(င)-နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် နာမည်ဖြည့်စွက်ခြင်းနှင့် နာမည်ပြောင်းခြင်း ကိစ္စရပ်များကို ဆောင်ရွက် ပေးခြင်းနှင့် ဆောင်ရွက်ရာတွင် မည်သည်‌့ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ အထောက်အထား များဖြင့် ဆောင်ရွက်ပေးနေသည်၊ ဌာနအဆင့်ဆင့်သို့ တင်ပြထားသော်လည်း အ

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၅.၇.၂၀၁၃)

မြန်မာနိုင်ငံ၏ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်လာသည်မှာ ယခုဆိုရင် ၂ နှစ်ခွဲနီးပါးရှိပါပြီ။ ယခုအချိန်မှာ ပြည်သူလူထုအနေဖြင့် လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်သော လူမှုစီးပွားဘဝကို မျှော်လင့်နေပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုအစဉ်တိုးတက်လာတာကို မြင်ချင်နေကြပါတယ်။ နိုင်ငံတော်အစိုးရသည်လည်း ပြည်သူလူ ထု၏ ဆန္ဒသဘောထားကို အလေးထားပြီးအရာအားလုံး ဥပဒေနှင့်အညီ ကြိုးစားပြီး ဆောင်ရွက် ပေးနေသည်ကို မြင်တွေ့နေရပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးဆောင်မှုဖြင့် နိုင်ငံသားများအားလုံးကို နိုင်ငံသားစိစစ်ရေးကတ်များ အမြန်ဆုံးရရှိရေးအတွက် ‌ွဖေလျှော့သောနည်းမျိုးစုံကို အသုံးပြုကာ တစ်နိုင်ငံလုံးကွင်းဆင်းပြီး ပွင့်လင်းမြင်သာစွာဖြင့် One Stop Service စနစ်ကို အသုံးပြု၍ လျင်မြန်စွာဆောင်ရွက်ပေးနေသည်ကို တွေ့မြင်နေရပါသည်။ ဤကဲ့သို့ဆောင်ရွက်နေခြင်းကြောင့် နိုင်ငံသားများအားလုံး နိုင်ငံတော်အစိုးရအား အထူးကျေးဇူးတင်ရှိ ကြောင်း၊ အားထားယုံကြည်မှုပိုမိုတိုးပွားလာကြောင်း မြင်တွေ့နေရပါတယ်။

          ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားများအပါအဝင် တခြားသော တိုင်းရင်းသားများသည် ကျောင်းစတင်အပ်သည့်နေ့ရက်တွင် မိမိ၏နေ့နံနှင့် မကိုက်ညီသော လွယ်ကူ မြန်ဆန်သော၊ ဖြစ်သလိုပေးထားသော နာမြည်ဖင်‌့ ကောက်ထည့်ပြီး ကျောင်းအပ်နှံလေ့ရှိသည်ကို မြင်တွေ့နေရပါသည်။ ထို့ကြောင့်လည်း အသက်ကြီးလာတဲ့အခါ ထိုနာမည်ဖြင့် အသုံးပြုတတ်လာကြ ပါတယ်။ ထိုနာမည်ကို နေ့နံနှင့် ကိုက်ညီပြီးခေတ်နှင့်လျော်ညီသော နာမည်ဖြည်‌့စွက်ခြင်း သို့မဟုတ် နာမည်ပြောင်းခြင်းများ ပြုလုပ်လိုကြပါတယ်ခင်ဗျား။ ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင့် နိုင်ငံသား စိစစ်ရေးကတ်မှာလည်း နာမည်ဖြည့်စွက်ခြင်းနှင့် နာမည်ပြောင်းခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်ရာမှာ ဖြေလျော့သောနည်းဖြင့် လျင်မြန်စွာဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ အောက်ပါမေးခွန်းများကို မေးမြန်းအပ်ပါတယ်ခင်ဗျား။ (က) နိုင်ငံသားစိစစ်ရေးကတ်တွင် နာမည်ဖြည့် စွက်ခြင်းနှင့် နာမည်ပြောင်းခြင်းကိစ္စရပ်များကို ဆောင်ရွက်ပေးရန်ရှိ/မရှိ သိရှိလိုပါတယ်။ (ခ)  နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် နာမည်ဖြည့်စွက်ခြင်းနှင့် နာမည်ပြောင်းခြင်းကိစ္စရပ်များကို ဆောင်ရွက်ရာတွင် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်အထောက်အထားများဖြင့် ဆောင်ရွက်ပေးနေသည်ကို အသေးစိတ်သိရှိလိုပါတယ်။ (ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် နာမည်ဖြည့်စွက်ခြင်းနှင့် နာမည်ပြောင်းခြင်းကိစ္စရပ်များ ဆောင်ရွက်ပေးရန်အတွက် ပြည်သူလူထုများ သည် သက်ဆိုင်ရာဌာနအဆင့်ဆင့်သို့ တင်ပြထားပါသော်လည်း အဘယ်ကြောင့်ဆောင်ရွက်ပေးခြင်း မရှိပါသနည်း။ မြန်ဆန်လွယ်ကူသက်သာစေသော ဖြေလျှော့သည့်စနစ်ရှိ/မရှိ သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

