(င)-သီလ၀ အားကစားခန်းမကြီးအားမြို့နယ် စည်ပင်သာယာ အဖွဲ့သို့ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁.၈.၂၀၁၃)

ဦးဘိုနီ (ရမည်းသင်း) ရမည်းသင်းမြို့ သီလဝအားကစားခန်းမကြီးသည် မြို့နယ်လူထု ထည့်ဝင်ငွေများဖြင့် စည်ပင်သာယာရေး အဖွဲ့ပိုင်မြေပေါ်တွင် တည်ဆောက်ခဲ့ရာ မြို့၏ဗဟိုအချက်အချာကျသည့် နေရာတွင်တည်ရှိပြီး ၁၉၉၀ ခုနှစ် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် မြို့နယ် အားကစားခန်းမကြီးအဖြစ် ပြောင်းလဲ၍  မင်္ဂလာခန်းမအဖြစ် လည်းကောင်း၊ နိုင်ငံတော် အခမ်းအနားများ အဖြစ်လည်းကောင်း သုံးစွဲ၍ လစဉ်ဝင်ငွေကို မြို့နယ်အားကစားလှုပ်ရှားမှုများတွင် သုံးစွဲခဲ့ပါကြောင်း၊ အဆိုပါ အားကစားခန်းမကြီးအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ၁၉၉၀ ခုနှစ် နောက်ပိုင်းစတင်၍ ပြုပြင်ထိန်းသိမ်းခြင်း အားနည်းမှုကြောင့် ပျက်စီးစပြုနေပြီ ဖြစ်ပါကြောင်း၊ ရမည်းသင်းမြို့အနေဖြင့် လူမှုရေးလုပ်ငန်းများ တွင် ထင်ထင်ရှားရှား ခန်းမအဖြစ် ယခုသီလဝ အားကစားခန်းမ တစ်ခုတည်းသာရှိရာ ပျက်စီးယိုယွင်းစ ပြုနေချိန်တွင် မပြုပြင်ဘဲထားပါက ပိုမို ပျက်စီးမည် ဖြစ်၍လည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ပြုပြင်ပါက ရရှိနိုင်သည့် အနေအထား ရှိသည့်အတွက် လည်ကောင်း၊ အဆိုပါ အားကစား ခန်းမကြီးကို ရမည်းသင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပါကြောင်း၊ ထို့ကြောင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသော သီလဝ အားကစားခန်းမကြီးအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်
အဖြေ

အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်