(ဌ)-မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၂ အုပ်စု မီးလင်းရေးနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၄၁) ရက်မြောက်နေ့ (၂၅-၁၀-၂၀၁၁)

မှော်ဘီမြို့နယ်အတွင်းမှာရှိကြတဲ့ သဲပုန်ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကျောက်ကုန်းကျေးရွာ၊ နှောကုန်းကျေးရွာ၊ ညောင်ပင်ကုန်းကျေးရွာ၊ ညောင်နှစ်ပင်ကျေးရွာ၊ အင်းကန်ကျေးရွာ၊ ဝါးခလော ကျေးရွာ၊ လက်ပံတန်းစုကျေးရွာ၊ လိပ်ပုတ်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ ပျော်ဘွယ်စုကျေးရွာ ၁၂ ရွာ ကိုနိုင်ငံတော်ရဲ့ ၁၁ ကေဗွီဓာတ်အားလိုင်းနဲ့နီးတဲ့ ကျေးရွာအုပ်စုတွေဖြစ်ကြပါတယ်။ အဲဒီရွာ ၁၂ ရွာ ဟာလည်း ၎င်းတို့ရဲ့ကျေးရွာများကို မီးလင်းဖို့အတွက်ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲများ ရှိကြပါတယ်။ ဒါကြောင့် နိုင်ငံတော်က ကျေးလက်မီးလင်းရေးနဲ့ ပတ်သက်ပြီးတော့ ကူညီ‌ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိ ‌မေးမြန်းပါသည်။


 

ဖြေကြားသူ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး
အဖြေ

ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း ကျေးလက်ဒေသမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရန်အစီ အစဉ်ရှိ၊မရှိမေးမြန်းတဲ့ ရွာပေါင်း ၁၂ ရွာအနက် ၃၃ ကေဗွီ ‌ြမောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းနဲ့ ၅၀၀ ပေသာကွာဝေးတဲ့ သာယာကုန်းကျေးရွာနှင့် နှစ်မိုင်စီ ကွာဝေးသော သဲခုန် နှင့်လိပ်ပုတ် ကျေးရွာတို့ကို အကွာအဝေးအလိုက် ၃၃ ကေဗွီလိုင်း တည်ဆောက်ပြီး ကျောက်ပုန်း ကျေးရွာအတွက် ၃၃/၀၄ ကေဗွီ၊ ၁၆၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးနဲ့ ကျန် သုံးရွာ အတွက် ၃၃/၀၄ ကေဗွီ၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးစီတပ်ဆင် တည်ဆောက်ပေး ရမှာဖြစ်ပါတယ်။ အလားတူ အင်းကန်၊ နှောကုန်း၊ ညောင်ပင်ကုန်းနှင့် လက်ပံတန်းကျေးရွာတို့သည်လည်း ၁၁ ကေဗွီ အုတ်စက်-မှော်ဘီဓာတ်အား လိုင်းမှ ပေ ၁၀၀၊  ပေ ၂၀၀၊ ပေ ၃၈၀၀ နဲ့ နှစ်မိုင်စီအသီးသီးကွာဝေးပါတယ်။ အဆိုပါ အကွာ အဝေးအရ ၁၁ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ပြီး လက်ပံတန်းစုကျေးရွာမှ ၁၁/၀၄ ကေဗွီ၊ ၅၀၀ ကေဗွီအေထရန်စဖော်မာ တစ်လုံးနဲ့ ကျန်ရွာ သုံးရွာတို့အတွက် ၁၁/၀၄ ကေဗွီ၊  ၃၁၅ ကေဗွီအေ ထရန်စဖော်မာတစ်လုံးစီလိုအပ်ပါတယ်။ ညောင်နှစ်ပင်နဲ့ ကြာကန်ကျေးရွာတို့ကို ဓာတ်အားဖြန့်ဖြူးပေးရန် ရွာအနီးဖြတ်သန်းတည်ဆောက်ပြီးဖြစ်တဲ့ ၁၁ ကေဗွီ ကြက်ဖြူကန်-ညောင်နှစ်ပင် ဇုန်ဓာတ်အား လိုင်းမှ ၁၁/၀၄ ကေဗွီ၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးနဲ့ ၂၀၀ ကေဗွီအေထရန်စဖော်မာ တစ်လုံးတို့လိုအပ်ပါတယ်။ ဖူးကြီးရေတွန်းစက် ဓာတ်အားခွဲရုံမှ ပျော်ဘွယ်စု ကျေးရွာသို့ ဓာတ်အား ပေးထားတဲ့ ၆၆ ကေဗွီ ဓာတ်အားလိုင်းဖြတ်သန်းတဲ့ ဝါးပတောကျေးရွာမှာ ၆၆/၀၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးနဲ့ ပျော်ဘွယ်စု ကျေးရွာမှာ ၆၆/၀၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တပ်ဆင်တည်ဆောက် ဓာတ်အားဖြန့်ဖြူးပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာရွာအတွင်းလမ်းများတွင် ၄၀၀ ဗို့ နှင့် ၂၃၀ ဗို့ဓာတ်အားလိုင်းများ    တည်ဆောက်ပြီးမှသာ နေအိမ်များသို့ ဓာတ်အားရောက်အောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့အနေဖြင့်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးရွာများအနက် ကျေးရွာပေါင်း ၃၂၃ ရွာ မီးလင်းပြီးဖြစ်ပါတယ်။ နှစ်စဉ်ခွင့်ပြုတဲ့ ရန်ပုံငွေ အ‌ြခေအနေမှာ တိုးချဲ့တည်ဆောက် ရေးလုပ်ငန်းများနဲ့ အစားထိုးတပ်ဆင်ရေးလုပ်ငန်း များကို ဆောင်ရွက်ရသဖြင့် မြို့နယ်တစ်ခုတည်းမှ ကျေးရွာအ‌ြမောက်အမြားကို တစ်ပြိုင်တည်း မီးလင်းရေး ဆောင်ရွက်ရန်မှာ အကန့်အသတ်ရှိပါတယ်။ ကိုယ့်အားကိုယ်ကိုးမီးလင်းရေး ဆောင်ရွက်ရန် လျှောက်ထားပြီးဖြစ်တဲ့ နှောကုန်း၊ ညောင်ပင်ကုန်းနှင့် ညောင်နှစ်ပင်ကျေးရွာ မီးလင်းရေးလုပ်ငန်း များကို မူဘောင်သတ်မှတ်ချက်နှင့်ကိုက်ညီပါက အမြန်ဆုံး ခွင့်ပြုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ကျေးရွာ မီးလင်းရေးအတွက် မူဘောင် သတ်မှတ်ချက် များနဲ့ကိုက်ညီတဲ့ကျေးရွာမီးလင်းရေးများကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်တဲ့နည်းပညာပိုင်း များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း ြဖေကြားပါသည်။