(ဆ)-စိုက်ပျိုးမြေများကို အခြားနည်းဖြင့်အသုံးပြုရန်သိမ်းဆည်းမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၈-၉-၂၀၁၁)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအြခေခံဥပဒေ ၂၀၀၈၊ အခန်း() အပိုဒ်၃၇(က)အရ နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိသယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ဟုဖော်ပြပါရှိပါတယ်။ ၁၉၅၃ ခု၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၈()တွင် နိုင်ငံတော်သမ္မတသည် ဒေသတစ်ခုခုတွင် သီးနှံအမျိုးအစား တစ်ခုကိုစိုက်ပျိုးခြင်းဖြင့်သော်လည်းကောင်း၊ ဒေသတစ်ခုတွင် လယ်ယာမြေကိုသတ်မှတ်ထားသော နည်းလမ်းအတိုင်း အသုံးချခြင်းဖြင့်သော်လည်းကောင်း၊ နိုင်ငံတော်အတွက်ဖြစ်စေ၊ တောင်သူ လယ်သမားများအတွက်ဖြစ်စေ၊ အကျိုးဖြစ်ထွန်းစေမည်ဟုထင်မြင်ယူဆလျှင် အဆိုပါသီးနှံအမျိုး အစားကို စိုက်ပျိုးစေရန်လည်းကောင်း၊ အဆိုပါနည်းလမ်းအတိုင်း လယ်ယာမြေကိုအသုံးချစေရန် သော်လည်းကောင်း သင့်လျော်သည့်ထင်မြင်သည့်အတိုင်းဆောင်ရွက်နိုင်သည်။ သို့မဟုတ်ဆောင်ရွက် စေနိုင်သည်ဟူ၍လည်းကောင်းဖော်ပြပါရှိပါတယ်။ ယင်းအက်ဥပဒေပုဒ်မ ၃၉ တွင် ဤဥပဒေပါ အခြားပြဋ္ဌာန်းချက်များတွင် မည်သို့ပင်ပါစေကာမူ နိုင်ငံတော်သမ္မတသည် သို့တည်းမဟုတ် ဤကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတကခန့်အပ်သောအာဏာပိုင်သည် လိုအပ်သည်ဟုထင်မြင်ယူဆ လျှင်မည်သည့်လယ်ယာမြေကိုမဆို မိမိသတ်မှတ်သည့် နည်းလမ်းအတိုင်းအသုံးချရန် ဆင့်ဆိုနိုင်သည် ဟုဖော်ပြပါရှိပါတယ်။ ယင်းဖော်ပြချက်များအတိုင်း နိုင်ငံတော်နှင့် ပြည်သူများအတွက် ပိုမိုအကျိုး ဖြစ်ထွန်းစေမည့် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတိုင်းတွင် မြေသိမ်းဆည်းမှုများပြုလုပ်ကြပါတယ်။

          မြန်မာနိုင်ငံတွင်လည်း အလားတူမြေသိမ်းဆည်းမှုများကို ထိုက်သင့်သည့်လျော်ကြေးများနှင့် နစ်နာကြေးများပေး၍ ဆောင်ရွက်မှုများရှိခဲ့ပါတယ်။ သို့ရာတွင် နိုင်ငံတော်၏အကျိုးစီးပွားပိုမို ဖြစ်ထွန်းစေမည့်စီမံကိန်းများအတွက် မဖြစ်မနေလိုအပ်ချက်အရမြေသိမ်းဆည်းရာတွင် မြေအသုံးချ ပိုင်ခွင့်ရှိသူများအား အဘက်ဘက်မှနစ်နာမှုမရှိစေရန် အောက်ပါအတိုင်းဆောင်ရွက်သင့်ကြောင်းတင် ပြအပ်ပါတယ်-

          (က)    နိုင်ငံတော်မှ လိုအပ်သောစီမံကိန်းအတွက် လိုအပ်သည့်မြေကို စနစ်တကျစိစစ်ပြီး အနည်းဆုံးလိုအပ်သည့် ဧရိယာကိုသာသိမ်းဆည်းသင့်ပါသည်။

          ()     စီမံကိန်းအကောင်အထည်ဖော်ရာတွင် အနည်းဆုံးကာလသတ်မှတ်ချက်ထားရှိပြီး သတ် မှတ်ချက်ကာလအတွင်း စီမံကိန်းပြီးစီးအောင်ဆောင်ရွက်သင့်ပါသည်။

          ()     စီမံကိန်းဆောင်ရွက်ခြင်းမပြုတော့သော သိမ်းဆည်းမြေများအား မူလလုပ်ကိုင်ခွင့်ရရှိ သည့် တောင်သူလယ်သမားများသို့ ပြန်လည်လုပ်ကိုင်ခွင့်ပြုရန်သင့်ပါသည်။

          ()    နိုင်ငံတော်နှင့် ပြည်သူများ၏အကျိုးစီးပွားထက် ပုဂ္ဂလိကအကျိုးစီးပွားကို ရည်ရွယ် ဆောင်ရွက်သော စိုက်ပျိုးမြေများအား အခြားနည်းလမ်းအသုံးပြုရန်သိမ်းဆည်းခြင်းများ ကို ထိရောက်စွာစိစစ်ကြပ်မတ်သင့်ပါသည်။ ဥပမာ - လယ်ယာမြေများတွင် ပုဂ္ဂလိက များအား မြေအိမ်ဆောက်လုပ်ခွင့်ပေးမှု။