 နိုင်ငံသား စိစစ်ရေးကတ်ပြားတွင် အမည်ဖြည့်စွက်ခြင်းနှင့် အမည်ပြောင်းခြင်းကိစ္စရပ်များကို ဆောင်ရွက်ပေး ခြင်းရှိ/မရှိဆိုသည့်မေးခွန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးကိုယ်စား ကျွန်တော်ကပြန်လည်ရှင်း လင်း‌ွဖေကြားသွားမှာဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားမှာ အမည်ဖြည့်စွက်ခြင်းအား လက်ရှိ တွင်သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အမည် ပြောင်းလဲခြင်းအား ဆောင်ရွက်ပေးခြင်းမရှိပါ။ မူလအမည်အား ပယ်ဖျက်ပြောင်းလဲခြင်းမရှိဘဲ ထပ်မံပြောင်းလဲလိုသည့် အမည်ကို ဖြည့်စွက်ပေးရခြင်းမှာ မှတ်တမ်းတင်ထားသောမူလအမည်အား ပြောင်းလဲခြင်းဖြင့် မသမာမှုများနှင့် ဒုစရိုက်သမားများမှ မိမိအမည်မှန်ကို ဖုံးကွယ်၍ အခြားအမည်သစ်ဖြင့် မမှန်မကန်ဆောင်ရွက်လိုခြင်းနှင့် ပြစ်မှုကျူးလွန်သူမှ နောက်ကြောင်း ရာဇဝင်များပြောင်းလဲဖော်ပြခြင်း စသည့်ကိစ္စရပ်များနှင့် မူလအမည်နှင့် ပတ်သက်သောအခြား ကိစ္စရပ်များတွင် အကျိုးသက်ရောက်မှုများ မဖြစ်ပေါ်စေရေးအတွက် မူလအမည်အား လုံးဝပြောင်းလဲ ခြင်းမရှိဘဲ အမည်သာ ဖြည့်စွက်ခွင့်ပြုထားခြင်းဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံသားစိစစ်ရေး ကတ်ပြားတွင် အမည်ဖြည့်စွက်ခွင့်နှင့် အမည်ပြောင်းလဲခြင်းကိစ္စရပ်များ ဆောင်ရွက်ရာမှာ မည်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်အထောက်အထားများဖြင့် ဆောင်ရွက်ပေးသည်ကို အသေး စိတ်သိလိုကြောင်း မေးမြန်းချက်နှင့်ပတ်သက်ပြီးတော့မှ ဆက်လက်ဖြေကြားသွားမှာဖြစ်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အမည်ဖြည့်စွက်ခြင်းဆောင်ရွက်ရာတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်သည့်အခါတွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအကြောင်းအရာများကို ပုံစံ နိုင်-၂ တွင် အသက်အပိုင်းအခြားအလိုက် မှတ်တမ်းတင်ထားရှိရပါတယ်။ အဆိုပါ ကိုယ်ရေး အကြောင်းအရာမှာ အကြောင်းအမျိုးမျိုးတို့ကြောင့် ပြောင်းလဲရန်လိုအပ်လာပါက ပြောင်းလဲ လိုသည့် အကြောင်းအရာ၏ အရေးကြီးမှု၊ အရေးပါမှုအပေါ်မူတည်၍ ဦးစီးဌာနရုံးချုပ်၏ ဆုံးဖြတ်ချက် ရယူဆောင်ရွက်သွားရမည့် အကြောင်းအရာ၊ ပြည်နယ်/တိုင်းဒေသကြီး ဦးစီးဌာနမှူးရုံး၏ ဆုံးဖြတ်ချက်ရယူဆောင်ရွက်ရမည့် အကြောင်းအရာနှင့် မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဆုံးဖြတ်ဆောင်ရွက် ပေးရမည့် အကြောင်းအရာဟူ၍ ခွဲခြားသတ်မှတ်ကာ ဦးစီးဌာနရုံးချုပ်၏ ၂၂-၁-၁၉၉၀ ရက်စွဲပါ စာအမှတ်၊ ၁၀၂/မ-၆(နငသ-၄) ၀၀၈၁၉/အမတ ဖြင့် ပြည်နယ်/တိုင်းဒေသကြီး ဦးစီးဌာနမှူးအားလုံး နှင့် ခရိုင်၊ မြို့နယ်ဦးစီးဌာနမှူးအားလုံးတို့ အသေးစိတ်ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။ ဦးစီးဌာန ရုံးချုပ်၏ခွင့်ပြုချက်ရယူပြီး ပြောင်းလဲပေးရမည့် အကြောင်းအရာ စုစုပေါင်း ၇ ချက်ရှိပါတယ်-

