(ဃ)-အစိုးရသစ်နှင့် တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးရေးနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၅-၈-၂၀၁၁)

ပါတီစုံအစိုးရမတက်ခင်က တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ ဆွေးနွေးကြရာမှာ ယခု တောတွင်းကျန်ခဲ့သော အတိုက်အခံလက်နက်ကိုင်အဖွဲ့အစည်းများသည် ပါတီစုံပါဝင်သော အစိုးရ ဖြစ်ပေါ်လာပါက ၎င်းအစိုးရမှ လက်ကမ်းကြိုဆိုဆွေးနွေးမည်ဆိုပါလျှင် ညှိနှိုင်းဆွေးနွေးမည်ဟု ကြားသိခဲ့ရပါတယ်။ နိုင်ငံတော်အစိုးရကလည်း ငြိမ်းချမ်းရေးတံခါးဖွင့်ထားသည်ဟု နိုင်ငံတော်ပိုင် သတင်းစာတွင် ဖော်ပြခဲ့ပါတယ်။ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတံခါးဖွင့်ထားရုံမျှမက ငြိမ်းချမ်းရေး တံခါးပေါက်ဝတွင် တိုင်းရင်းသားသွေးချင်း လက်နက်ကိုင်များအား နွေးထွေးလှိုက်လှဲပျူငှာစွာ လက်ကမ်းကြိုဆိုညှိနှိုင်းဆွေးနွေးသင့်ကြောင်း သဘောရိုးဖြင့် ယုံကြည်ပါတယ်။ ကချင်ပြည်နယ်တွင် သာမက ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်စသောဒေသများမှာလည်း ညှိနှိုင်းဆွေးနွေး စေချင်ပါတယ်ရှင်။ ကျွန်မမေးမြန်းလိုသည့် မေးခွန်းကတော့ ထိုအဖွဲ့အစည်းများနှင့် ယခု လက်ရှိ အချိန်ထိဆွေးနွေးမှုမရှိသည်မှာ အဘယ်ကြောင့်နည်း။ (၂)ယခုအချိန်သည် တိုင်းရင်းသားသွေးချင်း လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးသင့်သည့်အချိန်ကောင်း ရောက်နေပြီဖြစ်သဖြင့် မည်ကဲ့သို့ သောပုံစံဖြင့်ညှိနှိုင်း ဆွေးနွေးကြပါမည်နည်း။ (၃) မဆွေးနွေးနိုင်သေးဟုဆိုလျှင် အဘယ်အကြောင်း ကြောင့်နည်း။ (၄) မည်သည့်အခက်အခဲများ ရှိပါသနည်း။ (၅) ညှိနှိုင်းဆွေးနွေးရန်နှင့်မူဝါဒများ ချမှတ် ဆောင်ရွက်ရန် ရည်ရွယ်ချက်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဒေါ်နန်းဝါနု (ကွန်ဟိန်းမဲဆန္ဒနယ်) မေးခွန်းအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က နေ့ရက်ရွှေ့ဆိုင်းဖြေဆိုခွင့်ပြုပါရန် တင်ပြခဲ့ပါသည်။