ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အောက်ဖော်ပြပါရပ်ကွက်သုံးခု ယနေ့တိုင် လျှပ်စစ်မီးမရရှိသေးပါ။ (၁) အမှတ် ၄ ရပ်ကွက်၊ ၁၉၉၅ ခုနှစ်မှာ ရပ်ကွက်အဖြစ်စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးတော့ အိမ်ခြေ ၁၆၅ လုံး ၊လူဦးရေ ၁၂၀၀ ခန့်နေထိုင်ပါတယ်။ (၂) အမှတ် ၁၅ ရပ်ကွက်၊ ၂၀၀၈ ခုနှစ်မှာ အင်းစိန်မြို့နယ်၊ သံမဏိစက်ရုံဝန်းကနေ ပြောင်းရွှေ့လာရခြင်းဖြစ်ပြီး အိမ်ခြေပေါင်း ၄၂၄ လုံး၊ လူဦးရေ ၅၂၀၀ ခန့်နေထိုင်ပါတယ်။ (၃) အမှတ် ၂၀ ရပ်ကွက်၊ ၁၉၉၅ ခုနှစ် မှာရပ်ကွက်သစ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အိမ်ြခေ ၁၁၃၈ လုံး၊ လူဦးရေ ၅၂၀၀ ခန့်နေထိုင်ပါတယ်။ အထက်ပါ ရပ်ကွက်သုံးခု လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ပါရန်နှင့် မည်သည့်ကာလတွင် ဆောင်ရွက်ပေးနိုင်ပါမည်ကို မေးမြန်းပါသည်။
ရွှေပြည်သာမြို့မှာ ရပ်ကွက် ၄ ရပ်ကွက်ဟာ ဧရိယာအကျယ်အဝန်း ၁၀၁၁.၃၃ ဧကရှိပြီးတော့ ၁၉၉၅ ခုနှစ်မှာ ရပ်ကွက်အဖြစ် ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါတယ်။ လက်ရှိတွင် အိမ်ြခေ ၁၆၀ ခန့်နှင့် လူဦးရေ ၁၁၀၀ ကျော်ခန့်ရှိပြီးတော့ လူနေထိုင်ခြင်းမရှိတဲ့ ြမေကွက်လွတ် ၂၀၀၀ ခန့်ရှိကြောင်းသိရပါ တယ်။ ရပ်ကွက်လူနေထိုင်မှုမှာ သိပ်သည်းမှုမရှိဘဲ ကျိုးတို့ကျဲတဲနေထိုင်တဲ့အတွက် တစ်ရပ်ကွက်လုံး ကို ၄၀၀ ဗို့လိုင်းဓာတ်အားလိုင်းများ ဆွဲထားရန်ခက်ခဲပါတယ်။ သို့သော် အဆိုပါအမှတ် (၄) ရပ်ကွက် အတွင်း လူနေအနည်းငယ် သိပ်သည်းမှုရှိသောနေရာအား အမှတ်(၃)ရပ်ကွက် နွယ်သာကီလမ်းနှင့် အာဇာနည်ပတ်လမ်းထောင့်ကနေပြီး ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ၃၀၀ ကေဗွီအေ ထရန်စဖော်မာမှ ဓာတ်အားဖြန့်ဖြူးထားတဲ့ ၄၀၀ ဗို့လိုင်းမှတစ်ဆင့် ဓာတ်အားသတ်မှတ်ပြီး ဓာတ်အား များကို အိမ်ြခေများသို့ ဓာတ်အားပေးထားပါတယ်။ အမှတ်(၄)ရပ်ကွက်အတွင်း လူနေသိပ်သည်းမှု မရှိဘဲ ပြန့်ကျဲစွာနေထိုင်နေတဲ့အတွက် ကျယ်ပြန့်စွာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ကုန်ကျ စရိတ်အလွန်များမှာဖြစ်တဲ့အတွက် လောလောဆယ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် နောင်လာမည့်နှစ်မှာ ဘဏ္ဍာရေးနှစ်မှာ စီစဉ်လျာထားပြီးဖြစ်ပါတယ်။ တိုးချဲ့အမှတ် ၁၅ ရပ်ကွက်ဟာ ၂၀၀၈-၂၀၀၉ ခုနှစ်မှာ အင်းစိန်မြို့နယ်၊ သံမဏိစက်ရုံဝင်းမှ ပြောင်းရွှေ့နေရာချထားပေးတဲ့ အိမ်ြခေ ၁၂၄ လုံးနဲ့လူဦးရေ ၅၂၀၀ နေထိုင်လျက်ရှိတယ်။ ရပ်ကွက်အတွက် လျှပ်စစ်ဓာတ်အားရရှိရေး အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေလျာထား တောင်းခံပေးသွားမှာဖြစ်ပါတယ်။ အမှတ် ၂၀ ရပ်ကွက်ကိုတော့ ၁၉၉၅ ခုနှစ်က ရပ်ကွက်ဖွဲ့စည်း၍ အိမ်ြခေ ၁၁၃၈ အိမ်၊ အိမ်ထောင်စုဦးရေ ၁၃၂၈ ဦး၊ လူဦးရေ ၅၁၄၇ ခန့် နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ယင်းတို့အနက် အလွယ်တကူ လျှပ်စစ်ဓာတ်အားပေးနိုင်တဲ့အိမ်ထောင်စုဦးရေ ၁၂၆ စုကိုတော့ အမှတ် ၁၉ ရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့ ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကော်မတီပိုင် ၅၀၀ ကေဗွီအေထရန်စဖော်မာရဲ့ ၄၀၀ ဗို့ ဓာတ်အားလိုင်းများမှတစ်ဆင့် အိမ်သုံးမီတာများချထားပေးပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ကျန်အိမ်ထောင်စုများ ဓာတ်အားရရှိရေးအတွက်ကိုတော့ လိုအပ်တဲ့ထရန်စဖော်မာ ဓာတ်အားလိုင်းနဲ့ ဆက်စပ်ပစ္စည်းများကို ရပ်ကွက်နေပြည်သူများမှ ကိုယ့်အားကိုယ်ကိုး ပူးပေါင်းကျခံသွားရန် ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ဌာနမှနည်းပညာအကူအညီပေးခြင်းနဲ့ ခွင့်ပြုပေးထားပြီးဖြစ်ပါ ကြောင်းဖြေကြားပါသည်။
