ကျွန်တော့်အနေနဲ့ မေးမယ့်မေးခွန်းကတော့ HIVရောဂါသည်များကို ပြုစုစောင့်ရှောက်ပေးနေတဲ့ လူမှုရေးအသင်း အဖွဲ့များတိုးတက်ရေးအတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံတော်မှာယနေ့ UNHCR ကပေးတဲ့ စာရင်းအရ HIV ရောဂါသည်စုစုပေါင်း ၂၃၀၀၀၀ ခန့်ရှိတယ်လို့သိရပါတယ်။ ဒါကလည်း ကျွန်တော်တို့မြုပ်နေတဲ့ ကိန်းဂဏန်းတွေမပါ ပါဘူး။ ဒီထဲမှာဆေးသောက်သုံး သင့်တဲ့အင်အားက တစ်ဝက်လောက်ရှိပါတယ်။ သို့သော်အမှန်တကယ်သောက်သုံးနေတဲ့အင်အားက ၄၀၀၀၀ကျော် လောက်ပဲရှိတယ်လို့သိရပါတယ်။ ဒါကြောင့်ရောဂါဝေဒနာသည်အားလုံးဟာ နိုင်ငံတော်အစိုးရ ကနေဖွင့်လှစ်ပေးထားတဲ့ ဆေးရုံတွေရှိပါတယ်။ ဒါပေမယ့်နိုင်ငံတော်ဘက်ကနေပြီးတော့ ယနေ့ထိထိ ရောက်ရောက် ဆောင်ရွက်နေတဲ့ကာလဖြစ်ပါတယ်။ နိုင်ငံတော်ကဖွင့်ပေးထားတဲ့ ကျွန်တော်တို့ မင်္ဂလာဒုံဆေးရုံ၊ သာကေတမှာရှိတဲ့ IQ နဲ့ပေါင်းထားတဲ့ဆေးရုံ အစရှိသဖြင့်မြို့နယ်အသီးသီးမှာလည်း ခုခံအားကျကာလသားရောဂါတိုက်ဖျက်ရေး ဆိုပြီးတော့ဆောင်ရွက် ပေးနေတဲ့အပိုင်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ရောဂါသည်တော်တော်များများဟာ ဆေးရုံတွေသွားဖို့အတွက် အခက်အခဲရှိပါတယ်။ အခက်အခဲ ၂ ချက်ကတော့ နံပါတ် တစ်ကရောဂါသည်များရဲ့တင်ပြချက်အရ ဆေးရဖို့အတွက်တော်တော်လေးကို အချိန်ပေးရတယ်လို့ သိရပါတယ်။ ART ဆေးရဖို့ ခက်ခဲတဲ့ အတွက်ကြောင့် မသွားလိုကြပါဘူး။ ဒုတိယအချက်ကတော့ ကျွန်တော်တို့ဆေးရုံမှာရှိတဲ့ ဝန်ထမ်းတွေ ကနေပြီးတော့ လူမှုရေးအရနှိမ့်ချပြောဆိုမှုတွေ များပြားတယ်ဆိုပြီးတော့ ဒီအတွက်ကြောင့် သူတို့သည် အရပ်ဘက်လူမှုရေးအဖွဲ့အစည်းတွေက ဖွဲ့စည်းထားတဲ့ Camp တွေကိုသွားပြီးတော့ ယနေ့ ဆေးဝါး ကုသနေကြပါတယ်။ ဒီCamp တွေမှာလည်း အခက်အခဲအားဖြင့် ရန်ပုံငွေဖြစ်ပါတယ်။ ရန်ပုံငွေ အခက်အခဲကြောင့်ဖွင့်လှစ်ထားတဲ့စခန်းတွေမှာ မြေနေရာပိုင်ဆိုင်မှု၊ မြေငှားရမ်းမှု၊ ကျွေးမွေး စောင့်ရှောက်မှု၊ ဆေးဝါးပံ့ပိုးမှုတွေမှာလည်း အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းများ သည် လောလောဆယ် လူနေရပ်ကွက်များမှာ ငှားရမ်းပြီးတော့ ဖွင့်လှစ်နေရပါတယ်။ ကောင်းတဲ့ဘက် က ကြည့်ရင်တော့ ကျွန်တော်တို့လူမှုရေးအဖွဲ့အစည်းများတိုးတက်ဖွံ့ဖြိုးဖို့ အများကြီးလိုအပ်ပါတယ်။ တစ်ဖက်ကကြည့်ရင်လည်း စည်းနဲ့ကမ်းနဲ့ ဥပဒေနဲ့ဖြစ်ဖို့လည်း လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့်နောင်လာမယ့် ကာလမှာ အနာဂတ်မှာ နိုင်ငံတော်အစိုးရအပိုင်းက လုပ်နေတာတွေလည်း ရှိမှာ ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ ဒီထက်ပိုပြီးတော့ ဒီလူမှုရေးအဖွဲ့အစည်းများကို အားပေး ကူညီတဲ့အနေနဲ့ စနစ်တကျရှိဖို့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေပြဋ္ဌာန်း ပေးတာတို့ ကူညီပံ့ပိုးတာတို့၊ ဦးဆောင်တာတို့လုပ်ဖို့အစီအစဉ်ရှိ၊ မရှိ။ တကယ်လို့ နိုင်ငံတော်ဘက် ကမရှိရင် ဒီကနေ့ ကျွန်တော်တို့ ဒီမိုကရေစီဖော်ဆောင်တဲ့အခါမှာ အရေးကြီးဆုံးကလူမှုရေး အဖွဲ့အစည်းတွေ အားပေးကူညီဖို့ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ မြန်မာနိုင်ငံမှာဖွင့်လှစ်ထားတဲ့ ဒီအဖွဲ့အစည်းတွေကို ထောက်ပံ့မှုတွေ၊ ပံ့ပိုးမှုတွေလုပ်ပေးဖို့လိုမယ်လို့ ထင်ပါတယ်။ ကချင်ပြည်နယ် မှာ များစွာ ထောက်ပံ့ပေးတယ်လို့လည်း ကြားပါတယ်။ အလားတူ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ လည်း ထောက်ပံ့ပေးမှုတို့အတွက်များစွာရည်ရွယ်ပြီးတော့ ကျွန်တော်ဒီ မေးခွန်းကို မေးမြန်းခြင်း ဖြစ်ပါ တယ်။ ကျွန်တော်မေးမယ့်မေးခွန်းကတော့ HIV ရောဂါသည်များကို လူမှုရေးအသင်းအဖွဲ့များမှ ပြုစုစောင့်ရှောက်မှုများကို မြို့နယ်ရပ်ကွက်များတွင် စခန်းများဖွင့်လှစ်ပြီးတော့ ကူညီဆောင်ရွက် ပေးလျက်ရှိရာ အဆိုပါလုပ်ငန်းများအား နိုင်ငံတော်အပိုင်းမှ လုံလောက်စွာ စနစ်တကျတိုးချဲ့ ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ။ လူမှုရေးအသင်းအဖွဲ့များနှင့် ဆောင်ရွက်ရာမှာ စနစ်တကျနှင့် ပိုမို အောင်မြင်အောင် ဆောင်ရွက်နိုင်မှုအတွက် ကူညီပံ့ပိုးဦးဆောင်ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိသိလို တဲ့အတွက်ကြောင့် ဥက္ကဋ္ဌကြီးကတစ်ဆင့် မေးမြန်းတင်ပြခြင်းဖြစ်ပါသည်။
လူမှုရေးအသင်းအဖွဲ့ခေါ်တဲ့ Community Based Organizationများအနေနဲ့ အသင်းအဖွဲ့စနစ်တကျ ဆောင်ရွက်ဖို့အတွက် တရားဝင် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခွင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းတည်ရှိရာ မြို့နယ်/ခရိုင်/ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များကတစ်ဆင့် အဆင့်ဆင့်စိစစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့က မှတ်ပုံတင်ခွင့်ရရှိရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနကို ဆက်လက်တင်ပြရ ပါတယ်။ လူမှုရေးအသင်းအဖွဲ့များက ဆောင်ရွက်မယ့်လုပ်ငန်းများမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ခုနက HIV/AIDS စောင့်ရှောက်ရေး လုပ်ငန်းအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပါဝင်လာလို့ရှိရင် ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ ၎င်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနကို သဘောထားမှတ်ချက်တောင်းပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကလည်း သက်ဆိုင်ရာ လူမှုရေးအသင်းအဖွဲ့အစည်းတွေက ဆောင်ရွက်မယ့် လုပ်ငန်းများကိုညှိနှိုင်း စိစစ်ပြီးတဲ့အခါမှာ မှတ်ပုံတင်ခွင့်ရရှိရေးအတွက် ထောက်ခံတင်ပြပြီးရင် အဲဒီအသင်းအဖွဲ့အနေနဲ့ မှတ်ပုံတင်ခွင့်ရရှိပြီး တရားဝင်ဆောင်ရွက်ခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်ကုန်တဲ့အထိ မှတ်ပုံတင်ခွင့်ရရှိပြီးတော့ ကျန်းမာရေးဦးစီးဌာနနဲ့ ခုခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်နဲ့ ပေါင်းပြီးတော့ HIV/AIDS ဆိုင်ရာ ကာကွယ်တားဆီးရေးနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေတဲ့လူမှုရေးအသင်းအဖွဲ့စုစုပေါင်း ၃ ဖွဲ့ရှိပြီး စိစစ်ဆဲအဖွဲ့ ၈ ဖွဲ့ရှိကြောင်းတင်ပြအပ်ပါ တယ်။ မှတ်ပုံတင်ခွင့်ရရှိပြီး အဖွဲ့ ၃ ဖွဲ့တွင် အဖွဲ့ဝင်စုစုပေါင်း ၁၀၀၀၀ ကျော်ရှိပြီးတော့ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်အဆင့်များမှာ အဖွဲ့ခွဲများခွဲပြီးတော့ HIV/AIDS ရောဂါအဖြစ်များ သော ဒေသများမှာ လွှမ်းခြုံမှုပိုမိုကောင်းမွန်ရရှိအောင် ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ လူမှုရေး အဖွဲ့အစည်းများသည် ကျန်းမာရေးဦးစီးဌာန ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်နှင့် သာမက ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးတော့ HIV/AIDS ဆိုင်ရာကာကွယ်တားဆီးရေးနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာမှာ ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်အနေဖြင့် သက်ဆိုင်ရာ ဒေသအစိုးရအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ငွေကြေးနှင့်နည်းပညာ အထောက်အပံ့ပေးခြင်း၊ လူထုအွခေပြုအိမ်တိုင် ရာရောက် ပြုစုစောင့်ရှောက်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းစသည်များကို ယနေ့ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ထို့အပြင် ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်နှင့် ပူးပေါင်းပြီးတော့ ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်တဲ့ UNAIDS၊ အချို့သော ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာ လူမှု အဖွဲ့အစည်းများမှလည်း ငွေကြေးနှင့် နည်းပညာအထောက်အပံ့များ ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံ တွင် ဆောင်ရွက်လျက်ရှိတဲ့ ရောဂါကြီး ၃ မျိုးဖြစ်တဲ့ ခုခံကျ/ကာလသားရောဂါ၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးလုပ်ငန်း ရန်ပုံငွေစီမံခန့်ခွဲရေး အဖွဲ့ဖွဲ့စည်းပြီးဖြစ်ပါတယ်။ Myanmar Country Coordinated Mechanism (MCCM) ဖြစ်ပါတယ်။ အဲဒီမှာလည်း ခုနက ကိုယ်စားလှယ်ကြီး ဆွေးနွေးတဲ့ လူမှုရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်နှစ်ဦးကို အဖွဲ့ဝင်အဖြစ်နဲ့ပါဝင် စေပြီးတော့ ၎င်းတို့ရဲ့ဆန္ဒ၊ ၎င်းတို့ရဲ့ လိုအပ်ချက်များကို ပါဝင်ဆွေးနွေးညှိနှိုင်းပြီးဆောင်ရွက်စေခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် နိုင်ငံတကာအစည်းအဝေးများသို့လည်းခုနက လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးစေခြင်းများဖြင့် လူမှုရေးအသင်းအဖွဲ့များ ၏ စွမ်းဆောင်ရည်ကို စနစ်တကျ၊ ပိုမိုအောင်မြင်အောင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။
