(ဃ)-ကျောက်ဖြူမြို့နယ် ကပိုင်ချောင်းကျေးရွာမှ လယ်သမား ၅ ဦး မတရားဆုံးရှုံး နစ်နာမှုနှင်‌့စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၅.၁၀.၂၀၁၂)

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်က လယ်သမား ဦးထံက ငွေ ၄၉ သိန်း အဓမ္မခြိမ်းခြောက် ရယူသွားတဲ့အမှုဖြစ်ပါတယ်။ ဖြစ်ရပ်အကျဉ်းချုပ်ကိုတင်ပြရမယ်ဆိုရင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ သဘာဝ ဓာတ်ငွေ့စီမံကိန်းကြောင့် လယ်မြေတွေ၊ ဥယျာဉ်မြေတွေကို ဖြတ်သန်းပြီးတော့ ရေနံပိုက်လိုင်းတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်ရပါတယ်။ အဲဒီလို ပိုက်လိုင်းတွေ ဖြတ်သန်းသွားတဲ့အခါ နစ်နာတဲ့သူ တွေကို ငွေတွေထုတ်ပေးပါတယ်။ ထုတ်ပေးတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဌာနနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ဒီမြေတွေနဲ့ပတ်သက်ပြီးတော့ စီစဉ်တွက်ချက်ကြပါတယ်။ ကျသင့်ငွေတွေကို ကုမ္ပဏီက တိုက်ရိုက်ထုတ်မပေးပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပေးပါတယ်။ ကျောက်ဖြူ မြို့နယ် ကပိုင်ချောင်းကျေးရွာက တောင်သူလယ်သမားမိသားစုတွေဖြစ်ကြတဲ့ () ဒေါ်မဝင်းနု အဖေနာမည် ဦးရွှေသာဖြူ () ဒေါ်မကျော်သိန်း အဖေနာမည် ဦးဘချစ်ဦး () ဦးကျော်သိန်း အဖေနာမည် ဦးဘချစ်ဦး () ဒေါ်ခင်ဝင်းတင် အဖေနာမည် ဦးမောင်ညွန့်စိန် () ဒေါ်မာလာရီ အဖေနာမည် ဦးငထီးဆိုတဲ့ လူ ဦးဟာ မိမိတို့ရရှိရတဲ့ လျော်ကြေးငွေတွေကို လွန်ခဲ့တဲ့ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လာရောက်ထုတ်ယူရမယ်လို့ အကြောင်းကြားတဲ့အတွက်ကြောင့် အဲဒီနေ့ နံနက်ပိုင်းမှာ မိမိတို့ ကပိုင်ချောင်းကျေးရွာက စက်လှေနဲ့ လာရောက်ပြီးတော့ ပိုက်ဆံထုတ်ယူခဲ့ကြပါတယ်။ နောက်တစ်နေ့မှာ ပိုက်ဆံထုတ်ပြီးတဲ့အခါမှာ ရွာပြန်ဖို့ဆိုပြီးတော့ စက်လှေနဲ့ပြန်ဖို့အတွက် စက်လှေဆိပ်ကို ဆင်းကြပါတယ်။ စက်လှေပေါ်မှာလည်း လူအများရောက်နေကြပါတယ်။ အဲဒီအချိန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဆိုတာ ကပိုင်ချောင်းက ဂြင်ကြီးကျေးရွာအုပ်စုမှာပါဝင်တဲ့ ရွာကြီးတစ်ရွာပါ။ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း ကတော့ ကပိုင်ချောင်း ရွာက ရွာသားပါ။ ဦးစိုးဝင်းရယ်၊ မြေစာရင်းဌာနမှ ဝန်ထမ်းတွေဖြစ်ကြတဲ့ ဦးဝေဘစံ၊ ဦးမိုးလင်းထွန်း၊ ဦးထွန်းဝင်း တို့ရောက်လာကြပြီးတော့ ဦးစိုးဝင်း၊ ဦးဝေဘစံ၊ ဦးမိုးလင်းထွန်း၊ ဦးထွန်းဝင်းတို့က ဒီလယ်သမားတွေ နောက်ထပ်ရမယ့်ငွေတွေကို မရချင်ကြတော့ ဘူးလားဆိုပြီးတော့ ခြိမ်းခြောက်တယ်။ မရချင်တော့ဘူးဆိုရင် မင်းတို့ကို