(ဂ)-သီးနှံအမျိုးအစားအလိုက် နိုင်ငံတကာဈေးကွက်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ (၂၈-၉-၂၀၁၁)

ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးတဲ့နေရာမှာ တောင်သူလယ်သမားများနဲ့ စိုက်ပျိုးထုတ်လုပ်သူများ ဟာ သီးနှံဈေးကွက်ကိုမဖြစ်မနေ သိရှိဖို့လိုအပ်ပါတယ်။ သီးနှံရဲ့ဝယ်လိုအား၊ ရောင်းလိုအားနဲ့ ဈေးနှုန်း စတဲ့သတင်းအချက်အလက်များကိုသိရှိနေမှသာ သူတို့စိုက်ပျိုးထုတ်လုပ်မှုရဲ့လုပ်ငန်းများမှာ အကျိုး အမြတ်များရရှိမှာဖြစ်ပါတယ်။ ဒီသတင်းအချက်အလက်များကိုစာစောင်များ၊ ဂျာနယ်များ၊ အင်တာနက် များမှာကြည့်ရှုနိုင်ပေမယ့်လို့ ဘဝအခြေအနေအရကြည့်ရှုနိုင်တဲ့အရေအတွက် အလွန်နည်းပါးတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ Internet Source နဲ့ပတ်သက်လို့ ၃၀၀၀၀၀ လောက် ရှိပြီးတော့ ဒီနေရာမှာ Data Transfer လုပ်တဲ့သူကနည်းပြီး Game နဲ့ Chatting ထိုင်တဲ့ သူကများပါတယ်။ ဒါကြောင့် သတင်းရရှိဖို့အတွက်ကို နိုင်ငံတော်ကနေစီစဉ်ပေးဖို့လိုမယ်လို့ယူဆ ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သာမန်အနေအထားနဲ့ကာလမျိုးမှာ ဝယ်လိုအားလည်းမရှိ၊ ဈေးကောင်း လည်းမရနိုင်တဲ့သီးနှံမျိုးကို မစိုက်ပျိုးဘဲနဲ့ ဝယ်လိုအားလည်းရှိ ဈေးကောင်းလည်းရနိုင်တဲ့ သီးနှံမျိုးကို စိုက်ပျိုးဖို့အထူးလိုအပ်ပါတယ်။ ဒီလိုစိုက်ပျိုးနိုင်ဖို့ဆိုရင် နိုင်ငံတော်ကနေ စိုက်ပျိုးသူတောင်သူများနဲ့ ထုတ်လုပ်သူများကို သတင်းအချက်အလက်များနဲ့ပတ်သက်ပြီးတော့ဖြစ်စေ၊ နည်းပညာများနဲ့ပတ်သက် ပြီးတော့ဖြစ်စေ စဉ်ဆက်မပြတ်သိရှိနေအောင် ဆောင်ရွက်ပေးဖို့လိုမှာဖြစ်ပါတယ်။ ဒါမှသာကောင်းမွန် သောဈေးကွက်ကိုရှာဖွေရရှိမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ သာမန်ကာလမျိုးမဟုတ်ဘဲနဲ့ ယနေ့ ဖြစ်ပေါ်နေတဲ့ပတ်ဝန်းကျင်နိုင်ငံများမှာ သဘာဝဘေးဒဏ်ကြောင့် စိုက်ပျိုးသီးနှံများစွာပျက်စီးဆုံးရှုံး သွားတဲ့အခါမျိုးမှာ ဈေးကွက်အနေအထားအရရော ဝယ်လိုအားအရပါ အခွင့်အရေးကောင်းတွေ ရရှိနိုင်တာမျိုး ကျွန်တော်တို့ကြုံတွေ့ကြမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပတ်ဝန်းကျင်နိုင်ငံများ ရဲ့လိုအပ်ချက်ကို မိမိရဲ့ဈေးကွက်အဖြစ် ဖန်တီးနိုင်မှုဆောင်ရွက်နိုင်မယ်ဆိုရင် စိုက်ပျိုးသူတောင်သူ လယ်သမားများနှင့် ထုတ်လုပ်သူများကို သတင်းအချက်အလက်များ ကြိုတင်ချထားပေးဖို့လိုမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ လက်တွေ့လုပ်ကိုင်နေတဲ့လုပ်ငန်းနဲ့ပတ်သက်လို့ ဥပမာ တင်ပြရရင် စိုက်ပျိုးသီးနှံမဟုတ်ဘဲနဲ့ သာမန်ဟင်းသီးဟင်းရွက်ထဲက ဂျူးမြစ်၊ ဂျူးမြစ်ကို ယနေ့ ကျွန်တော်တို့နိုင်ငံမှာ ကလော၊ အောင်ပန်း၊ ပင်းတယစတဲ့ ဒေသတွေမှာထွက်ပါတယ်။ ယခင်ကာလက ဒီပစ္စည်းတွေကို ကျွန်တော်တို့ အရှေ့ဘက်နိုင်ငံကို အောက်ဈေးနဲ့ရောင်းချနေရတဲ့ အနေအထား ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ ဈေးကွက်ရှာဖွေကြည့်တဲ့အခါမှာ ဒီဂျူးမြစ်များကို ကင်ချီအဖြစ် အသုံးပြုတဲ့အလားတူ အခြားအစားအသောက်တွေမှာသုံးဖို့အတွက်  ဝယ်ယူလာတာကိုတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့  ပြီးခဲ့တဲ့နှစ်မှာ ဒီပစ္စည်းကိုဒေသပေါက်ဈေးဟာ တကယ်တော့ဒေသမှာ တစ်ပိဿာ ၃၅၀ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ ဒေသရဲ့ဒိုင်ရောက်တဲ့ အခါမှာ ၅၀၀ ဈေးနဲ့ ဝယ်ယူပါတယ်။ ရန်ကုန်အရောက် ၇၀၀ ပေးပြီးတော့ ဈေးကောင်းရင် ကျွန်တော်တို့ ၁၀၀၀ ထိပေးတဲ့ အဆင့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့တန်ချိန် ၁၂ တန်တင်ပို့နိုင်ပါတယ်။ ဒီလိုတင်ပို့တဲ့ အတွက်ကြောင့် ယနေ့လာမယ့်နှစ်မှာ ဝယ်လိုအားနဲ့ ဈေးကွက်အခြေအနေကောင်းလာတဲ့အတွက် ကြောင့် ကျွန်တော်တို့ ကြိုတင်သတင်းရရှိတဲ့အတွက်ကြောင့် လာမယ့်နှစ်မှာပိဿာချိန်ပေါင်း           ၁၂ သိန်း၊ တန်ချိန်အားဖြင့် ၂၀၀၀၊ ဝင်ငွေအားဖြင့် နိုင်ငံခြားငွေဒေါ်လာတစ်သောင်းဖိုးခန့် တင်ပို့နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး ခေတ်မီစက်မှုနိုင်ငံထူထောင် ရေးနှင့် အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်လျက်ရှိပါ တယ်။ နေရာဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းသည့်သီးနှံများသည် နိုင်ငံအတွက်သော်လည်းကောင်း၊ စိုက်ပျိုးထုတ်လုပ်သူများအတွက်သော်လည်းကောင်း အထူးတလည်အကျိုးဖြစ်ထွန်းပါတယ်။ ယနေ့ ကာလတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများကြောင့် ပတ်ဝန်းကျင်နိုင်ငံများတွင် သဘာဝဘေး အန္တရာယ်များနှင့်ကြုံတွေ့လျက်ရှိရာ သီးနှံများပျက်စီးဆုံးရှုံးမှုကြောင့် သီးနှံရှားပါးခြင်းနှင့် ဈေးနှုန်းကြီး မြင့်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပါတယ်။ သို့ဖြစ်ပါ၍ ယခုကဲ့သို့သောအခြေအနေတွင် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူများအကျိုး ဖြစ်ထွန်းစေရန် အောက်ပါတို့ကိုအသိပေးထုတ်ပြန်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါတယ်-

