၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ နည်းဥပဒေ ၄၈ နည်းဥပဒေခွဲ(ခ) အရ လယ်ယာမြေပိုင်ဆိုင်ခွင့်ကိုပေါင်နှံခြင်းပြုရာတွင် အစိုးရဘဏ် သို့မဟုတ် အစိုးရသတ်မှတ်ထား သောဘဏ်တစ်ခုခု၌ လုပ်ပိုင်ခွင့်ရလက်မှတ်မူရင်းကိုပေးအပ်၍ပေါင်နှံရမည်ဟုပါရှိပြီး ယင်းပုဒ်မ ၄၈(ဂ)အရ ယင်းသို့ပေါင်နှံရာ၌လက်ခံသည့်ဘဏ်မှတာဝန်ရှိသူတို့သည် လယ်ယာမြေတည်ရှိသော သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရှေ့မှောက်တွင် တံဆိပ် ခေါင်းခွန်ထမ်းဆောင်ရန် လယ်ယာမြေပေါင်နှံသည့်စာချုပ်ကိုချုပ်ဆိုရမည်ဟုလည်းပါရှိပါတယ်။ ဤ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းအရဆိုပါက အစိုးရဘဏ်ခွဲများသည် ကျေးရွာအုပ်စုတိုင်း၌ရှိရပါမည်။ ယခုအခါမရှိသေးပါ။ ထို့အပြင် အစိုးရသတ်မှတ်ထားသော အခြားဘဏ်တစ်ခုခုဟုဆိုရာတွင်လည်းပဲ ယခုတိုင်မည်သည့်ကျေးရွာအုပ်စုတွင်မှ မည်သည့်ဘဏ်တို့မှာပေါင်နှံရမည်ဟုသတ်မှတ်ပြဋ္ဌာန်းခြင်း မရှိသေးပါ။ စိုက်ပျိုးစရိတ်ချေးငွေသက်သက်ဖြင့် လယ်ယာစိုက်ပျိုးစရိတ်မလုံလောက်သောတောင်သူ များကို ၎င်းတို့ကျေးရွာအုပ်စုများတွင် အတိုးနှုန်းသက်သာစွာဖြင့် နည်းဥပဒေပါအတိုင်း အလွယ်တကူ ပေါင်နှံရန်မည်သို့ဆောင်ရွက်ပေးနိုင်မည်နည်း။ နိုင်ငံတကာကိုလည်း သိလိုပါတယ်။ ထို့အပြင် နိုင်ငံ တကာဈေးကွက်အနေအထားကိုချင့်တွက်၍ ကမ္ဘာ့ထိပ်တန်းဆန်စာရင်းဝင်ပေါ်ဆန်းမွေးကို အဓိက နေရာတွင်ထားပြီး အဓိကဆန်ပို့ကုန်အဖြစ်လျာထားမည်ဆိုပါက မြန်မာ့ရေမြေနဲ့လည်းကိုက်ညီပြီး တောင်သူများလည်း ပို၍ဈေးကောင်းရနိုင်မည်ဖြစ်ပါတယ်။ သို့ပါ၍ စိုက်ပျိုးစရိတ်တွင်ထူး၍မကွာဘဲ ဈေးကောင်းပိုနိုင်မည့် အထက်တန်းစားဆန်များတင်ပို့ရေး ရည်ရွယ်လျာထားချက်များ ရှိပါသလားကို သိလိုပါကြောင်း မေးမြန်းပါသည်။
တောင်သူလယ်သမားများ တိုက်ရိုက်အဆင်ပြေစွာစိုက်ပျိုးစရိတ်အရင်းအနှီးလိုအပ်ချက်ကို လက်တလောဖြေရှင်းတဲ့အနေနဲ့ ယခင်အစိုးရကာလမှာ စပါးသီးနှံတစ်ဧကကျပ် ၂၀၀၀၀ သာချေးခဲ့ရာမှ ယခု အစိုးရသစ်ကာလမှာ ၄၀၀၀၀ ကျပ်သို့လည်းကောင်း၊ ၅၀၀၀၀ ကျပ်သို့လည်းကောင်း၊ ၈၀၀၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ချေးပေးခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ စပါးတစ်ဧကငွေကျပ် ၁၀၀၀၀၀ နှုန်းသို့ တိုးမြှင့်ချေးငှားပေးရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ စိုက်ပျိုးစရိတ်လိုအပ်ချက်အနေဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်သော လယ်ယာမြေဥပဒေနဲ့ညီညွတ်စွာ၊ လယ်ယာမြေဥပဒေ ပုဒ်မ ၁၅ ပုဒ်မခွဲ(င)မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကိုပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရအသိအမှတ်ပြုသောဘဏ်တွင်သာ ပေါင်နှံရမည်ဟူသော ပြဋ္ဌာန်းချက်အတိုင်းဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။ ထိုနည်းတူစွာ လယ်ယာွမေ နည်းဥပဒေပုဒ်မ ၄၈ မှာ လယ်ယာွမေလုပ်ပိုင်ခွင့်ကိုပေါင်နှံခြင်းပြုရာမှာ အောက်ပါအတိုင်းပြဋ္ဌာန်း ထားရှိပါတယ်-