ငါတို့ပိုက်ဆံပေးဖို့ ပိုက်ဆံ လိုချင်လို့ရှိရင်တော့ ငါတို့ကို ပိုက်ဆံဘယ်လောက်ဘယ်လောက် ပေးရမယ်ဆိုပြီးတော့ ငွေ ခြိမ်းခြောက်ပြီးတော့ တောင်းကြတယ်။ အဲဒီလို တောင်းတဲ့အတွက်ကြောင့် ဒေါ်မဝင်းတို့က ငွေ ၁၅ သိန်းကျပ်၊ ဒေါ်မကျော်သိန်းကငွေ သိန်းကျပ်၊ ဦးကျော်သိန်းကငွေ ၁၅ သိန်းကျပ်၊ ဒေါ်ခင်ဝင်းတင် က သိန်း၊ ဒေါ်မာလာရီထံက ၁၀ သိန်း၊ စုစုပေါင်း ၄၉ သိန်းကို အဲဒီ စက်လှေပေါ်မှာပဲထုတ်ပေး လိုက်ရပါတယ်။ ဒီလောက်လူအများကြီးရှေ့မှာ ဒီလိုတောင်းတာကြောက်လို့ ထုတ်ပေးလိုက်ရတယ်။ ထုတ်ပေးလိုက်ရတဲ့အတွက်ကြောင့် ဒီလူတွေက မကျေနပ်လို့ ရဲကိုအကြောင်းကြားတယ်။ ရဲကို အကြောင်းကြားတော့ ထုံးစံအတိုင်း ပေါ့ပေါ့တန်တန်နေတယ်။ ပေါ့ပေါ့တန်တန်နေတဲ့အခါ လယ်သမား တွေက ကျောက်ဖြူမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားတဲ့အတွက်ကြောင့် ကျောက်ဖြူမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ် (၅၆၉/၂၀၁၁) (၅၇၀/၂၀၁၁) (၅၇၁/၂၀၁၁) (၅၇၂/၂၀၁၁) (/၂၀၁၂) ဒီပြစ်မှုတွေမှာ အမှုလက်ခံပြီးတော့ တရားလိုတွေကို တရားရုံးအခေါ် ပြစ်မှုကျင့်ထုံး ပုဒ်မ ၂၀၀ နဲ့ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ရဲစခန်းကို ပြန်ပြီးတော့ စုံစမ်းဖို့ ချပေးလိုက်ပါတယ်။ ရဲစခန်းကို အမှုစုံစမ်းစစ်ဆေးဖို့ ချပေးလိုက်တဲ့အခါ ရဲစခန်းက စုံစမ်းစစ်ဆေးမှု ပြုလုပ်ပါတယ်။ ပြုလုပ်ပေမယ့် လည်း သက်သေခံငွေတွေ သိမ်းဆည်းတင်ပြခဲ့တာမရှိပါဘူး။ ကျွန်တော်တို့ ရရှိတဲ့ မှတ်တမ်းအရ လူပြ သက်သေတွေ ဦး စစ်ဆေးခဲ့ပါတယ်။ ရဲစစ်ဆေးချက်တွေ၊ တရားဝင်မိတ္တူ ကျွန်တော့်ဆီမှာလည်း ရှိပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မကြာခဏကြားဖူးတဲ့ စကားတွေရှိပါတယ်။ အဲဒါတွေကတော့ တရားခံအဖြစ် မမှန်မကန်စွပ်စွဲခံရတယ်။ တရားခံအစစ်အမှန်ကို လာဘ်စားပြီးတော့ လွှတ်ပေးလိုက် တယ်ဆိုတဲ့ ပြည်သူ့အသံတွေဖြစ်ပါတယ်။ အခု ကပိုင်ချောင်းကျေးရွာက လယ်သမား ဦး စုစုပေါင်း ငွေ ၄၉ သိန်း ဖြစ်ရပ်က စက်လှေပေါ်မှာရောက်ရှိနေကြတဲ့ အများပြည်သူတွေရှေ့မှာ ခြိမ်းခြောက်ပြီး တော့ အဓမ္မယူသွားတဲ့ ဖြစ်ရပ်ပါ။ သက်သေတွေလည်း ရှိကြပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ ကြုံဖူးပါတယ်။ ကြုံဖူးတာက ကျွန်တော်က ရှေ့နေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ လုပ်ငန်း အရ ကြုံဖူးတာပါ။ တရားခံရာဇဝတ်သားကို မဖော်ထုတ်နိုင်ဘူး။ အလွယ်တကူမဖော်ထုတ်နိုင်တဲ့အခါ ရဲစခန်းတွေရဲ့ လုပ်ဆောင်ချက်တွေကို အားမရလို့ဖြစ်ပါလိမ့်မယ်။ တစ်ခါတလေ စီအိုင်ဒီက အမှုတွေ လာရောက်စစ်ဆေးတာတွေတွေ့ပါတယ်။ တစ်ခါတလေ စသုံးလုံးက