 (၁)    သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသော အိမ်နီးချင်းနိုင်ငံများအလိုက် စပါးနဲ့ အခြား သီးနှံများလိုအပ်ချက်။

(၂)     မိမိနိုင်ငံအနေဖြင့် ၎င်းလိုအပ်ချက်အပေါ်မူတည်၍ စိုက်ပျိုးရမည့် သီးနှံအမျိုးအစား၊ စိုက်ဧက၊ နည်းပညာအကြံပြုချက်။

(၃)     စိုက်ပျိုးထုတ်လုပ်မှု သီးနှံအမျိုးအစားအလိုက် နိုင်ငံတကာဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားအ‌ြခေအနေတို့ကို အသိပေးထုတ်ပြန်ပေးရန်    အစီအစဉ်ရှိ၊  မရှိ။  ရှိပါက

မည်သို့ ဆောင်ရွက်ပေးနိုင်မည်ကိုမေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

မေးခွန်းနှင့်ပတ်သက်ပြီးတော့ မေးခွန်း(၃)ခုမှာ ပထမမေးခွန်းက တော့သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသော အိမ်နီးချင်းနိုင်ငံများအလိုက် စပါးနဲ့ အခြားသီးနှံများ လိုအပ်ချက်ကို တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူများ အကျိုးဖြစ်ထွန်းစေရန်အသိ ပေးထုတ်ပြန်ရန် အစီအစဉ်ရှိ၊မရှိဖြစ်ပါတယ်။ ဒုတိယအနေနဲ့ မိမိတို့နိုင်ငံအနေဖြင့် ၎င်းလိုအပ်ချက် အပေါ်မူတည်၍ စိုက်ပျိုးရမည့်သီးနှံအမျိုးအစား၊ စိုက်ဧကနှင့် နည်းပညာအကြံပြုချက်များထုတ်ပြန် ပေးရန်အစီအစဉ်ရှိ၊ မရှိဖြစ်ပါတယ်။

တတိယမေးခွန်းကတော့ စိုက်ပျိုးရမည့် သီးနှံအမျိုးအစားအလိုက် နိုင်ငံတကာဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားအ‌ြခေအနေတို့ကို တောင်သူလယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူ များအကျိုးဖြစ်ထွန်းစေရန် ထုတ်ပြန်အသိပေးရန် အစီအစဉ်ရှိ၊မရှိဆိုတဲ့ မေးထားတဲ့မေးခွန်းများဖြစ် ပါတယ်။ ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းများသည် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုများကို အကျိုးဖြစ်ထွန်းစေရန်အတွက် သတင်းအချက် အလက်များဖြန့်ချိပေးခြင်း၊ အသိပညာများဖြန့်ချိပေးခြင်း၊ တစ်နည်းအားဖြင့် လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် သတင်းအချက်အလက်ဆက်စပ်မှုတို့ကို မေးမြန်းထားကြောင်းတွေ့ရှိရပါတယ်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ချမှတ်အကောင်အထည်ဖော်နေတဲ့ စိုက်ပျိုးရေးထွက်ကုန်များတိုးတက်မြင့်မားစေရေးအတွက် အ‌ြခေခံလိုအပ်ချက်ကြီး ၅ ရပ်တွင် အဓိက သော့ချက်ကျတဲ့အချက်ဖြစ်တဲ့ ထွက်ရှိလာသည့်သီးနှံများအပေါ် တွက်‌ြခေကိုက်ပြီးဈေးကွက်ခိုင်မာ အောင်ဆောင်ရွက်ပေးရမည်ဟူသောအချက်သည် ကိုယ်စားလှယ်တော်ကြီး၏ မေးခွန်းနှင့်ကိုက်ညီ ထင်ဟပ်နေသောအချက်ဖြစ်ပါတယ်။ တောင်သူလယ်သမားများ၏ ထုတ်လုပ်သီးနှံများအလိုက် ဝင်ငွေ တွက်‌ြခေကိုက်မှုနှင့် ဈေးကွက်လိုအပ်ချက်ကိုကိုက်ညီရန်မှာ အ‌ြခေခံအကျဆုံးလိုအပ်ချက်ဖြစ်ပါတယ်။ ယနေ့ကာလတွင် သတင်းအချက်အလက်နည်းပညာ Information Technology မှာ ကမ္ဘာနှင့် အဝန်း တိုးတက်ထွန်းကားလျက်ရှိပြီး ကျေးရွာအဆင့်အထိ ဂြိုလ်တုဆက်သွယ်ရေးစနစ်အ‌ြခေခံသော လူတိုင်းလက်လှမ်းတမီ ငွေကြေးတတ်နိုင်ကြသူတိုင်း အလွယ်တကူဝယ်ယူကိုင်ဆောင်နိုင်သည့် လက်ကိုင်ဖုန်းများ ကျယ်ပြန့်စွာအသုံးပြုနေကြသည့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

