(က)-စာချွန်တော်အမိန့်များထုတ်ဆင့်ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၉-၉-၂၀၁၁)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း() ပုဒ်မ ၂၉၄ ဖြင့် နိုင်ငံတော်၏အမြင့်ဆုံးတရားရုံး ဖြစ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဖွဲ့စည်းပေးခဲ့ပြီး ပုဒ်မ ၂၉၅ ဖြင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာများကိုလည်း အပ်နှင်းထားပြီးဖြစ်သလို ပုဒ်မ ၂၉၆(က)တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အောက်ဖော်ပြပါ စာချွန်တော်အမိန့်များကို ထုတ်ပိုင်ခွင့်အာဏာရှိကြောင်း ဖော်ပြထားသည်ကိုတွေ့ရပါတယ်။ ၎င်းတို့မှာ ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ အာဏာပေးစာချွန်တော်အမိန့်၊ တားမြစ်စေစာချွန်တော်အမိန့်၊ အာဏာပိုင်ပေး စာချွန်တော်အမိန့်၊ အမှုခေါ်စာချွန်တော်အမိန့်တို့အား ထုတ်ပိုင်ခွင့်အာဏာများ အပ်နှင်းထားသည်ကို တွေ့ရပါတယ်။ အဆိုပါ အထက်ဖော်ပြပါ စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် မည်ကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်းကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှစတင်၍ ယနေ့အထိ စာချွန်တော်အမိန့် ထုတ်ပေးရန်လျှောက်ထားခဲ့သော တရားမအထွေထွေလျှောက်ထားမှုမှာ ၁၅ မှုနှင့် ပြစ်မှုဆိုင်ရာ အထွေထွေလျှောက်ထားမှု မှု၊ စုစုပေါင်း ၁၆ မှုရှိပါတယ်။ တရားမအထွေထွေလျှောက်ထားမှု ၁၅ မှု မှာ အမှုခေါ်စာချွန်တော်အမိန့် လျှောက်ထားမှု ၁၀ မှု၊ အာဏာပေးစာချွန်တော်အမိန့် လျှောက်ထားမှု မှု၊ တားမြစ်စေစာချွန်တော်အမိန့်နဲ့ အမှုခေါ်စာချွန်တော်အမိန့်လျှောက်ထားမှု မှု၊ အာဏာပေး စာချွန်တော်အမိန့် သို့မဟုတ် အမှုခေါ်စာချွန်တော်အမိန့် လျှောက်ထားမှု မှု၊ အမှုခေါ်စာချွန်တော် အမိန့်နဲ့ အာဏာပေးစာချွန်တော်အမိန့်လျှောက်ထားမှု မှု တို့ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာအထွေထွေ လျှောက်ထားမှု မှုမှာ အမှုခေါ်စာချွန်တော်အမိန့်နဲ့ တားမြစ်စေစာချွန်တော်အမိန့် လျှောက်ထားမှု ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားခဲ့သော စာချွန်တော်အမိန့်ထုတ်ပေးရန် လျှောက်ထားမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စာချွန်တော်အမိန့်လျှောက်ထားမှုများ ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။