ရန်ကုန်မြို့ နေရာ အနှံ့အပြား မှာ ၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ကွန်ကရစ် လမ်းများ ခင်းကျင်းပေးတဲ့အတွက် ပြည်သူလူထု၏ နေ့စဉ်သွားလာရေး အဆင်ြပေလာတာကို တွေ့ရှိရပါတယ်။ ယခင်ကဆင်ြခေဖုံးမြို့နယ်များမှာ ြမေသားလမ်းများ အများစုဖြစ်တဲ့အတွက် မိုးတွင်းကာလမှာ ယာဉ်များသွားလာရေး အဆင်မြပေဘဲ အတော်အတန် အခက်အခဲဖြစ်ခဲ့ရပါတယ်။ နေ့စဉ်ကျောင်း၊ ရုံးစတဲ့ လုပ်ငန်းခွင်များကို သွားကြရာမှာလည်း အဆင်မပြေသလို နေထိုင်မကောင်းတဲ့ လူနာများကို ဆေးရုံဆေးခန်းသို့ ပို့ဆောင်ရာမှာလည်း အငှားယာဉ်များ မဝင်ရောက်နိုင်တဲ့အတွက် လူနာများကို ခက်ခက်ခဲခဲ သယ်ဆောင်ကြရပါတယ်။ ယခုအခါမှာတော့ ကွန်ကရစ်လမ်းများ ခင်းကျင်း ပေးတဲ့အတွက် သွားလာရေးအဆင်ြပေရုံမျှမက ဆင်ခြေဖုံးရပ်ကွက်များမှ အိမ်၊ခြံ၊ြမေတန်ဖိုးများ တက်လာတာကို တွေ့ရပါတယ်၊ ဒါကြောင့်ကွန်ကရစ်လမ်းများ ခင်းကျင်းနိုင်အောင် ဆောင်ရွက်ပေးခဲ့ သည့် အစီအစဉ်များ၊ ကျန်ရှိနေသေးသော ြမေသားလမ်းများကိုလည်း ကွန်ကရစ်ခင်းကျင်းနိုင်ရေးနှင့် ကတ္တရာလမ်းများကို ကွန်ကရစ်လမ်းများအဖြစ် ပြောင်းလဲခင်းကျင်းနိုင်ရေး မည်ကဲ့သို့ဆက်လက် ဆောင်ရွက် သွားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် အတွင်းမှာရှိတဲ့ လမ်းတွေဟာ မူလက ကတ္တရာကို အခြေခံပြီးတော့မှ ခင်းထားတဲ့လမ်းများပဲ ဖြစ်ခဲ့ပါတယ်။ ကတ္တရာလမ်းတွေ အနေနှင့် မိုးရာသီမှာ မိုးတွင်းကာလတွေမှာ ရေအစိုဓာတ်ကြောင့် ကတ္တရာ စေးကပ်မှု လျော့ကျပြီးလမ်း မျက်နှာပြင် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ ပျက်စီးမှုတွေ ပြုပြင်ဖို့အတွက် ကတ္တရာနှင့်ကျောက် ရောနှောအပူပေးတဲ့ (Hot Mixed) (Hot Roll) စနစ်တွေနဲ့ ပြုပြင်ထိန်းသိမ်းခြင်းကို ကျွန်တော်တို့ ဆောင်ရွက်ရပါတယ်။(Hot Mixed)(Hot Roll)စနစ်နဲ့ ဆောင်ရွက်တဲ့နေရာမှာ အပူနဲ့မီးခိုးတွေ ထွက်တဲ့အတွက် အားလုံးသိတဲ့အတိုင်းပဲ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြစ်ပေါ်စေပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာလည်း နှစ်စဉ်လေးလခန့်ဟာ မိုးရေချိန် လက်မ ၉၀ကနေပြီးတော့မှ ၁၀၀အတွင်း ရွာသွန်းတဲ့အတွက် တစ်နှစ်မှာလေးလခန့်ဟာ ကတ္တရာလမ်း ပြုပြင်ခြင်း၊ ခင်းကျင်းခြင်းကို မဆောင်ရွက်နိုင်ဘဲနဲ့ မိုးတွင်းကာလမှာ လမ်းပေါက်ဖာခြင်းများကိုသာ ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုးရှိပါတယ်။ ကျန်ရှစ်လပိုင်း ကာလမှာ လမ်းခင်းခြင်းကို ဆောင်ရွက် နိုင်တဲ့အတွက် ခင်းတဲ့လမ်းနဲ့ မြို့မှာရှိတဲ့လမ်း အရေအတွက်နဲ့ဟာ မမျှတတော့ဘူး။ တစ်သက်လုံး ပျက်လိုက်ပြင်လိုက်နဲ့ပဲ သံသရာလည်နေတာ ဖြစ်ပါတယ်။ ကွန်ကရစ်လမ်းတွေကတော့ ကတ္တရာ လမ်းလို မဟုတ်ဘဲနဲ့ မိုးများလဲ သူက ခံနိုင်ရည်ရှိတဲ့အတွက် နှစ် ၄၀၊ ၅၀ တာရှည်ခံတာကို အားလုံး သိကြပြီး ဖြစ်ပါတယ်။ဒါကို သိတဲ့နိုင်ငံတော်အကြီးအကဲဟာ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ရှိတဲ့လမ်းတွေကို ကွန်ကရစ်လမ်းများအဖြစ် ပြောင်းလဲခင်းကျင်းဖို့ ကွန်ကရစ်လမ်းတွေ ခင်းတဲ့အခါလိုအပ်တဲ့ ဘိလပ်မြေကို ကိုယ်တိုင် ထုတ်လုပ်ပါဆိုပြီးတော့ လမ်းညွှန်တဲ့အတွက် ကျွန်တော်တို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဘိလပ်မြေ စက်ရုံတစ်ရုံကို မန္တလေးတိုင်းဒေသကြီး၊သာစည်မြို့နယ်၊ ပြင်ညောင်ဒေသမှာ တည်ဆောက်ဖို့ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့ပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန် ချက်နှင့်အညီပဲ ကျွန်တော်တို့ တည်ဆောက်ခဲ့ရာ တစ်နေ့ကို တန်၅၀၀ ကျ ဘိလပ်မြေစက်ရုံကို ၂၀၁၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ဘိလပ်မြေများထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဘိလပ်မြေများထွက်ရှိလာတဲ့ အခါမှာ ရန်ကုန်မြို့မှာ ရှိတဲ့လမ်းတွေကို ကွန်ကရစ်လမ်းတွေခင်းကျင်းဖို့နှင့် ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ ကော်မတီအနေနှင့် စိစစ်သုံးသပ်တဲ့နေရာမှာ နံပါတ် (၁)အချက် အနေနဲ့ မြို့တော်နယ်နိမိတ် အတွင်းမှာရှိတဲ့ ကတ္တရာမခင်းရသေးတဲ့ မြေသားလမ်းတွေ၊ကျောက်ချောလမ်းတွေ၊ ကတ္တရာ တစ်ဝက်တစ်ပျက်နဲ့ ပေါက်ပြဲတဲ့လမ်းတွေ၊ ဂဝံလမ်းတွေကို ဦးစားပေးခင်းကျင်းဖို့ဆိုပြီးတော့ ပထမ တစ်ချက်အနေနဲ့ ကျွန်တော်တို့ ကော်မတီက ညှိနှိုင်းစဉ်းစားခဲ့ပါတယ်။ ဒုတိယအချက် အနေနဲ့ကတော့ ကွန်ကရစ်လမ်း ခင်းတဲ့နေရာမှာ မြေသားလမ်း၊ကျောက်ချောလမ်းတွေ အများအပြားရှိပြီးတော့မှ ခြေလျင်ကို ဦးစားပေးသွားနေရတဲ့ ဆင်ခြေဖုံးတွေမှာ ဦးစားပေး ခင်းဖို့ဆိုပြီးတော့ ကျွန်တော်တို့ ဒုတိယ အချက်အနေဖြင့်စဉ်းစားခဲ့ပါတယ်။တတိယ အချက်အနေနဲ့ကတော့ ဒီလိုဆင်ခြေဖုံးတွေမှာ ရပ်ကွက်တွေမှာ၊ လမ်းတွေခင်းတဲ့အခါမှာ နေ့စဉ်လူသုံးများတဲ့ အဓိကလမ်းတွေကို ဦးစားပေး ခင်းပြီးတော့မှ လမ်းသွယ်တွေကို ဒုတိယဦးစားပေးအနေနှင့် ခင်းဖို့ဆိုပြီးတော့ ဒါတတိယ အချက် စဉ်းစားသုံးသပ်ခဲ့ပါတယ်။