လာရောက်စစ်ဆေးတာတွေ တွေ့ပါတယ်။ ဒီအမှုမှာတော့ အဲဒီလို စစ်ဆေးတာမတွေ့ရပါဘူး။ အခုအမှုမှာ ပြစ်မှုကျူးလွန်သူ တွေဟာ အများပြည်သူရဲ့ရှေ့မှာ ဒီပြည်သူတွေကို ဂရုမစိုက်ဘဲ မိမိတို့ရဲ့တာဝန်ကို အယောင်ပြပြီးတော့ ထင်ထင်ပေါ်ပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ တွေ့ရပါကြောင်း တင်ပြလို ပါတယ်။ ဆက်လက်ပြီးတင်ပြလိုပါတယ်။ မြို့နယ်တရားရုံးက အမှုကိုဆက်လက်ပြီးတော့ ဆောင်ရွက် တယ်။ ဘယ်အချိန်မှာဆောင်ရွက်သလဲဆိုတော့ ရဲစခန်းက ရဲစစ်ချက်တွေနဲ့ ပြန်လည်တင်ပေးလိုက်တဲ့ အခါ ကျောက်ဖြူမြို့နယ်တရားရုံးက ဒီအမှုတွေကို ဆက်လက်စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါ မြို့နယ်တရားရုံးက တရားမကြောင်းနဲ့သာ စပ်ဆိုင်သည်ဟုအကြောင်းပြပြီးတော့  အမှုတွေကို ပလပ် လိုက်ပါတယ်။ ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်တဲ့အခါလည်း ဒီအတိုင်းပဲ အမိန့်ချလိုက်ပါတယ်။ အဲဒီတော့ ခြိမ်းခြောက်ယူသွားတဲ့ငွေတွေကို တရားမမှုနဲ့ ဘယ်လိုတောင်းရမလဲ။ ခြိမ်းခြောက်ယူသွား တဲ့ ငွေတွေကို တရားမမှုနဲ့ ဒီလယ်သမားတွေ ဘယ်လိုတောင်းရမလဲ။ တရားရုံးက ဒါအတွက်တော့ လမ်းညွှန်ချက်မပေးပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ မိမိတို့ရွာသားတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ မြေစာရင်းဌာနက ဝန်ထမ်းတွေဟာ နိုင်ငံတော်က ချီးမြှောက်တဲ့လစာတွေနှင့် စရိတ် တွေကိုစားတဲ့ ပြည်သူ့ဝန်ထမ်းတွေပါ။ ဥပဒေနှင့်အညီ ပြည်သူတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိ ကြပါတယ်။ မသိနားမလည်တဲ့သူတွေကို ခြိမ်းခြောက်ပြီးတော့ ငွေတောင်းယူတာကို တာဝန်ရှိတဲ့  အဖွဲ့အစည်းအသီးသီးက နည်းမှန်လမ်းမှန် စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အမှုကို စုံစမ်းစစ်ဆေးရာမှာ ရဲတပ်ဖွဲ့ ဒါမှမဟုတ် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ စသည်ဖြင့် စစ်ဆေးရတာ ရှိပါတယ်။ ဦးစိုးဝင်း၊ ဦးဝေဘစံ၊ ဦးမိုးလင်းထွန်း၊ ဦးထွန်းဝင်းတို့ဟာ စက်လှေပေါ်ကို ရည်ရွယ်ချက် ရှိရှိနှင့်ရောက်ရှိလာကြပြီးတော့ ခြိမ်းခြောက်လို့ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို အယောင်ပြ ခြိမ်းခြောက် ငွေရယူသွားကြတဲ့အဓမ္မမှုကို ဖော်ထုတ်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော် မေးခွန်း ခု မေးမြန်းလိုပါတယ်။ အဲဒီမေးမြန်းလိုတဲ့ မေးခွန်းတွေကတော့ () ကျောက်ဖြူမြို့နယ် ကပိုင်ချောင်း ကျေးရွာမှ လယ်သမားတွေဖြစ်ကြတဲ့ ဒေါ်မဝင်းနုထံက ငွေ ၁၅ သိန်း၊ ဒေါ်မကျော်သိန်းထံက ငွေ သိန်း၊ ဦးကျော်သိန်းထံက ငွေ ၁၅ သိန်း၊ ဒေါ်ခင်ဝင်းတင်ထံက သိန်း၊ ဒေါ်မာလာရီထံက ငွေ ၁၀ သိန်း အသီးသီးကို ပိုင်ရှင်တွေအလိုမတူဘဲ ပေးအပ်လိုက်ရသော်လည်း တရားမကြောင်းအရသာ စပ်ဆိုင် သည်ဟူသော လမ်းညွှန်မှုကို မည်သို့နားလည်ရပါမည်နည်း။ () ဒီမေးခွန်း () ပါ ပုဂ္ဂိုလ်တွေရဲ့ မတရားဆုံးရှုံးမှုကို အမှန်အတိုင်း စုံစမ်းဖော်ထုတ်ပေးနိုင်ပါမလား။ () မေးခွန်းကတော့ အထက်ပါ ကိစ္စရပ်များအတွက် ဒေါ်မဝင်းနုပါ ဦးတို့ မတရားဆုံးရှုံးနစ်နာမှုဖြစ်အောင် ပြုလုပ်ရာမှာ ပါဝင်ကြ တဲ့ ဒီပုဂ္ဂိုလ်တွေကို ဘယ်လိုအရေးယူဆောင်ရွက်နိုင်ပါမည်ကိုသိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂြင်ကြီးကျေးရွာအုပ်စု၊ ကပိုင်ချောင်းကျေးရွာမှာ ဒေါ်မဝင်းနုပါ ဦး တို့က ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမှုမှာ ပါဝင်တဲ့ လယ်သမားတွေအတွက် လျော်ကြေးငွေများကို မြေယာနှင့်သီးနှံလျော်ကြေးပေးရေး ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဆီက ထုတ်ယူခဲ့ပြီး နောက်တစ်နေ့နံနက်မှာ စက်လှေနဲ့ရွာကိုပြန်ဖို့ စောင့်နေတဲ့ အချိန်မှာ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဝေဘစံ၊ မြေတိုင်းအဆင့်() ဦးမိုးလင်းထွန်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် ရာအိမ်မှူး ဦးထွန်းဝင်းတို့ ရောက်လာ ကြပြီးတော့ ဒေါ်မဝင်းနုထံမှ ငွေကျပ် ၁၅ သိန်း၊ ဒေါ်မကျော်သိန်းထံမှ ငွေကျပ် သိန်း၊ ဦးကျော်သိန်း ထံမှ ငွေကျပ် ၁၅ သိန်း၊ ဒေါ်ခင်ဝင်းတင်ထံမှ ငွေကျပ် သိန်းနှင့် ဒေါ်မာလာရီထံမှ ငွေကျပ် ၁၀ သိန်း တို့ကို တောင်းယူသွားတဲ့အတွက် ဦးဝေဘစံပါ ဦးတို့အပေါ် အရေးယူပေးရန် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တို့မှာ ကျောက်ဖြူမြို့နယ် တရားရုံး သို့ ဦးတိုက်လျှောက်ထားချက်များအရ ကျောက်ဖြူမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် (၅၆၉/၂၀၁၁) (၅၇၀/၂၀၁၁) (၅၇၁/၂၀၁၁) (၅၇၂/၂၀၁၁)နှင့် ပြစ်မှုကြီးအမှတ် (/၂၀၁၂) တို့အရ လက်ခံစစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီလို ဦးတိုက်လျှောက်ထားမှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စစ်ဆေးတင်ပြဖို့ ကျောက်ဖြူမြို့နယ် တရားရုံးက ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းကို ညွှန်ကြားချက်အရ ကျောက်ဖြူ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲအုပ် တင်ထွန်းနောင်က လက်ခံစစ်ဆေးပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက် အမှုတွဲ တွဲကို တရားရုံးကို ပြန်လည်တင်ပြခဲ့ကြောင်း၊ ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်မင်းထွန်း