(စ)-ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံခုတင်(၅၀)ဆံ့အား ခုတင်(၁၀၀)ဆံ့ ဆေးရုံအဖြစ် တိုးချဲ့မြင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၃.၈.၂၀၁၈)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ကျောင်းကုန်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို ၁၀-၂-၁၉၁၃ ရက်နေ့ တွင် ၁၆ ခုတင်ဆံ့မြို့နယ်ဆေးရုံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၂ ခုနှစ် ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် လည်းကောင်း၊ ၁၃-၆-၂၀၁၄ ရက်နေ့တွင် ၅၀ ခုတင်ဆံ့ဆေးရုံအဖြစ်လည်းကောင်း တိုးချဲ့၍ ဖွင့်လှစ် ရရှိခဲ့ပါကြောင်း၊ ကျောင်းကုန်းမြို့နယ် ရပ်ကွက် (၃) ခု၊ ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာခွဲပေါင်း ၄၁၇ ရွာရှိပြီး မြို့နယ်စုစုပေါင်း လူဦးရေ ၁၀၇၉၆၂ ဦးရှိပြီး ကျေးလက်လူဦးရေတွင်  ၁၅၆၉၃၄ ဦး ရှိပါကြောင်း၊ ဆေးရုံခွင့်ပြုခုတင်အရေအတွက် ၅၀ ခုတင်ဖြစ်သော်လည်း ဆေးရုံတွင် အသုံးပြုခုတင် အရေအတွက်မှာ ၈၅ ခုတင်ဖြစ်ပါကြောင်း၊ ထားရှိအသုံးပြုနိုင်သော ခုတင်အရေအတွက်မှာ ၁၂၀ ခုတင် ထားရှိနိုင်ပါကြောင်း၊ ၂၀၁၇ ခုနှစ် အတွင်း လူနာဦးရေမှာ ၇၃၀၈ ဦးဖြစ်ပြီး ပြင်ပလူနာဦးရေမှာ ၆၉၆၃ ဦး ရှိပါကြောင်း၊ မွေးလူနာဦးရေမှာ ၁၅၆၃ ဦးဖြစ်ပြီး ခွဲစိပ်လူနာဦးရေမှာ ၈၉၃ ဦးဖြစ်ပါကြောင်း၊ တစ်နေ့ပျမ်းမျှအတွင်း လူနာဦးရေမှာ ၈၅ ဦးဖြစ်ပြီး တစ်နှစ်ပျမ်းမျှပြင်ပ လူနာဦးရေမှာ ၂၉ ဦးရှိပြီး ဆေးရုံခွင့်ပြုခုတင်၏ အသုံးပြုမှုရာခိုင်နှုန်းမှာ ၁၇၀ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ကျောင်းကုန်းမြို့သည် ပုသိမ်-ရန်ကုန် ကားလမ်းမကြီးဘေးရှိ မြို့နယ်ဖြစ်ပြီး ယာဉ်မတော်တဆ တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်ပြီး ဆေးရုံသို့ရောက်ရှိကြသည့် အရေးပေါ်လူနာများအား ပုသိမ်မြို့နှင့် ရန်ကုန်ဆေးရုံကြီး များသို့လွှဲအပ်စေလွှတ် ခဲ့ရပါကြောင်း၊ အလားတူ မြို့နယ်အတွင်းရှိ အရေးပေါ်လူနာများကိုလည်း ပုသိမ်နှင့်ရန်ကုန် ဆေးရုံကြီးများသို့ လွှဲအပ်ခဲ့သည်များ ရှိပါကြောင်း၊ ခုတင် ၅၀ ဆံ့အားခုတင် ၁၀၀ အဖြစ် အဆင့်မြှင့်တင်ပေးနိုင်ပါက အရေးပေါ်လူနာများလည်း ကုသနိုင်မည် ဖြစ်ပါကြောင်း၊ အားကစားကွင်း မြေနေရာမြေနှစ်ဧကကိုလည်း ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ် နိုင်ရေးကို စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါမြေပေါ်တွင်လည်း လိုအပ်သည့် အဆောက်အဦများကို ဆောက်လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ ကုသ ဆောင်ရွက်ချက်များကြောင့် ၂၀၁၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်ဆေးရုံ စွမ်းဆောင်ရည် အကောင်းဆုံးဆု၊ စံပြမြို့နယ်ဆေးရုံဆုကိုလည်း ရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံ ခုတင် ၅၀ ဆံ့အား ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ် တိုးချဲ့မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျောင်းကုန်းမြို့နယ်သည် ပထမဆုံးက ၂၅ ခုတင်ကနေပြီး ၂၀၁၄ ခုနှစ်တွင် ခုတင် ၅၀ ဖြစ်သွားပါကြောင်း၊ မိမိအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ခုတင် ၅၀ ဖြစ်သည့်အချိန်မှ ယခုအချိန်အထိ ဆေးရုံခုတင် အသုံးပြုမှုကို ကြည့်သည့်အခါ ၂၀၁၄ ခုနှစ်တွင် ၁၃၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၁၆၇ ရာခိုင်နှုန်း၊ ၂၀၁၆ ခုနှစ်တွင် ၁၇၇ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၁၇၀ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ် လပိုင်းတွင် ၁၆၂ ရာခိုင်နှုန်း ရှိသည့်အတွက် မိမိ၏ Criteria နှင့် သွားညီသည်ကို တွေ့ရှိရပါကြောင်း၊ ပျမ်းမျှခြင်းအားဖြင့် ၁၆၂.၅ ရာခိုင်နှုန်း ရှိသည်ဆိုသည်မှာလည်း တွေ့ရှိရသည့်အတွက် ပေးရန်အစီအစဉ် ရှို့သော်လည်း တစ်ခုတင်ပြချင်သည်မှာ လောလောဆယ်ခုတင် ၅၀ ဆံ့ဆေးရုံတွင် ဝန်ထမ်း ၈၁ ယောက်မှာ ၄၂ ယောက်က ကျွမ်းကျင်၊ အကုန်လုံးမခန့်နိုင်သေးပါကြောင်း၊ ဆရာဝန်များနှင့် ခုနစ်ယောက်မှာ နှစ်ယောက်သာခန့် နိုင်ပါကြောင်း၊ မြို့နယ်ကျန်းမာရေးမှူးလည်း မရှိသေးပါကြောင်း၊ သို့သော်လည်း မကြာခင်ကာလတွင် အစိုးရအဖွဲ့လည်း သဘောတူပြီး ဆရာဝန် ၂၀၀၀ ကို ခေါ်ရန် ရှိပါကြောင်း၊ လာမည့်နှစ်ပတ်၊ သုံးပတ်ခန့်အတွင်း ဗဟိုကနေပြီး ထွက်လာသည့် ဆရာဝန်များ၊ Experience ရသည့် ဆရာဝန်များ အနည်းဆုံးတစ်ယောက်အထက် ပို့ပေးမည်၊ နောက်တစ်ချက်က ခုတင် ၁၀၀ လုပ်မည်ဆိုလျှင် အထူးကုကိုးမျိုးခန့် ကျောင်းကုန်းက ရရှိမည် ဖြစ်ပါကြောင်း၊  ၎င်းကိစ္စနှင်‌့ပတ်သက်၍ နှစ်စဉ်နှစ်စဉ် အထူးကုများ၊ Post Graduate များ ခေါ်နေပါကြောင်း၊ ထို့ကြောင့် မိမိတင်ပြလိုသည်မှာ ၁၀၀ ပေးသော်ငြားလည်း ချက်ချင်း ၁၀၀ ပေးသည့်နေ့တွင် အထူးကုကိုးမျိုးလုံးရရှိရန် မလွယ်ပါကြောင်း၊ အဆင့်လိုက်အဆင့်လိုက် Step by၊ Face by နှင့် ပေးမည်ဟု ပြောကြားပါကြောင်း၊ မိမိအနေဖြင့်လည်း ပေးသင့်သည့် ဆေးရုံလည်း ဖြစ်ပါကြောင်း၊ ၁၀၀ ကို ပေးခြင်းအားဖြင့် ဆေးရုံကြီးများကိုသွားသည့် လူနာဦးရေလည်း နည်းသွားမည် ဖြစ်သည့်အတွက် ၁၀၀ ခုတင်ကို ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။