ ရေပေါ်သောင်တံတားနှစ်စင်းကိုလည်း သံကူကွန်ကရစ်တံတားကြီးအဖြစ် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မေလ လမ်းအြခေအနေကိုတင်ပြရမယ်ဆိုလို့ရှိရင် ကတ္တရာ လမ်းက ၃ မိုင် နဲ့ ၂ ဖာလုံ၊ ကျောက်ခင်းလမ်းက ၈ မိုင် နဲ့ ၃ ဖာလုံ၊ ဂဝံလမ်းက ၁၃ မိုင် ၂ ဖာလုံဖြစ်ပြီး လမ်းစုစုပေါင်းဟာ ၂၄ မိုင် ၇ ဖာလုံဖြစ်ပါတယ်။ ဒီလမ်းတစ်လျှောက်လုံးဟာဆိုရင် အဓိကအားဖြင့် စိုက်ပျိုးြမေများကို ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်တဲ့အတွက် ချောင်းငယ်၊ မြောင်းငယ်ပေါများခြင်း၊ ရေဝပ်ဒေသများခြင်း၊ မိုးရွာသွန်းမှုမိုးရေချိန်ပမာဏများပြားခြင်းတို့ကြောင့် ဂဝံအမာခံလမ်းဟာ ခံနိုင် ရည်စွမ်းအားများကျဆင်းပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် သာမန်ပြင်ဆင်ထိန်းသိမ်းခွဲဝေရရှိတဲ့ ရန်ပုံငွေအရ ယခုဆောင်ရွက်နေတာဆိုရင် ၁ မိုင် ၃ ဖာလုံကနေပြီးတော့ ၂ မိုင် ၃ ဖာလုံအထိ ကတ္တရာလမ်းသစ်ခင်းခြင်းဟာ ၁ မိုင်ရှိပါတယ်။ ပြည်လမ်းမှ မြို့ချောင်းတံတားအထိ ကတ္တရာလမ်း တစ်ဆက်တစ်စပ်တည်း ဖြစ်ပါတယ်။ နောက် ကျောက်လမ်းပျက်အားထိန်းသိမ်းခြင်း ၈ မိုင် ၃ ဖာလုံ ဖြစ်ပါတယ်။ ဂဝံလမ်းပြုပြင်ခြင်း ၄ မိုင် ၅ ဖာလုံဖြစ်ပါတယ်။ ပျက်စီးနေတဲ့သစ်သားတံတားများအား ယက်မ၊ ကြမ်းခင်း၊ ဘီးလမ်းများလဲလှယ်ခြင်းက ၁၇ စင်းလုပ်ပေးမှာဖြစ်ပါတယ်။ ဘောလယ်မြစ်ကူး တံတား၊ ရေပေါ်သောင်ချဉ်းကပ်လမ်း နိမ့်ကျမှုကာကွယ်ခြင်းကတစ်ခုရှိပါတယ်။ တော်လတီစံပြ ကျေးရွာအတွင်း အုတ်စီရေမြောင်းပြုလုပ်ခြင်း ၂ ြမောင်း ဆောင်ရွက်မှာဖြစ်ပါတယ်။ စတဲ့လုပ်ငန်းများ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှစတင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ရွာသာယာ-တော်လတီ-ရေပေါ်သောင်-မြို့ချောင်းသို့ သွားသောကားလမ်းမှာ ဂဝံကျောက်ခင်းလမ်းဖြစ်ပြီး ရာသီမရွေးသွားလာနိုင်ရန်အတွက် ပထမအဆင့် ဂဝံလမ်းများကို အမာခံကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်နိုင်ရန်နှင့် ၎င်းလမ်းပေါ်ရှိ သစ်သား တံတားများကို သံကူကွန်ကရစ်တံတားများအဖြစ် အဆင့်မြှင့် တင်နိုင်ရန်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းရန်ပုံငွေနှင့် တိုင်းဒေသကြီးသာမန်ပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေတို့တွင် လျာထားတင်ပြ၍ ရန်ပုံငွေရရှိမှုအြခေအနေအရ အဆင့်မြှင့်တင်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။