စတုတ္ထအချက်အနေနဲ့ကတော့ မြို့နယ်အားလုံးဟာ ကတ္တရာလမ်း၊ ပေါက်ပြဲနေတဲ့ကတ္တရာလမ်း တွေ၊ မြေသားလမ်းတွေ၊ ဂဝံလမ်းတွေ မြို့နယ်အားလုံးမှာ ရှိကြတာဖြစ်တဲ့အတွက် အားလုံးတစ်ပြေးညီ ပျံ့ပျံ့နှံ့နှံ့ တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြို့နယ်အားလုံး တစ်ပြိုင်တည်း ခန့်ခွဲခင်းကျင်းဖို့ အဲ့လိုခင်းကျင်းတဲ့ အခါမှာလည်း တစ်ရပ်ကွက်ကိုတစ်လမ်း အတတ်နိုင်ဆုံးပါဝင်အောင် ထည့်သွင်း ခင်းကျင်းဖို့ စတုတ္ထအချက်အနေနဲ့ ကျွန်တော်တို့သုံးသပ်ခဲ့ပါတယ်။
နောက်ပဉ္စမ အချက်အနေနဲ့ကတော့ ကျွန်တော်တို့ဟာ မြေသားလမ်း၊ ကျောက်ချောလမ်းကို ကွန်ကရစ်ခင်းတဲ့ဟာ အတွေ့အကြုံရှိကြတဲ့အတွက် အလွယ်တကူလည်းခင်းနိုင်ကြပါတယ်။ ဒါပေမဲ့ မြို့အလယ်မှာရှိတဲ့ ကတ္တရာလမ်းကြီးတွေကို ကွန်ကရစ်ခင်းတဲ့အခါမှာ ကျွန်တော်တို့ အတွေ့အကြုံ မရှိဘူး။ ပညာရှင်တွေနဲ့ သုတေသနပြုပြီးတော့မှ ခင်းဖို့ဆိုပြီးတော့ ဒါပဉ္စမအချက်အနေနဲ့ ကျွန်တော်တို့ သုံးသပ်စဉ်းစားပြီးဆောင်ရွက်ခဲ့ပါတယ်။အဲဒီလိုစဉ်စား ဆောင်ရွက်ပြီးတော့မှ စမ်းသပ် ခင်းကျင်းခြင်းကို၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်ကနေပြီးတော့မှစပြီးတော့ဆောင်ရွက်ပါတယ်။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ လမ်း ကိုးလမ်း စမ်းသပ်ခင်းခဲ့ပါတယ်။စုစုပေါင်းပေအရှည် ၇၉၂၅ ပေ၊ မိုင်အားဖြင့် ၁.၅မိုင် ကျွန်တော်တို့ စမ်းသပ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် မှာတော့ ကွန်ကရစ် လမ်းပေါင်း ၂၀၈လမ်း စုစုပေါင်းပေအရှည် ၂၁၇၂၁၅ ပေ၊ ၄၁.၁၃မိုင် ဆောင်ရွက် ပေးခဲ့ပါတယ်။ ဤတွေ့ရှိချက်တွေအရ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာတော့ ကျွန်တော်တို့ ကတ္တရာလမ်းတွေကို ဖြန့်ခွဲပြီးတော့မှ ခုန စဉ်းစားချက် ငါးရပ်နှင့်အညီဆောင်ရွက်တဲ့နေရာမှာ ဒီနေ့ အထိ ဆောင်ရွက်နေတဲ့ လမ်းပေါင်း ၂၇၁၆ လမ်း၊ ဒီဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့နေရာမှာ ၂၀၁၀ ခုနှစ် အောက်တိုဘာလကုန်အထိ ကွန်ကရစ် လမ်းပေါင်း ၅၅၉ လမ်း ပြီးစီးပြီးတော့မှ ကျန်လမ်းတွေဟာ ဆောင်ရွက်ဆဲဖြစ်ပါတယ်။ ဒီဇင်ဘာလ ကုန်မှာတော့ ၁၂၆၄ လမ်း ပြီးစီးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကုန်မှာတော့ ၁၅၄၉ လမ်း ပြီးစီးခဲ့ပြီးတော့မှ ဖေဖော်ဝါရီလမှာတော့ ၁၇၇၂ ပြီးခဲ့ပါတယ်။ မတ်လ ၁၇ ရက်နေ့အထိ လမ်းပေါင်း ၁၉၁၉လမ်း ပြီးစီးခဲ့ပြီးတော့မှ ဆောင်ရွက်ဆဲ လမ်းဟာ ၇၉၇ လမ်း ဖြစ်ပါတယ်။ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်အသီးသီးမှာဆောင်ရွက်ခဲ့တဲ့ လမ်းပေါင်း ၂၇၁၆ လမ်းမှာ ဒဂုံမြို့သစ်တောင်ပိုင်းမှာ လမ်း ၁၂၀၊ မိုင်အားဖြင့် ၄၆.၄၁မိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာ လမ်းပေါင်း ၉၀၊မိုင်အားဖြင့် ၁၉.