ပြည်မြို့နှင့်ဓနုဖြူမြို့အကြားမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကျောက်ထုတ်ယူနေတဲ့ လုပ်ငန်း ရှင်များဟာ မိမိတို့ရဲ့ ကျောက်စုပ်ရေယာဉ်များကို ရေကြောင်းပိတ်၍ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေကြသဖြင့် တခြားရေယာဉ်များသွားလာရာတွင် အခက်အခဲများရှိနေကြောင်း သိရှိရ ပါတယ်။ ၎င်းအပြင် မြစ်ကျောက်များစုပ်ယူရာ၌ ပါလာသောသဲများကို မြစ်ထဲသို့ပြန်လည်သွန်ချခဲ့ သဖြင့် သဲပုံများဖြစ်ပေါ်လာပြီး ၎င်းသဲပုံများအပေါ် ဖြတ်မောင်းမိသော တွဲရေယာဉ်များမှ ကုန်တွဲနှင့် စက်ရေယာဉ်တွဲချီထားသော ကြိုးများပြတ်တောက်လေ့ရှိသဖြင့် ရေယာဉ်လုပ်သားများအတွက် အန္တရာယ်များရှိနေကြောင်း သိရှိရပါတယ်။ သို့ပါ၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကျောက် ထုတ်လုပ်သည့် မော်တော်များရေလမ်းကြောင်းပိတ်၍ လုပ်ငန်းများဆောင်ရွက်နေသည်ကို သိရှိပါ သလား။ သိရှိပါက အခြားရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်နေသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်မြို့နှင့်ဓနုဖြူမြို့အကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ မြစ်ကျောက်ထုတ်လုပ်တဲ့ လုပ်ငန်းများကို ဧရာဝတီမြစ်အရှေ့ဘက်ကမ်း နေရာများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြစ်ကျောက်စရစ်ထုတ်လုပ်ခွင့်အတွက် လုပ်ငန်းရှင် ၂၄ ဦးကိုလည်းကောင်း၊ ဧရာဝတီမြစ် အနောက်ဘက် ကမ်းနေရာများမှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြစ်ကျောက်စရစ် ထုတ်လုပ်ခွင့်အတွက် လုပ်ငန်းရှင် ၁၆ ဦးကိုလည်း ကောင်း လုပ်ကိုင်ခွင့်များချထား၍ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ အဲဒီ လုပ်ငန်းများလုပ်ကိုင်ခွင့် များချထားပေးရန်အတွက် ခွင့်ပြုရန်သင့်၊မသင့် သဘောထားမှတ်ချက်ကို ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး၍ သဲကျောက်များ ထုတ်လုပ်လိုသောနေရာသည် ရေယာဉ်သွားလမ်းကြောင်းနှင့် ကင်းလွတ်မှုရှိ၊မရှိ၊ မြစ်သဲကျောက် ထုတ်ယူမှုကြောင့် ကမ်းပြိုကမ်းစားနိုင်ခြင်း ရှိ၊ မရှိ တိုင်းတာစစ်ဆေး၍ အဆိုပါအချက်များ ကင်းလွတ် မှသာ မြစ်သဲကျောက်ထုတ်လုပ်မှုလုပ်ငန်းအား ခွင့်ပြုသင့်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရသို့ သဘောထားမှတ်ချက် ပြန်ကြားပေးပို့ခြင်း ွဖစ်ပါတယ်။ အဲဒီအပြင် တိုင်းဒေသကြီးအစိုးရ များမှလည်း မြစ်သဲကျောက်ထုတ်လုပ် ခွင့်ပြုပြီးသော လုပ်ကွက်များအတိုင်း ဆောင်ရွက်ခြင်းရှိ၊မရှိ၊ စည်းကမ်းချက်များအတိုင်း လိုက်နာမှုရှိ၊မရှိစသည့်အချက်များကို တိုင်းဒေသကြီး ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခြင်း၊ ပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း များကိုဆောင်ရွက်လျက်ရှိပါတယ်။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ ထောက်ခံချက်မရှိဘဲ တားမြစ်ထားတဲ့နေရာမှာ မြစ်သဲကျောက်တူးဖော်လုပ်ကိုင်နေသည်များကို တွေ့ရှိ မယ်ဆိုရင် မည်သူမဆို အမှုဖွင့်တိုင်ကြားနိုင်ပါတယ်။ အဲဒီလို တိုင်ကြားတဲ့အခါမှာလည်း သတ်မှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိတဲ့ မြစ်သဲကျောက်ထုတ်လုပ် သူများကိုလည်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပါ ပုဒ်မများအတိုင်း အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