သတင်းအချက်အလက်နည်းပညာ၏ လျင်မြန်စွာတိုးတက်မှုအရှိန်အဟုန်ကြောင့် ကမ္ဘာကြီးကို ကမ္ဘာ့ရွာ Global Village အဖြစ်ရောက်ရှိနေပြီဖြစ်ကြောင်း တင်စားနေကြပြီဖြစ်ပါတယ်။ ကိုယ်စားလှယ်ကြီးများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်မေးခွန်း (၃) ခုစလုံးမှာ တောင်သူ လယ်သမားများ၊ စိုက်ပျိုးထုတ်လုပ်သူများအတွက်မရှိမဖြစ်လိုအပ်သော သတင်းအချက်အလက်များ ဖြစ်သည်နှင့်အညီ မိမိတို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်သော်လည်း ကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်သော်လည်းကောင်း အပတ်စဉ် ထုတ်ဂျာနယ်များဖြစ်သော လယ်ယာစီးပွားဂျာနယ်၊ Commerce Journal၊ လစဉ်ထုတ် Trade New စာစောင်တို့တွင် မပြတ်သတင်းအချက်အလက်များဖော်ပြလျက်ရှိကြောင်း ပြောကြားလိုပါ တယ်။ ထို့အပြင် Weekly Report Market News Bulletin တို့ကို WWW.Commerce.Gov.mm တို့တွင်ဖတ်ရှုနိုင်ကြောင်းနှင့် အခြားကုန်သွယ်မှုနှင့်ပတ်သက်သော သတင်းအချက်အလက်များအား WWW.MyanmarTradenet.com နှင့် WWW.CommerceJournal.com.mm တို့တွင်လည်း ကောင်းကြည့်ရှုနိုင်ကြောင်းနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအပါအဝင် သတင်းအချက်အလက်များ ကို တောင်သူလယ်သမားများလက်လှမ်းတမီရရှိနိုင်စေရန် တတ်စွမ်းနိုင်သမျှဆောင်ရွက်ပေးလျက်ရှိ နေကြောင်းပြောကြားလိုပါတယ်။ သို့ရာတွင် ကျေးလက်နေတောင်သူလယ်သမားအနေဖြင့် ဈေးကွက် ၏သတင်းအချက်အလက်နောက်ဆုံးအ‌ြခေအနေများကို လက်လှမ်းတမီ အချိန်ကိုက်ရရှိအသုံးချနိုင် ရေးအဆင့်ကိုမူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ယခုထက်အရှိန်အဟုန်မြှင့်၍ တောင်သူလယ်သမားများ၏ လက်တွေ့လက်လှမ်းမီအကျိုးပြုနိုင်မည့် ပြန်ကြားရေးမီဒီယာလုပ်ငန်း များကို ပိုမိုထူထောင်ဆောင်ရွက်နိုင်ရန်များစွာလိုအပ်နေဆဲဖြစ်ပါတယ်။ နိုင်ငံနှင့်အဝန်းလူဦးရေ ၇၀ ရာခိုင်နှုန်းပါဝင်လျက်ရှိသော ကျေးလက်နေပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများအား ကျယ်ပြန့်သောသတင်းအချက်အလက် ဗဟုသုတများလုံလောက်စွာ လက်လှမ်းတမီရရှိလေ့လာအသုံးပြုနိုင်စေရေးအတွက် အခြားသောကမ္ဘာ့နိုင်ငံများကဲ့သို့ ကျေးရွာ အရောက် အဆင့်ဆင့်တောင်သူပညာပေးလယ်သမားကဏ္ဍ Information Network တစ်ရပ် ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရအပိုင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍကပါ မီဒီယာ လုပ်ငန်းများတွင် ပါဝင်ထူထောင်ဆောင်ရွက်နိုင်ရေး အားပေးလုပ်ဆောင်သွားရန် လိုအပ်ချက် ရှိနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။