ရမ်းဗြဲမြို့နယ်ဟာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီးတော့ကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၏ ပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေမြို့နဲ့ဆက်သွယ်ရာမှာ အဓိကအားဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောများကို သာအားထားနေရပါတယ်။ ပြည်တွင်းရေကြောင်းပိုင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက်လည်းပဲ အခိုင် အမာ ဆိပ်ခံတံတားတည်ရှိပြီးဖြစ်ပါတယ်။ သို့ရာတွင် ယခုအခါ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောများဟာ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှစပြီးတော့ကာ စက်သုံးဆီအခက်အခဲကြောင့်လုံးဝ ဆိုက်ကပ်ခြင်းမပြုတော့ပါသဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံလူတန်းစားများ၊ ခရီးသွား ပြည်သူ များခရီးသွားလာရေး အခက်အခဲကြုံတွေ့နေရပါတယ်။ ပုဂ္ဂလိကပိုင်ရှိပြီးသား အမြန်လိုင်းဘုတ်မှာ လည်းဆိပ်ကမ်းသို့ ဝင်ရောက်မှုမရှိဘဲ မြစ်ဝတွင်သာ ရပ်နားပြီး ခရီးစရိတ်ကလည်း အင်မတန်ကြီး လေးလှပါတယ်။ သို့ပါ၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရီးသွားလုပ်သားပြည်သူများ ခရီးသွားလာမှု အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန်အတွက် ယခင်ပုံမှန်ပြေးဆွဲနေကြအတိုင်း ပြည်တွင်းရေကြောင်း ပိုင်သင်္ဘောများ နောင်တွင် ပြေးဆွဲ၊ ဝင်ထွက်၊ ဆိုက်ကပ်ရန် အစီအစဉ်ရှိပါသလား။ အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ပြေးဆွဲနိုင်မည်နှင့် ပြေးဆွဲမည့်အစီအစဉ်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင် ရေးဟာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အဓိကမြစ်ကြီးများဖြစ်တဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်၊ လေးမြို့မြစ်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်များအတွင်းမှာ ဌာနပိုင်ရေယာဉ်များနဲ့ ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဒေသအလိုက်အခြေပြုပြီး ဧရာဝတီဌာနခွဲ၊ သံလွင်ဌာနခွဲ၊ ချင်းတွင်းဌာနခွဲ၊ ရခိုင်ဌာနခွဲ၊ မြစ်ဝကျွန်းပေါ်ဌာနခွဲနဲ့ ကုန်ပို့ဆောင်ရေးဌာနခွဲဟူ၍ ဌာနခွဲ ၆ ခုဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဟာ စက်ရှိရေယာဉ် ၂၃၆ စီး၊ စက်မဲ့ရေယာဉ် ၁၅၃ စီး၊ ဆိပ်ခံ ၃၉ စီး၊ စုစုပေါင်း ၄၂၈ စီးတို့ဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မြစ်ကြီးများမှာ ခရီးလမ်းပေါင်း ၅၃ လမ်းနဲ့ ကူးတို့လမ်း ၇ လမ်းကို ပြေးဆွဲပေးလျက်ရှိပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ပြေးဆွဲပေးတဲ့ ခရီးစဉ်များဖြင့် နှစ်စဉ်ခရီးသည် ၂၇.