မက်မန်းမြို့နယ်တွင် အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်းတစ်ကျောင်း၊ အလယ် တန်းကျောင်း(ခွဲ)သုံး ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းခြောက်ကျောင်း၊ အခြေခံပညာမူလ တန်းကျောင်း ၂၃ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ကိုးကျောင်း စုစုပေါင်း ၄၃ ကျောင်းရှိပြီး ကျောင်းသား/ ကျောင်းသူ ၂၆၈၀ ဦးနှင့် သင်ကြားမှု၊ သင်ယူမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် မက်မန်းအထက်တန်းကျောင်းအနေဖြင့် စာစစ်ဌာနရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ မက်မန်း မြို့နယ် ပညာရေးမှူးရုံးကို ၂၀၀၇-၀၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ပညာရေး ဌာနအတွက် စီမံအုပ်ချုပ်မှုကို မိုင်းဖြတ်ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊ ခရိုင်ပညာရေးမှူးရုံးတွင် အစည်းအဝေးရှိရင်သော်လည်းကောင်း၊ အခြားအုပ်မှုဆိုင်ရာ အရေးပေါ်ကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း ကျိုင်းတုံခရိုင်ပညာရေးမှူးရုံးကိုကျော်၍ မိုင်းဖြတ်ခရိုင်ပညာရေးမှူး ရုံးထိ သွားရောက်ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊ သွားသည့်အခါမှာတွင်လည်း မက်မန်းမြို့မှ မိုင်းပျဉ်း၊ မိုင်းပျဉ်းပြီး ကျိုင်းတုံ၊ ကျိုင်းတုံကို ကျော်လွန်ပြီးမှ မိုင်းဖြတ်ကိုရောက်ပါကြောင်း၊ စုစုပေါင်း ၁၈၂ မိုင်လောက် သွားရပါကြောင်း၊ မက်မန်းမြို့နယ် ပညာရေးမှူးရုံး စီမံအုပ်ချုပ်မှုကိစ္စရပ်များကို ကျိုင်းတုံခရိုင် ပညာရေးမှူးရုံးကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့ပေးပါက တင်ပြခဲ့သည့် အခက်အခဲများ လျော့နည်းသွား မည်ဖြစ်သည့်အပြင် ခရီးစရိတ်ကုန်ကျမှုများလည်း များစွာသက်သာသွားမည်ဖြစ်ပါကြောင်း၊ မြို့နယ် အတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် သင်ကြားမှု၊ သင်ယူမှုလုပ်ငန်းများအတွက် လိုအပ် ချက်များရရှိအောင် တင်ပြဆောင်ရွက်ရာတွင် သွက်လက်မြန်ဆန်သွားမည်ဖြစ်သလို ဆက်စပ်ဌာနအဖွဲ့ အစည်းများမြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့နှင့်လည်း လက်လှမ်းမီမှာဖြစ်သည့်အတွက် မက်မန်းမြို့နယ် ပညာရေးမှူးရုံးအား မိုင်းဖြတ်ခရိုင် ပညာရေးမှူးရုံးကွပ်ကဲမှုအောက်မှ ကျိုင်းတုံခရိုင်ပညာရေးမှူးရုံး ကွပ်ကဲမှု အောက်သို့ ပြောင်းရွှေ့ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်၊ မက်မန်းမြို့သည် ကျိုင်းတုံမြို့ ၏ အနောက်မြောက်ဘက်မှာ တည်ရှိပြီး မိုင်ပေါင်း ၁၄၀ ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး အသင့်အတင့်ရှိပါကြောင်း၊ ပညာရေးဖွဲ့စည်းပုံအရ မက်မန်းမြို့နယ်သည် မိုင်းဖြတ်ခရိုင်အတွင်း ပါဝင်သည့်အတွက် မိုင်းဖြတ်မြို့၏ အနောက်မြောက်ယွန်းယွန်းတွင်တည်ရှိပြီး မိုင်ပေါင်း ၁၉၀ ခန့် ကွာဝေးပါကြောင်း၊ မက်မန်းမြို့သည် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မြို့နယ်ခြောက်မြို့နယ်တွင် ပါဝင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ အုပ်ချုပ်ရေး ခရိုင်အရ မက်မန်းခရိုင်အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၏ ပညာရေးခရိုင်အရ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်ခရိုင်တွင်လည်းကောင်း ပါဝင်နေပါကြောင်း၊ မက်မန်းမြို့နယ်မှ မိုင်းဖြတ်ခရိုင်ရုံးသို့ ပညာရေးဆိုင်ရာဌာနလုပ်ငန်းများ သွားရောက်ဆောင်ရွက်သည့် အခါ ကျိုင်းတုံမြို့မှတစ်ဆင့် သွားလာရသည့်အတွက် အခက်အခဲများစွာရှိနေပါကြောင်း၊ မက်မန်းမြို့နယ် ပညာရေးမှူးရုံးအား မိုင်းဖြတ်ခရိုင်ပညာရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ကျိုင်းတုံခရိုင်ပညာရေးမှူးရုံး အောက်ကို ထည့်သွင်းပြောင်းရွှေ့ပါက ရုံးလုပ်ငန်းများနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်သည့် အခါတွင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းကို ပညာရေးမှူးရုံးမှလည်း တင်ပြထားရှိပါ ကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်း မြို့နယ်ပညာရေးမှူးရုံးအား ကျိုင်းတုံခရိုင် ပညာရေးမှူးရုံးအောက်သို့ ပြောင်းရွှေ့နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန အနေဖြင့် မက်မန်းမြို့နယ်အား ကျိုင်းတုံခရိုင်ဖွဲ့စည်းပုံတွင် ပြင်ဆင်ထည့်သွင်းနိုင်ရေး အတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
