ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ခရိုင်လေးခရိုင်ရှိပြီး မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်တွင် CDMA တယ်လီဖုန်းလိုင်းမရှိသေးပါ။ အခြားခရိုင်မှာ CDMA ဖုန်းလိုင်းများ ရရှိနေပြီဖြစ်သဖြင့် မိုင်းဆတ်မြို့နယ်အတွက် CDMA တယ်လီဖုန်းလိုင်း သို့မဟုတ် GSM တယ်လီဖုန်း အသုံးပြုခွင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိသိလိုပါတယ်။ အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် စီစဉ်ပေးနိုင်ခြင်းမရှိကြောင်းသိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မဲဆန္ဒနယ်မှ ဦးစိုင်းခတ္တိယရဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ မိုင်းဆတ်မြို့မှာ GSM လိုင်း ၃၀၀၀ တပ်ဆင်ခြင်းလုပ်ငန်းကို GSM မိုဘိုင်းတိုးချဲ့တပ်ဆင်ခြင်းစီမံကိန်း ပထမနှစ်ရဲ့ ပထမအဆင့် ယခုစတင်ပြီးတော့ ကျွန်တော်တို့ Site Survey ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပထမနှစ်ရဲ့ ပထမအဆင့်မှာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ြဖေကြားအပ်ပါတယ်။ ဆက်လက်ပြီးတော့ အဲဒီမြို့မှာပါပဲ။ CDMA-450 လိုင်း ၇၅၀ တပ်ဆင်ခြင်းလုပ်ငန်းကိုလည်းပဲ စက်ပစ္စည်းများစတင်ပြီး ပို့ဆောင်နေပြီဖြစ်ပြီးတော့ အောက်တိုဘာလ ပထမအပတ်မှာ စက်ပစ္စည်းများတပ်ဆင်ပြီးတာနဲ့ အောက်တိုဘာလကုန်လောက်မှာ မိုင်းဆတ်မြို့မှာ CDMA-450 တယ်လီဖုန်းကိုစတင်အသုံးပြုနိုင်မှာ ဖြစ်ကြောင်းဖြေကြားပါသည်။