          အထက်ပါတင်ပြချက်များနှင့်ပတ်သက်၍ မေးခွန်း() စီစဉ်ဆောင်ရွက်ရန်အစီအစဉ် ရှိ၊မရှိ။ မေးခွန်း() မရှိလျှင်မည်သည့်အတွက်နည်း။ မေးခွန်း() ရှိလျှင် မည်သို့ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ အရအဆိုပါအက်ဥပဒေပါ အခြားပြဋ္ဌာန်းချက်များမှာ မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်သမ္မတ ဟာ သို့တည်းမဟုတ် ယင်းကိစ္စအလို့ငှာ နိုင်ငံတော်သမ္မတကခန့်အပ်သော အာဏာပိုင်ဟာ လိုအပ်သည်ဟုထင်မြင်ယူဆလျှင် မည်သည့်လယ်ယာမြေကိုမဆို မိမိသတ်မှတ်သည့်နည်းလမ်း အတိုင်းအသုံးချရန် ဆင့်ဆိုနိုင်ပါတယ်လို့ဖော်ပြထားပါတယ်။ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ အရ လယ်ယာမြေကိုသတ်မှတ်ထားသည့်နည်းလမ်းအတိုင်းအသုံးပြု ရန်အတွက် ဆင့်ဆိုရန်လျှောက်ထားမှုများနဲ့ပတ်သက်ပြီး အမှုတွဲဖွင့်လှစ်ဆောင်ရွက်ရန် ယခင် လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၊ ဗဟိုမြေယာကော်မတီရဲ့ ၁၀--၁၉၇၅ ရက်စွဲပါစာအမှတ်၊ ၂၂၅/ ဗလက()()၇၂(ရန်ကုန်)၁၀၇ ဖြင့်ညွှန်ကြားထားရှိခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါအက်ဥပဒေပုဒ်မ ၃၉ အရ လယ်ယာမြေကို သတ်မှတ်တဲ့နည်းလမ်းအတိုင်းအသုံးချဖို့အတွက် ဆင့်ဆိုပေးပိုင်ခွင့်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ရုံးရဲ့ ၂၂-၁၁-၁၉၈၈ ရက်စွဲပါစာအမှတ်၊၁၀/၆၀၁-/အဖရ ဖြင် ယခင်တိုင်းဒေသကြီး၊ ပြည်နယ်အာဏာပိုင်တို့ကို လုပ်ပိုင်ခွင့်အပ်နှင်းထားပြီးလည်းဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ ပါ လယ်ယာမြေကိုသတ်မှတ်တဲ့ နည်းလမ်းအတိုင်း အသုံးချခြင်းဆောင်ရွက်ရာမှာဥပဒေနဲ့အညီ နိုင်ငံတော်သမ္မတကဆောင်ရွက် ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကထောက်ခံကာ သက်ဆိုင်ရာပြည်ထောင်စုအစိုးရဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြဆောင်ရွက် သွားဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ --၂၀၁၁ ရက်စွဲပါစာအမှတ်၊ /၂၅၂-လယ်ယာ/အဖရ(၂၀၁၁) ဖြင့်ညွှန်ကြားထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ၊ လုပ်ငန်း၊ ဌာန၊ အဖွဲ့အစည်းများက မြေသိမ်းဆည်းပေးဖို့အဆိုပြုလျှောက်ထားရာမှာ သိမ်းယူမယ့်မြေရဲ့ တည်နေရာ၊ နယ်နိမိတ်အလား အလာ၊ အလိုရှိတဲ့ဧရိယာ၊ သိမ်းဆည်းမယ့်မြေရဲ့ ပိုင်ရှင်အမည်၊ မြေပေါ်ရှိအဆောက်အအုံများ၊ သီးပင်စားပင်များ၊ ရာသီအလိုက်စိုက်ပျိုးသီးနှံစာရင်း မည်သည့်အတွက်ကြောင့်သိမ်းယူလိုကြောင်း ကျိုးကြောင်းဖော်ပြချက် ပြည့်စုံစွာပါရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် သိမ်းယူလိုတဲ့မြေနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာမြေစာရင်းဦးစီးဌာနရဲ့ သက်သေခံမြေပုံ၊ မြေရာဇဝင်၊ သိမ်းယူလိုတဲ့မြေဟာ ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ()ပါ လယ်ယာမြေဆိုတဲ့စကားရပ်နဲ့ အကျုံးဝင်တဲ့ မြေဖြစ်ရင် အဲ့ဒီအက်ဥပဒေပုဒ်မ ၃၉ အရ လယ်ယာမြေကို သတ်မှတ်တဲ့နည်းလမ်းအတိုင်းအသုံးချဖို့ ဆင့်ဆိုတဲ့အမိန့်ခွင့်ပြုချက်နဲ့အတူ သက်ဆိုင်ရာဌာနအကြီးအကဲက အဲ့ဒီမြေကိုသိမ်းယူပေးစေလို ကြောင်း အုပ်ချုပ်မှုဆိုင်ရာသဘောတူညီချက်၊ မြေသိမ်းဆည်းခြင်းအတွက်လိုအပ်တဲ့အသုံးစရိတ်၊ မြေလျော်ကြေးပေးဆောင်ဖို့ ရန်ပုံငွေလုံလောက်စွာရှိကြောင်း ဘဏ္ဍာရေးဆိုင်ရာသဘောတူညီချက် တို့ဖြင့် လျှောက်ထားတင်ပြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အဖွဲ့အစည်း၊ ကော်ပိုရေးရှင်း၊ ဝန်ကြီးဌာန တစ်ခုခုအတွက်ကို အများပြည်သူအကျိုးငှာ မြေသိမ်းဆည်းပေးရန် သက်ဆိုင်ရာဌာနကအဆိုပြု လျှောက်ထားလာပါက ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးများအား မြေသိမ်းယူခြင်းကိစ္စအဝဝကို အရေးယူဆောင်ရွက်နိုင်ရန် မြေသိမ်းကော်လိတ္တော်အရာရှိအဖြစ် လုပ်ပိုင်ခွင့်အပ်နှင်းတာဝန်ပေးအပ် ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်မှာ ဝန်ကြီး ဌာနများက မြေနေရာများကို လုပ်ငန်းလိုအပ်ချက်အရ နိုင်ငံတော်ရဲ့အကျိုးစီးပွားအတွက် မြေနေရာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လိုတဲ့အခါြမေအသုံးချခွင့်ရရှိရေးအတွက်ကို သက်ဆိုင်ရာဝန်ကြီး ဌာနက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ရယူသွားဖို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ရဲ့ ၁၅--၂၀၀၂ ရက်စွဲပါစာအမှတ်၊ ၄၆/၀၀၁ -(က)/အဖရ ဖြင့် ညွှန်ကြားထားရှိပြီးဖြစ်ပါတယ်။