၆မိုင်၊ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်မှာ လမ်းပေါင်း ၆၄ လမ်း၊မိုင်အားဖြင့်၁၆.၈၇မိုင်၊ ၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်မှာ လမ်းပေါင်း ၉၃ လမ်း၊မိုင်အားဖြင် ၃၃.၉၁ မိုင်၊ တောင်ဥက္ကလာပ မြို့နယ်မှာ လမ်းပေါင်း ၂၀၆ လမ်း၊မိုင်အားဖြင်၂၇.၈၇ မိုင်၊ မြောက်ဥက္ကလာပ မြို့နယ်မှာ လမ်းပေါင်း ၁၁၅ လမ်း၊မိုင်အားဖြင့်၁၇.၇၅ မိုင်၊ သင်္ဃန်းကျွန်း မြို့နယ်မှာ လမ်းပေါင်း ၁၁၅လမ်း၊မိုင်အားဖြင့်၂၂.၄၇မိုင်၊ ကျောက်တံတားမြို့နယ်တွင် လမ်းသုံးလမ်း၊ မိုင်အားဖြင့် ဝ.၄၈ မိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် လမ်း ကိုးလမ်း၊ မိုင်အားဖြင့် ၁.၄၄ မိုင်၊ လသာမြို့နယ်တွင် လမ်း လေးလမ်း ၊မိုင်အားဖြင့် ဝ.၅၅မိုင် ၊လမ်းမတော်မြို့နယ်တွင် လမ်းပေါင်း သုံးလမ်း၊မိုင်အားဖြင့် ဝ.၇၄မိုင်၊ ဒဂုံမြို့နယ်တွင် လမ်း ခုနှစ်လမ်း၊ မိုင်အားဖြင့် ၁.၁၄ မိုင် ၊ ဗဟန်းမြို့နယ်တွင် လမ်း ၂၉ လမ်း၊ မိုင်အားဖြင့် ၃.၂ မိုင် ၊စမ်းချောင်းမြို့နယ်တွင် လမ်း ၄၆ လမ်း၊ မိုင်အားဖြင့်၂.၈၉ မိုင်၊ အလုံမြို့နယ်တွင် လမ်း ငါးလမ်း၊ ဝ.၃၉မိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် လမ်း ၁၃၈လမ်း မိုင်အားဖြင့် ၁၃.၀၈ မိုင်၊ တာမွေမြို့နယ်တွင် လမ်း ၄၇ လမ်း ၊ မိုင်အားဖြင့် ၆.၅ မိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် လမ်းပေါင်း ၄၈ လမ်း ၊ မိုင်အားဖြင့် ၅.၂၈ မိုင် ၊ ပုဇွန်တောင်မြို့နယ်တွင် လမ်းပေါင်း ၁၅ လမ်း ၊မိုင်အားဖြင့် ၁.၃၉ မိုင်၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် လမ်းပေါင်း ခုနှစ်လမ်း၊မိုင်အားဖြင့် ဝ.၈၈ မိုင်၊ သာကေတမြို့နယ်တွင် လမ်းပေါင်း ၃၀၄ လမ်း၊မိုင်အားဖြင့် ၃၆.၈၃ မိုင်၊ဒေါပုံ မြို့နယ်တွင် လမ်းပေါင်း ၁၀၂ လမ်း၊မိုင်အားဖြင့် ၁၀.၁၀ မိုင် ၊ ရန်ကင်းမြို့နယ်တွင် လမ်းပေါင်း ၅၉ လမ်း၊ မိုင်အားဖြင့် ၆.၉၆ မိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် လမ်းပေါင်း ၂၅လမ်း၊ မိုင်အားဖြင့် ၇.၂၀ မိုင် ၊ ဒလမြို့နယ်တွင် ၁၄၃ လမ်း၊ ၃၉.၀၇မိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၆လမ်း၊ ၃မိုင်၊လှိုင်မြို့နယ်တွင် ၄၇ လမ်း၊၅.၃၇မိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၁၄၇လမ်း၊ ၂၄.၄၆ မိုင် ၊ အင်းစိန်မြို့နယ်တွင် ၁၀၈ လမ်း၊ ၂၅.၇၆မိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ၁၂၈လမ်း ၊ ၄၄.၅၅မိုင် ၊ လှိုင်သာယာမြို့နယ်တွင် ၁၁၄လမ်း၊ ၃၈.၉၂မိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၃၂၆လမ်း၊ ၉၃.