ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပြည်သူ့ဆေးရုံတွင် ယခင်က မြို့နယ်ဆရာဝန်ကြီး တစ်ဦးသာရှိခဲ့ပြီး ယခုအခါထပ်မံ၍ လက်ထောက်ဆရာဝန်တစ်ဦးရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဆေးဘက်ဆိုင်ရာကျွမ်းကျင်ဝန်ထမ်းများ ထပ်မံ၍ လိုအပ်လျက်ရှိနေသေးကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ပြည်သူ့ဆေးရုံတွင် လစ်လပ်နေသော လက်ထောက်ဆရာဝန်သွားတစ်ဦး၊ ဓာတ်မှန်ကျွမ်းကျင်-၃ တစ်ဦး၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဆေးမှူးတစ်ဦးစသည့် ကျန်းမာရေးဝန်ထမ်းများအား ခန့်အပ်တာဝန်ပေးနိုင်မည့် အစီအစဉ် များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ပင်းတယမြို့ ပြည်သူ့ဆေးရုံမှာ ယခုလက်ရှိမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတစ်ဦး တာဝန်ထမ်းဆောင်လျက်ရှိ ပြီးတော့ လက်ထောက်ဆရာဝန်တစ်ဦးကိုလည်း မကြာခင်က ပြီးခဲ့တဲ့လနောက်ဆုံးအပတ်ကပဲ ဖြည့်စွက်ခန့်ထားပြီးဖြစ်ပါတယ်။ လိုအပ်သောကျန်းမာရေးဆရာမများကိုလည်း ဖြည့်စွက်ခန့်ထားရေး အတွက်ကို ဆောင်ရွက်လျက်ရှိပါကြောင်းနဲ့ ဆေးရုံအဆောက်အဦများကို ၂၅ ခုတင်ဆံ့ ဆေးရုံအဆင့်နဲ့ ကိုက်ညီအောင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေလျာထားပြီးတော့ တင်ပြတောင်းခံ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