(က) လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် ယင်းလယ်ယာွမေပေါ်၌ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အရင်းအနှီးရရှိရေးအတွက်သာပေါင်နှံရမည်။
(ခ) အစိုးရဘဏ် သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရကသတ်မှတ်သောဘဏ်တစ်ခုခု၌သာ လယ်ယာွမေလုပ်ပိုင်ခွင့်ရရှိသူက လယ်ယာွမေလုပ်ပိုင်ခွင့်ပြု လက်မှတ်မူရင်းကို ပေးအပ်၍ပေါင်နှံရမည်။
(ဂ) ပေါင်နှံသူနှင့် ပေါင်နှံခြင်းကိုလက်ခံသည့်ဘဏ်မှ တာဝန်ရှိသူတို့သည် လယ်ယာမြေ တည်ရှိသော သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ရှေ့မှောက်၌ တံဆိပ်ခေါင်းခွန်ထမ်းဆောင်၍ လယ်ယာွမေလုပ်ပိုင်ခွင့် ပေါင်နှံသည့် စာချုပ်ကို ချုပ်ဆိုရမည်။
(ဃ) ချုပ်ဆိုသောစာချုပ်၌ ရွေးနုတ်ရမည့်ကာလကိုသတ်မှတ်ဖော်ပြရမည်။
(င) ချုပ်ဆိုသောစာချုပ်ကို စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင်မှတ်ပုံတင်ရမည်။
(စ) ပေါင်နှံသူသည် ပေါင်နှံသည့်ကာလအတွင်း လယ်ယာွမေတွင်ဆက်လက်၍ စိုက်ပျိုး လုပ်ကိုင်ခွင့်ရှိသည်။
အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်တဲ့ လယ်ယာွမေဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်စွာ မိမိတို့ လုပ်ပိုင်ခွင့်ရရှိထားတဲ့ လယ်ယာွမေများကို ဥပဒေနှင့်အညီ ပေါင်နှံခွင့်ရရှိနိုင်ရေးအတွက် လယ်ယာွမေလုပ်ပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်ွမောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် ွမေစာရင်းဦးစီးဌာနမှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး နိုင်ငံတစ်ဝန်းလုံး မှာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ လယ်ယာွမေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ ခိုင်မာစွာဆောင်ရွက်ပေးပြီးမှသာလျှင် ဥပဒေနှင့်အညီ ပေါင်နှံခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း အတတ်နိုင်ဆုံးပြီးစီးအောင်ဆောင်ရွက်လျက်ရှိပါတယ်။ ဤလုပ်ငန်းဟာ ယခင်က လုံးဝမှတ်ပုံတင် ဆောင်ရွက်ခြင်းမပြုခဲ့တဲ့လုပ်ငန်းကို လယ်ယာွမေဥပဒေအရ စတင်ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လယ်ယာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကဲ့သို့ပင် အလွန်ကျယ်ပြန့်ကြီးမားသော လုပ်ငန်းကြီးဖြစ်ကြောင်းတင်ပြအပ်ပါတယ်။
ဆင်းရွှေလီဆန် အမျိုးအစားမှာ ရှမ်းပြည်နယ်ွမောက်ပိုင်းဒေသများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မျိုးရယူစိုက်ပျိုး ထုတ်လုပ်၍ရရှိသောစပါးကို အမည်ပေးထားခြင်းဖြစ်ပြီး၊ ယခုအစိုးရသစ်လက်ထက်မှာ မိမိတို့ ကိုယ်တိုင် မိဘလိုင်းများပွားများထုတ်လုပ်ပြီး မျိုးစပ်ရရှိသည့်စပ်မျိုးစပါးကိုတော့ ပုလဲသွယ်ဟု အမည်ပေးထားရှိပါတယ်။ ပုလဲသွယ်စပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ခြင်း၊ သိပ္ပံနည်းကျစိုက်ပျိုးနည်း စနစ်များဖြင့် စံပြစိုက်ပျိုးပြသခြင်းတို့ကို လယ်ယာစိုက်ပျိုးရေးနှင့် ဆြေည်မာင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း ၁၃၀၀ ကျော်ရှိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် စပ်မျိုးစပါးများစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းကြောင့် စားသုံးမှုဖူလုံမှုရှိ နေပါတယ်။ အလားတူ အခြားနိုင်ငံများမှာလည်းပဲ ပြည်ပတင်ပို့နိုင်စွမ်းမြင့်မားနေခြင်းမှာ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းစပါးမျိုးများစိုက်ပျိုးပြီး အထွက်နှုန်းနှင့် အရည်အသွေး သာလွန်ကောင်းမွန်အောင် ဆောင်ရွက်နေခြင်းကြောင့်ဖြစ်သည်ကိုလည်းသိရှိရပါတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ စားလို့လည်းကောင်း၊ အရည်အသွေးလည်းကောင်း၊ ဈေးကွက်တွင်လည်း တွက်ခြေ ကိုက်သည့် ဘာစမာတီစပ်မျိုးစပါးများစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုဖူလုံသည့်အပြင် ပိုလျှံသည်များကို ဈေးကွက်သို့တင်ပို့လျက်ရှိနေပါတယ်။ မြန်မာ့ဆန်စပါးသမိုင်းကိုပြန်ကြည့်မယ် ဆိုရင် စစ်မဖြစ်မီကာလက စပါးစိုက်ဧက ၁၂.၅ သန်းရှိပြီး လူဦးရေ ၁၅ သန်းသာရှိခဲ့ပါတယ်။ ဆန်တန်ချိန် ၃ သန်းအထိ နိုင်ငံခြားတင်ပို့နိုင်ခဲ့ပါတယ်။ ယခုစပါးစိုက်ဧက ၁၈ သန်းခန့်ရှိပြီး လူဦးရေမှာ ၆၀ သန်းရှိနေပြီဖြစ်ပါတယ်။ လူဦးရေကစဉ်ဆက်မပြတ်တိုးပွားပြီး မြို့ပြအဆောက်အဦ များ၊ ဆေးရုံများ၊ လမ်းများ၊ လေယာဉ်ကွင်းများ၊ စက်ရုံ/အလုပ်ရုံများတိုးချဲ့လာခြင်းကြောင့် စိုက်ပျိုးမြေ ဧရိယာဟာ နေ့စဉ်နဲ့အမျှလျော့နည်း လျက်ရှိနေပါတယ်။ စိုက်ပျိုးမြေလယ်မြေဧက ၁၀၀၀ တိုးတက်ရန်အလွန်ပင်ခက်ခဲပါတယ်။ နိုင်ငံတကာဈေးကွက်ကိုယှဉ်ပြိုင်တင်ပို့နိုင်ရန် အထွက်နှုန်း ကောင်း၊ အရည်အသွေးကောင်းသီးနှံမျိုးများကို စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်လာပြီဖြစ်ရာ အထွက်နှုန်း ကောင်းမျိုးသန့်များအသုံးပြုစိုက်ပျိုးခြင်း Seed Jump နည်းလမ်းဖြင့်သာလျှင် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါတယ်။ အခြားမည်သည့်နည်းလမ်းများနဲ့မျှ ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်မည်မဟုတ်ပါ။ သို့အတွက် ကြောင့် အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းမျိုးစပါးများထုတ်လုပ်ပြီး နိုင်ငံခြားသို့တင်ပို့ နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာ ပုဂ္ဂလိကအခန်းကဏ္ဍမှာလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြို့နယ်မှ ပုဂ္ဂလိကကုမ္ပဏီကြီးများဖြစ်တဲ့ ရွှေနဂါးမင်းကုမ္ပဏီ၊ ပင်လယ်ကိုးသွယ်ကုမ္ပဏီ၊ ဂရင်းအေးရှားကုမ္ပဏီ၊ ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီတွေမှာ မျိုးစေ့ထုတ် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ကြီးဌာနအနေနဲ့လည်း မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်း မြို့နယ် ရွှေတောင်ခြံမှာ ၄၅၀ ဧက၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင်ဧက ၂၀၊ ကရင်ပြည်နယ်တွင် ဧက ၅၀၊ မွန်ပြည်နယ်တွင် ၂၅ ဧကနှင့် ဧရာဝတီတိုင်းမှာ ၄၀ ဧက စပ်မျိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ရန် Public