၂၈မိုင် ဖြစ်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ စတင်ခင်းကျင်းတဲ့ နှစ်မှာ ကွန်ကရစ်လမ်း ၂၀၈ လမ်း ဆောင်ရွက်ခဲ့ပြီးတော့ ယခု ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ကွန်ကရစ်လမ်းပေါင်း ၂၇၁၆ လမ်း ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရတဲ့အတွက် ယခင်နှစ်နှင့် နှိုင်းယှဉ်မယ် ဆိုရင်တော့လမ်းနှင့် ပတ်သက်ပြီးတော့မှ ရန်ကုန် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ၁၃ ဆ ပိုမိုတိုးတက် ဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့အထိ ဒီနှစ်အတွင်းမှာ ဒီဘဏ္ဍာရေးနှစ်အတွင်းမှာ ဒီနေ့အထိ ပြီးစီးတဲ့လမ်းမိုင်ကို ကြည့်မည်ဆိုရင် ၅၇၀.၂၃ မိုင်ရှိတာကို တွေ့ရှိရပါတယ်။ ဒီလိုအြမောက်အမြား တစ်ချိန်တည်း တစ်ပြိုင်တည်းဆောင်ရွက်နိုင်တာဟာ ကျွန်တော်တို့အနေနဲ့ ကွန်ကရစ်ဖျော်စက် ခြောက်လုံးကို ဒေါပုံ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်တို့မှာ တည်ဆောက်ပြီးတော့မှ ကွန်ကရစ်သယ်ယာဉ် ၃၃ စီး၊ နောက်တစ်ခါလက်ဖျော်ကွန်ကရစ် Mixer ၁၈၀လုံး နဲ့ တစ်ပြိုင်နက်ဆောင်ရွက်နိုင်တဲ့အတွက် အချိန်တိုအတွင်းမှာ လမ်းများပြီးစီးခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မှ တစ်မြို့လုံးကိုကွန်ကရစ်ဖြစ်ဖို့အတွက် မြို့ထဲမှာ ကားအသွားအလာ များတဲ့ လမ်းကြီးတွေကို ကတ္တရာကနေ ကွန်ကရစ်ပြောင်းဖို့အတွက် ကျွန်တော်တို့အနေနဲ့ ပညာရှင် များနဲ့ သုတေသနပြုပြီးတော့မှ အချိန်ယူစမ်းသပ်ပြီးတော့မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာပဲ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်း ပေ အရှည် ၈၅၀ ၊ အကျယ် ၃၆ ပေ၊ တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်း ပေအရှည် ၄၅၀၀ ၊ အကျယ် ၇၂ပေ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းပေအရှည် ၂၈၅၀၊ အကျယ် ၇၂ပေ၊ မရမ်းကုန်းမြို့နယ် အုတ်ဖိုဆိပ်လမ်း ပေအရှည် ၁၆၀၀၊ အကျယ် ၆၀ ပေ၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်း ပေအရှည် ၆၀၀၀၊ အကျယ် ၇၂ ပေ၊ ကမာရွတ်မြို့နယ်၊ဟံသာဝတီလမ်း ပေအရှည် ၂၈၀၀၊ အကျယ် ၄၂ ပေ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဗညားဓလလမ်း ပေအရှည် ၁၂၀၀၊ အကျယ် ၄၈ ပေ၊ ကမာရွတ်မြို့နယ်၊ ခိုင်ရွှေဝါလမ်း ပေအရှည် ၃၁၀၀၊ အကျယ် ၄၄ ပေ၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဈေးလမ်း ပေအရှည် ၁၇၀၀၊ အကျယ် ၇၂ပေ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မောင်းမကန်ကမ်းသာလမ်း