          (၁)     အမည်ပြောင်းလဲခြင်း၊ အမည်ဖြည့်စွက်ခြင်း၊

          (၂)     မိဘ/ဘိုးဘွားအမည်ပြောင်းခြင်း၊

          (၃)     မွေးသက္ကရာဇ်၊ ရက်၊ လ၊ ခုနှစ်ပြောင်းခြင်း၊

          (၄)     မွေးရပ်ဒေသပြောင်းခြင်း၊

          (၅)     လူမျိုးပြောင်းခြင်း၊

          (၆)     နိုင်ငံသားပြောင်းခြင်း၊

          (၇)     လိင်ပြောင်းခြင်း တို့ပဲဖြစ်ပါတယ်။

          ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၏ ခွင့်ပြုချက်ရယူပြီးမှ ပြောင်းလဲရမည့်အချက် ၂ ချက်ကတော့-

          (၁)     ကိုးကွယ်သည့်ဘာသာပြောင်းခြင်းနှင့်

          (၂)     အိမ်ထောင်ရေးအခြေအနေပြောင်းခြင်းတို့ပဲဖြစ်ပါတယ်။

          မြို့နယ်ဦးစီးဌာနမှူးရုံးအနေဖြင့် ဆုံးဖြတ်ပြောင်းလဲပေးရမည့် အကြောင်းအရာ ၅ ချက်ရှိ ပါတယ်-

          (၁)     နေရပ်လိပ်စာပြောင်းလဲခြင်း၊

          (၂)     ပညာအရည်အချင်းပြောင်းလဲခြင်း၊

          (၃)     အလုပ်အကိုင်ပြောင်းလဲခြင်း၊

          (၄)     သားသမီးအမည်ဖြည့်စွက်ခြင်း၊

          (၅)     အခြားအကြောင်းအရာများဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းတို့ပဲဖြစ်ပါတယ်။