Private Partnership စနစ်ဖြင့်သာဆောင်ရွက် သွားရမည်ဖြစ်ပါတယ်။ နိုင်ငံတကာမှာ အစိုးရဌာနများအနေဖြင့် ကိုယ်တိုင်မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးခြင်းမရှိပါ။ ပုဂ္ဂလိကကဏ္ဍမျိုးစေ့ကုမ္ပဏီများမှသာလျှင် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီတာဝန်ကို နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကအခန်းကဏ္ဍမှ စဉ်ဆက်မပြတ်ရေရှည်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ ပုဂ္ဂလိကကဏ္ဍမျိုးစေ့ထုတ်ကုမ္ပဏီများ ပျံ့နှံ့ပေါ်ပေါက်လာရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်းတင်ပြအပ်ပါတယ်။
အလားတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဆန်တင်ပို့မှုစာရင်းများအရ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်၊ ဧပြီလမှ ၂၀၁၃ ခုနှစ်၊ မတ်လအထိ ဆန်နှင့် ဆန်ထွက်ပစ္စည်းတန်ချိန် ၁.၂၄၉ သန်းတင်ပို့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနစာရင်းအရ သိရှိ ရပါတယ်။ ထိုသို့တင်ပို့ရာမှာ နယ်စပ် Border Trade ကနေ စုစုပေါင်းတန်ချိန် ၇၀၁၈၉၀၊ ပင်လယ် ရေကြောင်း Over Sea မှ စုစုပေါင်းတန်ချိန် ၅၄၇၆၇၀ တန်တင်ပို့ပြီးဖြစ်ပါတယ်။ Border Trade က တင်ပို့နိုင်ခြင်းမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ ၂ နိုင်ငံဖြစ်ပြီး Border Trade မှတင်ပို့တဲ့တန်ချိန် ၇ သိန်းကျော်အနက် ၆၉၀၀၀၀ ခန့်မှာ တရုတ်နိုင်ငံသို့တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ တရုတ်နိုင်ငံ သို့အဓိကတင်ပို့ရတဲ့မျိုးများမှာ Height Grate Rice အခြားအရည်အသွေးကောင်းတဲ့ဆန်များဖြစ် ကြောင်းသိရှိရပါတယ်။ ဈေးနှုန်းအနေဖြင့်လည်း ဆန် ၁ တန်မှာ ဒေါ်လာ ၄၅၀ ပတ်ဝန်းကျင်ကြားရရှိ ကြောင်းသိရှိရပါတယ်။ ပင်လယ်ရေကြောင်း Over Sea မှတင်ပို့တဲ့ဆန်များမှာ ပေါ်ဆန်းကဲ့သို့ အဆင့်မြင့်စပါးများပါသလို အထွက်ကောင်းစပါးမျိုးများဖြစ်တဲ့ ဆင်းဧကရီ(၃)၊ မှော်ဘီ(၂)၊ ဆင်းသွယ် လှ၊ ရတနာတိုးစသည့် ဧည့်မထစပါးမျိုးများလည်းပါရှိကြောင်းသိရှိရပါတယ်။ အဲ့ဒီလို ဆန်ဈေးကောင်း ရရှိနိုင်ဖို့အတွက် တင်ပို့တဲ့ဈေးကောင်းရရှိနိုင်ဖို့ဆိုသည်မှာ မျိုး၊ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ စိုက်ပျိုး တဲ့ဒေသရဲ့ရေမြေသဘာဝနှင့် ဆန်စက်အရည်အသွေးများကောင်းမွန်ရန် အထူးလိုအပ်ပါတယ်။ ဥပမာ- ဘာစမာတီစပါးကို ဟဲဟိုးမှာစိုက်တဲ့အခါမှာ အရည်အသွေးကောင်းမွန်ပြီးတော့ နေပြည်တော် မှာစိုက်တဲ့အခါမှာ အရည်အသွေးဟဲဟိုးလောက်မမီတာကိုတွေ့ရပါတယ်။ ဒါဟာ ရာသီဥတုကြောင့် Factor ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆန်အဆင့်မြင့်တင်ပို့နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်အပြင် ရေမြေသဘာဝ၊ ရာသီဥတုအခြေအနေနှင့် Post Service Technology အဆင့်မြင့်ဆန်စက်ကြီးများ ပါ တည်ထောင်ကြိတ်ခွဲပြီး တင်ပို့ရန်လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