ပေအရှည် ၁၁၈၀၀၊ အကျယ် ၄၈ ပေ၊ သာကေတမြို့နယ်၊ ကမာကြည်လမ်း ပေ ၁၄၄၈၊ အကျယ် ၄၈ပေ ဖြစ်ပါတယ်။ ဒီလမ်းမကြီးတွေကတော့ တန်ချိန် ၇၀ ကားတွေ သွားနိုင်တဲ့အထိ ကျွန်တော်တို့ စမ်းသပ်ပြီးတော့မှ ခင်းကျင်းထားတာဖြစ်ပါတယ်။ ဆောင်ရွက်ဆဲလမ်းပေါင်း ၇၉၇ လမ်းကိုလည်း အချိန်မီပြီးစီးဖို့အတွက် ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ နေ့စဉ် ဘိလပ်မြေအိတ် ၅၀၀၀ ကနေ ၉၀၀၀ ကြား အသုံးပြုပြီးတော့မှ မြို့နယ်အသီးသီးမှာရှိတဲ့ ဆောင်ရွက်ဆဲလမ်းတွေကို ပြီးပြတ်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တစ်ရက် တစ်ရက်မှာ ဘိလပ်မြေအိတ် ၁၀၀၀၀ခန့် သုံးတဲ့နေရာမှာ တည်ဆောက်ရေးလုပ်ငန်းများမှာလည်း အိတ် ၃၀၀၀ ခန့် သုံးရတာဖြစ်တဲ့အတွက် လမ်းခင်းခြင်းလုပ်ငန်းအတွက် တစ်ရက်ကို ဘိလပ်မြေအိတ် ၆၀၀၀ ကနေ ၇၀၀၀ ခန့် ကျွန်တော်တို့ အသုံးပြုလျက်ရှိပါတယ်။ တွက်ချက်မှု စံနှုန်းအရ ဘိလပ်မြေအိတ် ၆၀၀၀ ကို အသုံးပြုလို့ရှိရင် အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိတဲ့လမ်း ပေ ၆၀၀၀ ခန့်ခင်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စိစစ်တွေ့ရှိချက်အရ ဆက်လက်ပြီးတော့မှ ဆောင်ရွက်ဖို့ဟာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာ ကွန်ကရစ်လမ်း ဆက်ခင်းဖို့အတွက် စုစုပေါင်းမြေသားလမ်း ပေါင်း ၄၇၇၃ လမ်း ကျန်ရှိနေသေးကြောင်း စိစစ်တွေ့ရှိရပါတယ်။
အဲ့ဒီလမ်းတွေမှာ မြို့သစ် ခြောက်မြို့နယ်က မြေသားလမ်း ၃၄၃၅ လမ်း ပါဝင်ပါတယ်။ ကျွန်တော်တို့ နယ်နိမိတ်တစ်ခုလုံး ကွန်ကရစ်လမ်းခင်းဖို့အတွက် ကျန်တဲ့ ကတ္တရာလမ်းတွေကိုပါ ခင်းမယ်ဆိုလို့ရှိရင် ခုနတင်ပြခဲ့တဲ့ မြေသားလမ်း ၄၇၇၃ လမ်းအပြင် ကတ္တရာလမ်း ၂၀၉၇ လမ်းနဲ့ ကတ္တရာ ၊ကွန်ကရစ် ၁၈၂၂ လမ်းကိုပါ ကွန်ကရစ်ခင်းရမှာ ဖြစ်ပါတယ်။ အဲ့ဒီလမ်းများကို ကွန်ကရစ်ခင်းဖို့အတွက် ဆက်လက်ဆောင်ရွက်ထားတဲ့ အစီအမံ အနေနဲ့ကတော့ ရှိပြီး ၅ကုဗမီတာ သယ်နိုင်တဲ့ ဘိလပ်မြေသယ်ယာဉ် ၃၃ စီးအပြင် နောက်ထပ် သူ့ထက်နှစ်ဆကြီးတဲ့ ၁၀ ကုဗမီတာ သယ်နိုင်တဲ့ ကွန်ကရစ်သယ်ယာဉ် ၂၅ စီး ဝယ်ယူရောက်ရှိပြီ ဖြစ်ပါတယ်။အဲ့ဒီ ဘိလပ်မြေသယ် ယာဉ်စုစုပေါင်း ၅၈ စီးနှင့် ခြောက်နေရာ ဖြန့်ခွဲပြီးတော့မှ ကျွန်တော်တို့ တစ်ပြိုင်တည်း ခင်းကျင်းဖို့ စီမံထားပါတယ်။ ဒီ ခြောက်နေရာကလည်း ပြန်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်မြို့ကို ဝိုင်းထားတဲ့ ဖြန့်ခွဲပြီးသားနေရာတွေ ဖြစ်ပါတယ်။ပြန်လည် ပြီးတော့မှ သုံးသပ်ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ စတင်တည်ဆောက်စမှာ လမ်းအများကြီးကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဆောင်ရွက်ရတဲ့အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်ခင် ပြီးစီးမှုဟာ ၅၅၉ လမ်းသာ ရှိပါတယ်။ ယခုရွေးကောက်ပွဲလွန်ကာလမှာ
