(ခ)-ကျိုင်းတောင်းရေအားလျှပ်စစ်မှ ဓာတ်အားပေးမည့်အစီအစဉ်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ (၃၀-၉-၂၀၁၁)

 ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်မှ ပြည်သူလူထုများဟာ နိုင်ငံတော်အစိုးရက ကွန်ဟိန်း မြို့နယ်သို့ ကျိုင်းတောင်းရေအားလျှပ်စစ်မှ ဓာတ်အားပေးမယ်လို့ကြားသိခဲ့၍ နိုင်ငံတော်အစိုးရအား အထူးပင်ကျေးဇူးတင်၍ စောင့်မျှော်လျက်ရှိနေပါတယ်ရှင်။ ဒါ့အပြင် ပြည်သူလူထုတို့ကလည်း အောက်ပါကိစ္စတို့ကိုကြားသိချင်ကြပါတယ်။ မေးခွန်းနံပါတ် (၁) ကွန်ဟိန်းမြို့နယ်သို့ ကျိုင်းတောင်း ရေအားလျှပ်စစ်မှ ဓာတ်အားပေးမည့်စီမံချက်ကိုသိရှိလိုပါတယ်။ နံပါတ် (၂) မည်သည့်အချိန်တွင်    စီမံချက်စတင်မည်ကိုသိလိုပါတယ်။ ကွန်ဟိန်းမြို့နယ်တွင် မည်သည်‌့အချိန်၌ ကျိုင်းတောင်းရေအား လျှပ်စစ်မှဓာတ်အားများ ရရှိနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။အားစနစ်မှ ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေနဲ့ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်မှုပေါ်မူတည်ပြီးတော့ ဒေသအလိုက် လျှပ်စစ် ဓာတ်အားများတိုးချဲ့ ဖြန့်ဖြူးဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင်လည်း ဒေသအတွင်းမှာ တပ်ဆင်မဂ္ဂါဝပ် ၅၄ ရှိတဲ့ ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံကို အခက်အခဲ များစွာကို ကျော်လွှားပြီးတော့ ၂၀၀၈ ခုနှစ်မှာ တည်ဆောက်ပေးပြီး ဖြစ်ပါတယ်။ ကျိုင်းတောင်း ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားကို ကျိုင်းတောင်း-နမ့်ဆန်ဓာတ်အားလိုင်း ၇၃.၈ မိုင်နဲ့ နမ့်ဆန်မှာ ဓာတ်အားခွဲရုံကြီးတွေ တည်ဆောက်ပေးပြီး ဖြစ်ပါတယ်။ ဓာတ်အားလိုင်းများကို ၂၀၀၈ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှာလည်းကောင်း၊ ဓာတ်အားခွဲရုံကို ၂၀၀၈ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့မှာ လည်းကောင်း ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားများ ပံ့ပိုးလျက်ရှိပါတယ်။ ကျိုင်းတောင်းရေအားလျှပ်စစ်မှ ထုတ်လုပ်တဲ့ဓာတ်အားကို နမ့်ဆန်ကနေပြီးတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသဖွံဖြိုးရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများတိုးချဲ့တည်ဆောက်ရေး ဆောင်ရွက်အကောင်အထည် ဖော်ခဲ့ပါတယ်။ နမ်‌့ဆန်ဓာတ်အားခွဲရုံကို ဗဟိုပြုပြီးတော့ နမ့်ဆန်-ကလော၊ နမ့်ဆန်-မိုးနဲ-လင်းခေး ဓာတ်အားလိုင်းနဲ့ ဓာတ်အားခွဲရုံများကို ၂၀၀၈ ခုနှစ်တွင်တည်ဆောက်ပေးခဲ့ပါတယ်။  ဒါ့အပြင် နမ့်ဆန်၊ ခိုလန်ဓါတ်အားလိုင်းနဲ့ ခိုလန်မှာဓါတ်အားခွဲရုံကို ၂၀၁၀ မှာ တည်ဆောက်ပြီးဖြစ်ပါတယ်။ ဓာတ်အား ရောက်ရှိပြီးဖြစ်တဲ့ ခိုလန် ၆၆ ဓာတ်အားလိုင်းမှတစ်ဆင့် ခိုလန်၊ ကွန်ဟိန်း ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃၃ မိုင်တည်ဆောက်ပြီး ကွန်ဟိန်းမှာ ၆၆/၁၁/၅ MPA ရဲ့ ဓာတ်အားခွဲကိုတည်ဆောက်ပြီး ကွန်ဟိန်း မြို့နယ်အား မဟာဓာတ်အားလိုင်းမှ ဓာတ်