အများပြည်သူအကျိုးငှာသိမ်းယူ မယ့်မြေဟာ လယ်ယာမြေဖြစ်ပါက ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉  အရ လယ်ယာမြေကိုသတ်မှတ်တဲ့နည်းလမ်းအတိုင်းအသုံးချရန် ဆင့်ဆိုသည့်အမိန့်ခွင့်ပြုချက်ရရှိမှသာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့ မြေသိမ်းအမှုတွဲဖြင့် ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီရဲ့ မေးခွန်းနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြေသိမ်းကော်လိတ္တော်အရာရှိရဲ့ လုပ်ပိုင်ခွင့်ကိုအပ်နှင်းခံရသူ ခရိုင်အုပ်ချုပ်ရေးမှူးအနေဖြင့် မြေသိမ်းယူခြင်းကိစ္စအဝဝကို အရေးယူ ဆောင်ရွက်ရာမှာ အဆိုပြုလျှောက်ထားမြေကို အများပြည်သူအကျိုးအတွက် အမှန်တကယ်အသုံး ပြုရန်သင့်လျော်ခြင်း ရှိ၊ မရှိ သေချာမှုရှိစေရန် စနစ်တကျစိစစ်ခြင်း၊ ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်း တို့ကို ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ပေး လျက်ရှိပါတယ်။ မြေသိမ်းဆည်းရာမှာ အနည်းဆုံးလိုအပ်တဲ့ြမေဧရိယာကိုသာ သိမ်းဆည်းဆောင်ရွက် ပေးလျက်ရှိပါတယ်။ လျှောက်ထားသူအနေနဲ့လည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက် ရေးအတွက် အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြေသိမ်းယူခြင်းလုပ်ငန်းဆောင်ရွက် ရာမှာ ပုဂ္ဂလိကအကျိုးစီးပွားကိုရည်ရွယ်တဲ့ကိစ္စများအတွက် လုံးဝခွင့်ပြုခြင်းမရှိဘဲ နိုင်ငံတော်နဲ့ ပြည်သူများရဲ့အကျိုးစီးပွားအတွက် မြေသိမ်းဆည်းခြင်းကိုသာ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ရဲ့ စိစစ်တင်ပြချက်အပေါ် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ ထောက်ခံချက်အရ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဆိုပြုလျှောက်ထားတဲ့မြေကို သတ်မှတ်တဲ့နည်းလမ်းအတိုင်းအသုံးမပြုခဲ့ရင် သို့မဟုတ် အသုံးပြုရန် မလိုအပ်ခဲ့လျှင် လျှောက်ထားသူက နိုင်ငံတော်သို့ပြန်လည်ပေးအပ်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လယ်ယာမြေကို သတ်မှတ်သည့်နည်းလမ်းအတိုင်း အသုံးချရန်ခွင့်ပြုခြင်း၊ အများပြည်သူ အကျိုးငှာ မြေသိမ်းဆည်းပေးခြင်းတို့ကိုဆောင်ရွက်ရာမှာလည်း တည်ဆဲမြေယာဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထိရောက်စွာကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။