ပြီးစီးမှုဟာ ၁၉၁၉ လမ်း ပြီးစီးကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ မြို့တော်ကို နိုင်ငံတကာ အဆင့်မီစေရန်နဲ့ လူနေမှု အဆင့်မြင့်မားဖို့အတွက် ကွန်ကရစ်လမ်းတွေ ၂၇၁၉ လမ်းကို တစ်နှစ်ထဲမှာ တစ်မြို့နယ်လုံး ပျံ့ပျံ့နှံ့နှံ့ ခင်းကျင်းပေးနိုင်တဲ့အတွက် မြို့မှာ အကျိုးကျေးဇူးတွေ ရရှိလာတာ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ ယခင်ကာလများကလမ်းလို့ပင်သတ်မှတ်လို့မရနိုင်အောင် မြေသားလမ်းတွေ ကျဉ်းတယ်၊ အနှေးယာဉ် ဆိုက်ကားများပင် မဝင်ခဲ့တဲ့လမ်းတွေဟာ ယနေ့ကာလမှာ ကွန်ကရစ်လမ်းအဖြစ် ပေါ်ထွန်းလာတဲ့အတွက် ယာဉ်တွေ၊ ဆိုက်ကားတွေ အချိန်မရွေး သွားလာ ဝင်ထွက်နိုင်ပြီ ဖြစ်ပါတယ်။ ကွန်ကရစ်လမ်းများ မခင်းမီကာလက လမ်းပေါ်မှာ ရေဝပ်နေတာ ဖြစ်တဲ့အတွက် ရဟန်းရှင်လူ၊ ကျောင်းသား၊ ကျောင်းသူတွေ သွားလာမှု အဆင်မပြေဖြစ်ခဲ့ရာမှာ အခုအခါမှာ ချောချော မောမော အဆင်ပြေသွားလာနိုင်ပြီ ဖြစ်ပါတယ်။ လမ်းများကောင်းမွန်မှု ရှိတဲ့အတွက် လူနာတွေကို ဆေးရုံပို့ရာမှာလည်းကောင်း၊ နာရေးကိစ္စများ ဆောင်ရွက်ရာမှာ လည်းကောင်း ယာဉ်တွေ၊ ဆိုက်ကားတွေ ဝင်ရောက်နိုင်မှုမရှိတဲ့အတွက် ယခင်တုန်းကတော့ လူနဲ့ထမ်းပြီးတော့မှ သယ်ထုတ်ရခြင်းများ ဆောင်ရွက်ခဲ့ရတာ ရှိပေမယ့် အခုအခါမှာတော့ ဒီကိစ္စတွေဟာ အဆင်ပြေချောမောသွားပြီဖြစ်ပါတယ်။နောက်တစ်ခုက မီးဘေးအန္တရာယ် ကျရောက် လာလို့ရှိရင် လည်း မိမိတို့ ကွန်ကရစ်လမ်းတွေ ရှိတဲ့အတွက် မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များနဲ့ အခြားယာဉ်များ လွယ်လွယ်ကူကူ ဝင်ရောက်သွားလာနိုင်တဲ့ အြခေအနေ ရှိလာပြီ ဖြစ်ပါတယ်။ ဆက်စပ်ပြီးတော့မှ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ယခင်က ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေး ရောဂါဟာ တစ်နှစ်ပတ်လုံးအနည်းဆုံး လူဦးရေ ၃၀၀၀ခန့် ဖြစ်ပြီးတော့မှ သေပျောက်မှုလည်း တစ်နှစ် ကို ၂၀ခန့် ကနေ ၃၀ အတွင်း ရှိပါတယ်။ အခု ဒီနှစ်ဆန်းမှာတော့ ကွန်ကရစ်လမ်းတွေခင်းလိုက်တာ ဖြစ်တဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေ ကျဆင်းလာ တာကို ကျန်းမာရေးဝန်ကြီး ဌာနက စာရင်းဇယားအရ ကျွန်တော်တို့ သိရှိရပါတယ်။ သာဓက တင်ပြရမယ်ဆိုရင် အခု ဇန်နဝါရီလက နေပြီးတော့ မတ်လ အလယ်ကျော်အထိ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒေါပုံမြို့နယ်မှာ အခုအချိန်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု မရှိပါဘူး။ ယခင်နှစ်တွေကတော့ ရှိခဲ့ပါတယ်။ အနောက်ပိုင်းခရိုင်မှာ ဆိုရင်လည်း အလုံ၊ ဗဟန်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ ကျောက်တံတား၊ လသာ၊ စမ်းချောင်း၊ ဆိပ်ကမ်းမြို့နယ်တွေမှာလည်း ဒီနှစ်မှာတော့ သွေးလွန်တုပ်ကွေး ခုချိန်အထိ ဖြစ်ပွားတာ မရှိသေးတာကို တွေ့ရှိရပါတယ်။ မြောက်ပိုင်း ခရိုင်အတွင်းမှာရှိတဲ့ လှိုင်သာယာ၊မှော်ဘီ၊ ထန်းတပင်၊ မင်္ဂလာဒုံမြို့နယ်တွေမှာလည်း အလားတူပါပဲ။ သွေးလွန်တုပ်ကွေးဟာ ဒီနှစ်မှာ မဖြစ်သေးတာကို တွေ့ရှိရပါတယ်။ တောင်ပိုင်းခရိုင်အတွင်းမှာရှိတဲ့ ဒလ၊ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ ခရမ်း၊ ကွမ်းခြံကုန်း၊ ကျောက်တန်း၊ သုံးခွ၊ တွံတေး၊ ကိုကိုးကျွန်း မြို့နယ်တွေမှာလည်း သွေးလွန်တုပ်ကွေးရောဂါ ဒီနှစ်မှာ ဖြစ်တာမတွေ့ရသေးတာကို တွေ့ရှိရပါတယ်။ ရပ်ကွက်တွေမှာလည်း ကျွန်တော်တို့ မြေပြင် တွေ့ရှိချက်များအရ ကွန်ကရစ်ခင်းလိုက်နိုင်တဲ့အတွက် ယာဉ်ဝင်/ထွက်သွားလာမှု ကောင်းမွန်တဲ့အတွက် အိမ်၊ ခြံမြေတွေ ဈေးတက်လာပြီးတော့မှ ကျွန်တော်တို့ ပိုင်ဆိုင်မှုအတွက် အာမခံချက်တွေရှိလာတာ ရှိပါတယ်။ နောက်တစ်ခါ ရပ်ကွက်တွေမှာ ကွန်ကရစ်လမ်းများပေါ်မှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်များအစ ကျန်းမာရေး လေ့ကျင့်ခန်း များ ပြုလုပ်လာနိုင်တာဖြစ်တဲ့အတွက် ပြည်သူ့ကျန်းမာရေးကိုလည်း တစ်ဖက်တစ်လမ်းက အထောက် အကူပြုလာနိုင်တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေနဲ့ ရန်ကုန်မြို့ တော်ကို စိမ်းလန်းသာယာသောမြို့တော်၊ ကျန်းမာသန့်ရှင်းသောမြို့တော်၊ ယုံကြည်စိတ်ချရသော မြို့တော်အဖြစ် တစ်ဖက်တစ်လမ်းက ဆောင်ရွက်နေသလို အဓိကကျတဲ့ နေ့စဉ် မဖြစ်မနေ အသုံးပြုနေရတဲ့ ရပ်ကွက်၊ကျေးရွာ၊မြို့နယ်လမ်းတွေကို ကွန်ကရစ်လမ်းတွေအဖြစ် အဆင့်ဆင့် အစီအမံရှိရှိ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေတဲ့အတွက် နှစ်ရှည်ကြာရှည်ခံမယ့်လမ်းများ အပေါ်မှာ ရရှိလာမည့် ရေရှည် အကျိုးစီးပွားဖြစ်ထွန်းမှုများ ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် အနာဂါတ် မဝေးတော့တဲ့ကာလမှာ မြို့တော်သူ၊ မြို့တော်သားများ အနေနဲ့ လူနေမှုအဆင့်အတန်း မြင့်မားသထက် မြင့်မားလာပြီးတော့မှ နိုင်ငံတကာ အဆင့်မီမြို့တော်အဖြစ် ဂုဏ်ယူ ဝင့်ကြွားနိုင်မှာ ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။