          အမည်ဖြည့်စွက်ခြင်းအပါအဝင် နိုင်ငံသားတစ်ဦးချင်း ကိုယ်ရေးမှတ်တမ်းပုံစံ နိုင်-၂ ပါ အကြောင်းအရာများပြောင်းလဲပေးရန်ကိစ္စ ပေါ်ပေါက်လာပါက အသုံးပြုရန်သတ်မှတ်ထားသော ပုံစံ နငသ-၉၀/၁ တွင် ပြည့်စုံစွာဖြည့်စွက်ရပါမည်။ အမည်ဖြည့်စွက် ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ မိမိ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခဲ့သည့် မြို့နယ်ရုံးတွင် လျှောက်ထားပါက ပုံစံ နငသ- ၉၀/၁ နှစ်စောင်ဖြင့်လည်းကောင်း၊ မိမိရောက်ရှိနေထိုင်ရာ အခြားမြို့နယ်တွင် လျှောက်ထားပါက ပုံစံ နငသ-၉၀/၁ သုံးစောင်ဖြင့်လည်းကောင်း လျှောက်ထားရမည်ဖြစ်ပြီး အဆိုပါပုံစံများအပြင် အောက်ဖော်ပြပါ အထောက်အထား ၈ ချက်ကိုလည်းတင်ပြရန်လိုအပ်မှာဖြစ်ပါတယ်-

          (၁)     မိဘ/အုပ်ထိန်းသူ၏လျှောက်လွှာ သို့မဟုတ် ကာယကံရှင်၏လျှောက်လွှာ၊

          (၂)     စာမေးပွဲအောင်လက်မှတ်မိတ္တူ၊

          (၃)     အမှုထမ်းဖြစ်လျှင် အမှုထမ်းသက်စာအုပ် ပထမစာမျက်နှာမိတ္တူနှင့် ဌာနဆိုင်ရာအကြီး အကဲ၏ထောက်ခံချက်၊

          (၄)     ကျောင်းသားဖြစ်လျှင်ကျောင်းအုပ်ဆရာကြီး သို့မဟုတ် မော်ကွန်းထိန်း၏ ထောက်ခံချက်၊

          (၅)     သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊

          (၆)     အသက် ၁၈ နှစ်မပြည့်သေးသူဖြစ်ပါက မိဘအုပ်ထိန်းသူ၏ ထောက်ခံချက်၊

          (၇)     နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနှင့်

          (၈)     ကာယကံရှင်၏အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ တို့ပဲဖြစ်ပါတယ်။

          အမည်ဖြည့်စွက်ပြင်ဆင်ပေးရန် လျှောက်ထားရာတွင် ကျန်းမာရေးအရလည်းကောင်း၊ ဗေဒင် ကိန်းဂဏန်းအရလည်းကောင်း ဖြည့်စွက်ပြင်ဆင်ပေးရန် လျှောက်ထားခြင်းအား သတ်မှတ်မူဘောင် နှင့်ကိုက်ညီခြင်းမရှိသဖြင့် ယင်းသို့လျှောက်ထားပါက ဦးစီးဌာနရုံးချုပ်သို့ ဆက်လက်တင်ပြခြင်း     မပြုရန် ပြည်နယ်/တိုင်းဒေသကြီးအားလုံးနှင့် ခရိုင်၊ မြို့နယ်ဦးစီးဌာနမှူးအားလုံးသို့ ၃၁-၈-၁၉၉၀ ရက်စွဲပါစာအမှတ်၊ ၁၀၂/မ-၆(နငသ-၄) ၀၅၇၉၆/အမတဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားရှိပါတယ်။ ဆိုလိုသည်မှာ ကျန်းမာရေးအရလည်းကောင်း၊ ဗေဒင် ကိန်းဂဏန်းအရလည်းကောင်း အယူသီးမှုများ နှင့်ပတ်သက်၍ ဆောင်ရွက်မပေးခြင်းဘဲဖြစ်ပါတယ်။ အမည်ဖြည့်စွက်ပြင်ဆင်ခြင်းမှာ အမည်ကြောင့် အခက်အခဲဖြစ်နေသည့် ကျောင်းသူကျောင်းသားများ၏ ပညာရေးနှင့်ပတ်သက်သော အခက်အခဲမဖြစ် စေရေးနှင့် ဝန်ထမ်းများ၏ အမည်ကွဲလွဲမှုကြောင့် ပင်စင်အခက်အခဲပြဿနာများနှင့် အခြား အခက်အခဲများ ဖြစ်နေသည့်ပြဿနာများအား အဓိကရည်ရွယ်၍ ‌ွဖေရှင်းနိုင်ရန် ဆောင်ရွက်ပေး ခြင်းပဲဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံသားစိစစ်ရေးကတ် ပြားတွင် အမြည်ဖည့်စွက်ပြင်ဆင်ခြင်းနှင့် အမည်ပြောင်းခြင်းကိစ္စရပ်များအား သက်ဆိုင်ရာဌာန အသီးသီးသို့ တင်ပြထားသော်လည်း အဘယ်ကြောင့်ဆောင်ရွက်ပေးခြင်း ရှိ/မရှိဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဖြေကြားမှာဖြစ်ပါတယ်-

          (က)    နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အမြည်ဖည့်စွက်ပြင်ဆင်ခြင်းအား သတ်မှတ်မူဘောင် များနှင့် သတ်မှတ်ညွှန်ကြားချက်များနှင့် ကိုက်ညီပါက သက်ဆိုင်ရာမြို့နယ်၊ ပြည်နယ်နှင့် တိုင်း/ဒေသကြီးဦးစီးဌာနမှူးများ၏ အဆင့်ဆင့်စိစစ်ထောက်ခံချက်ဖြင့် ဦးစီးဌာန ရုံးချုပ်မှ ခွင့်ပြုပေးလျက်ရှိပါတယ်။ နိုင်ငံသားကိုယ်ရေးမှတ်တမ်းပုံစံ နိုင်-၂ တွင်ပါ ရှိသော နိုင်ငံသားကိုယ်ရေးအကြောင်းအရာများအနက် အမည်သည် အရေးကြီးသော ကိုယ်ရေးအကြောင်းအရာဖြစ်၍ မူလမှတ်တမ်းတင်ထားသည့်အတိုင်း ပြောင်းလဲခြင်း မရှိစေဘဲ အမြည်ဖည့်စွက်ခြင်းကိုသာ အဆင့်ဆင့်စိစစ်မှန်ကန်ပါက ဦးစီးဌာနရုံးချုပ်မှ ခွင့်ပြုပေးခြင်းဖြစ်ပါ၍ လက်ရှိကျင့်သုံးနေသော မူဘောင်ညွှန်ကြား ချက်များအတိုင်းသာ ဆောင်ရွက်ပေးနိုင်ပါကြောင်းနှင့် သေချာစွာ စိစစ်ဆောင်ရွက်ရသော ကိစ္စဖြစ်၍ လတ်တလောတွင် အမြည်ဖည့်စွြက်ခင်းအား ဖြေလျှော့ဆောင်ရွက်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားအပ်ပါတယ်။

          (ခ)     ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော အစိုးရအဖွဲ့သစ် ကာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်များမှ အမည်ဖြည့်စွက်ခွင့် တင်ပြလာသောအမှုပေါင်း ၁၅ မှုရှိသည့်အနက် ၁၂ မှုအား အမြည်ဖည့်စွက်ခွင့်ပြုခဲ့ပြီး စိစစ်ဆောင်ရွက်ဆဲ ၃ မှု ရှိပါတယ်။

          (ဂ)     အခြားမြို့နယ်များအနက် သိန္နီမြို့နယ်မှ အမည်ဖြည့်စွက်ခွင့် လျှောက်ထားမှု ၁ မှု သာရှိပြီး သက်မှတ်ချက်များနှင့်အညီ ပြည့်စုံစေရန် သက်ဆိုင်ရာပြည်နယ်သို့ လိုအပ်ချက် များတောင်းခံညွှန်ကြားစိစစ်ဆောင်ရွက်ဆဲဖြစ်ပါတယ်။

          သို့ဖြစ်ပါ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အမြည်ဖည့်စွက်ခွင့်  လျှောက်ထားသောကိစ္စရပ် များအား ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခဲ့သော ၁၉၉၀ ခုနှစ်ကစ၍ ညွှန်ကြားချက်ထုတ်ပြန်ကာ ညွှန်ကြားချက်ပါသတ် မှတ်ချက်များနှင့်အညီ စိစစ်ပြီး မှန်ကန်ပါက ဦးစီးဌာနရုံးချုပ်မှ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြား ပါသည်။