၅၆ သန်း ကျော်နဲ့ကုန်တန်ချိန် ၄.၈၅ သန်းကျော်သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနခွဲဟာ စစ်တွေမှာအခြေပြုပြီး စစ်တွေ-ဘူးသီးတောင်၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-တောင်ကုတ်၊ တောင်ကုတ်-မာန်အောင် ခရီးလေးလမ်းကို ဌာနခွဲမှာရှိတဲ့ စုစုပေါင်းရေယာဉ် ၂၁ စီးဖြင့် ပြေးဆွဲပေးလျက်ရှိပါတယ်။ ရခိုင်ဌာနခွဲမှ ပြေးဆွဲပေးလျက်ရှိတဲ့ ခရီးလေးလမ်းအနက် စစ်တွေ-တောင်ကုတ်ခရီးစဉ်ကို တစ်ပတ်လျှင် သုံးခေါက် (တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ) နေ့များမှာပြေး ဆွဲလျက်ရှိရာ တနင်္လာနေ့ ထွက်ခွာတဲ့ရေယာဉ်ဟာ ရမ်းဗြဲဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက် ဆိုက်ကပ်ခဲ့ပါ တယ်။ ဒါ့အပြင် ဗုဒ္ဓဟူးနေ့ ထွက်ခွာတဲ့ရေယာဉ်များအနက် လတစ်လရဲ့ပထမပတ်နဲ့ တတိယပတ် ထွက်တဲ့ ရေယာဉ်များဟာလည်း ရမ်းဗြဲဆိပ်ကမ်းကို ယခင်က ဆိုက်ကပ်ပေးခဲ့ပါတယ်။
သို့ရာတွင် စစ်တွေ-တောင်ကုတ်ခရီးစဉ်မှာ ရမ်းဗြဲသို့ဆိုက်ကပ်ရာ၌ အစုန်၊အဆန် ခရီးစဉ်များ မှာပျမ်းမျှအတက်၊ အဆင်းခရီးသည် ၁၀ ဦးအောက်သာ လိုက်ပါမှုရှိခြင်းနဲ့ ကုန်ရရှိမှုနည်းပါးခြင်း တို့ကြောင့် သင်္ဘောကြီးများအနေနဲ့ ဝင်ငွေနဲ့အသုံးစရိတ် အချိုးမညီမျှဘဲ စီးပွားရေးတွက်ြခေကိုက်မှု မရှိတဲ့အတွက် ၁-၇-၂၀၁၁ ရက်နေ့မှစတင်၍ ရမ်းဗြဲသို့ဝင်ရောက်ပြေးဆွဲခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပါ တယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ခရီးစဉ်များရပ်ဆိုင်းခဲ့ပေမယ့်လည်း ရမ်းဗြဲ-တောင်ကုတ် ခရီးစဉ်ကို ပုဂ္ဂလိကစက်လှေများ တစ်ပတ်လျှင် သုံးရက်ပြေးဆွဲပေးနေပါတယ်။ ဒါ့အပြင် ရမ်းဗြဲမှ ကျောက်ဖြူသို့ မော်တော်ကားလမ်း ဖောက်လုပ်ထားပြီးဖြစ်ရာ ပုဂ္ဂလိကမော်တော်ယာဉ်လိုင်း နေ့စဉ် ပြေးဆွဲပေးလျက်ရှိပြီး အဆင်ပြေစွာသွားလာနိုင်ကြောင်းသိရှိရပါတယ်။ စစ်တွေသို့ ရေလမ်းနဲ့သွား ရမယ့်ခရီးသည်များအနေနဲ့လည်း ကျောက်ဖြူဆိပ်ကမ်းမှတစ်ဆင့် သင်္ဘောဖြင့်စစ်တွေသို့လိုက်ပါ လျက်ရှိကြောင်းသိရှိရပါတယ်။ လက်ရှိအခြေအနေမှာ ရမ်းဗြဲဆိပ်ကမ်းရဲ့ ခရီးသည်လိုက်ပါမှုနဲ့ ကုန်စည်ရရှိမှုဟာ ရရှိသောဝင်ငွေနဲ့ ကုန်ကျသောအသုံးစရိတ် အချိုးအစားညီမျှမှုမရှိနိုင်သေးပါ။ သို့ပေမယ့်လည်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ရေလမ်းခရီး သွားပြည်သူလူထု အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အမြဲအလေးထား စဉ်းစားဆောင် ရွက်ပေးလျက်ရှိပါကြောင်းနဲ့ ရမ်းဗြဲဆိပ်ကမ်းမှ ခရီးသည်လိုက်ပါမှုနဲ့ ကုန်စည်တင်ဆောင်မှုတိုးတက် လာချိန်တွင် ရေယာဉ်များပြန်လည်ပြေးဆွဲ ဝင်၊ထွက် ဆိုက်ကပ်နိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ပါ ကြောင်းဖြေကြားပါသည်။