က အမှုများကို လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ အစစ်ခံချက်များနဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စုံစမ်းစစ်ဆေးချက်များအပေါ် သုံးသပ်ပြီး လျှောက်ထားသူ လယ်သမားများမှ ငွေပြန်လည်ရယူလိုကြောင်းသာ ပေါ်ပေါက်တဲ့အတွက် တရားမကြောင်းနှင့်သာ စပ်ဆိုင်ကြောင်း တွေ့ရှိရလို့ ၂၀၁၂ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ အမှုများကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၀၃ အရ ပလပ်ခဲ့ကြောင်း၊ အဲဒီလိုပလပ်ခဲ့ခြင်းနှင့် ပတ်သက်လို့ မကျေနပ်တဲ့အတွက် ဒေါ်မဝင်းနုပါ ဦးတို့က ကျောက်ဖြူခရိုင် တရားရုံးကို ဆက်လက်ပြီး ပြင်ဆင်မှုတင်သွင်းခဲ့ရာ ဒုတိယခရိုင်တရားသူကြီး ဦးဌေးရီက သုံးသပ်လျက် ကျောက်ဖြူမြို့နယ်တရားရုံးရဲ့ အမိန့်ကို အတည်ပြုပြီး တင်သွင်းခဲ့တဲ့ ပြင်ဆင်မှုများကို ပလပ်ခဲ့ကြောင်း သိရှိရပါတယ်။

          ရဲစခန်းက အဲဒီ့ဦးတိုက်လျှောက်ထားမှုများကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စစ် ဆေးစဉ် စစ်ဆေးခံရသူများက ငွေလက်ခံရယူခြင်းမရှိကြောင်း ထွက်ဆိုကြတဲ့အတွက် သက်သေခံငွေ များကို သိမ်းဆည်းတင်ပြနိုင်ခြင်းမရှိခဲ့ကြောင်း၊ ဒီအမှုကိစ္စများကို ဒေါ်မဝင်းနုပါ ဦးတို့က ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းကို လာရောက်တိုင်ကြားခဲ့ခြင်းမရှိဘဲ ၎င်းတို့ကိုယ်တိုင် ကျောက်ဖြူ မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူမြို့နယ်နဲ့ ခရိုင်တရားရုံးတို့ရဲ့  အမိန့်များကို ရခိုင်ပြည်နယ် တရားလွှတ်တော်ကို ဆက်လက်ပြီးတော့ ပြင်ဆင်မှုတက်ရောက်ခဲ့ခြင်း မရှိကြောင်းလည်း သိရှိရပါတယ်။ ဒေါ်မဝင်းနုပါ ဦးတို့က တရားရုံးကို ဦးတိုက်မလျှောက်မီ ဦးဝေဘစံပါ ဦးတို့အား သူတို့ထံမှ ငွေများရယူသွားခြင်းကို မကျေနပ်တဲ့အတွက် အရေးယူပေးဖို့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်() မဲဆန္ဒနယ် ကျောက်ဖြူမြို့နယ် ဦးကျော်လွင်ထံလိပ်မူပြီး တိုင်ကြားခဲ့လို့ ဦးကျော်လွင်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံကို ဆက်လက်တင်ပြခဲ့ကြောင်း၊ အဲဒီလိုတင်ပြခဲ့မှုကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ရက်စွဲပါစာအမှတ် ၀၁/-/အစိုးရ(ရခိုင်)ဖြင့် အဆိုပါကိစ္စ နှင့်ပတ်သက်လို့ မှန်ကန်မှုရှိ၊ မရှိ စိစစ်တင်ပြရန် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အကြောင်းကြားခဲ့ကြောင်း၊ အဲဒီတိုင်ကြားစာနှင့်ပတ်သက်ပြီး ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စံရွှေမောင် ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေး တွေ့ရှိချက်အရ လျော်ကြေးငွေရရှိသူ ဦးအနက် ဒေါ်မဝင်းနုပါ ဦးက မြို့နယ်မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဝေဘစံ၊ မြေတိုင်းအဆင့်() ဦးမိုးလင်းထွန်းနဲ့ ဂြင်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းတို့ကို ငွေများပေးခဲ့ရကြောင်း ထွက်ဆိုခဲ့ကြပြီး ကျန် ဦးမှ မပေးခဲ့ရ ကြောင်း ထွက်ဆိုခဲ့ကြကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တိုင်ကြားခံရသူများက လျော်ကြေးငွေရရှိသူ အချို့ဆီက ငွေကြေးရယူမှုနှင့်ပတ်သက်ပြီး သံသယဖြစ်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြချက်အရ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်ကြားခံရသူများကို အရေးယူဆောင်ရွက် သင့်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခဲ့ပါတယ်။

          စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတင်ပြချက်အရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရက်စွဲပါစာအမှတ် ၀၁/-/အစိုးရ(ရခိုင်)နဲ့ မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဝေဘစံနှင့် မြေတိုင်းအဆင့်() ဦးမိုးလင်းထွန်းတို့ကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအရ အရေးယူရန်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲသွားရန် အကြောင်း ကြားခဲ့ကြောင်း၊ အဲဒီလို အကြောင်းကြားချက်အရ ကျောက်ဖြူခရိုင် မြေစာရင်းဦးစီးဌာနမှူး ခေါင်းဆောင်ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးခဲ့ပြီး ၎င်းတို့က လျော်ကြေးငွေ ရရှိသူ များထံမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်း မရှိခဲ့ပေမယ့်လည်း အများပြည်သူ သံသယဖြစ်ဖွယ် စိစစ်တွေ့ရှိရကြောင်း သုံးသပ်တင်ပြချက်အရ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ရက်စွဲပါရုံးအမိန့်အမှတ် (၂၂၆/၂၀၁၂) ဖြင့် ဦးဝေဘစံနှင့် ဦးမိုးလင်းထွန်းတို့ ဦးကို မှတ်တမ်းတင် သတိပေးခဲ့ခြင်း၊ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ရက် ရက်စွဲပါ စာအမှတ် /-၁၇/ဦး- ဖြင့် ဂြင်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းကို တာဝန်မှ ရပ်စဲခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် စုံစမ်းစစ်ဆေးချက်များနှင့် တရားရုံးစစ်ဆေးချက် များအရ ဒေါ်မဝင်းနုပါ ဦးက ငွေများ ပြန်လည်ရယူလိုကြောင်းသာ ပေါ်ပေါက်တဲ့အတွက် တရားမ ကြောင်းအရ ငွေရယူလိုမှုဖြင့်ဖြစ်စေ၊ မတရားနစ်နာမှုဖြင့်ဖြစ်စေ တရားဥပဒေအရ စွဲဆိုတောင်းခံနိုင် ပါကြောင်း ဖြေကြားပါသည်။