၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ

စပါးတစ်တင်း တစ်ကျပ်ဈေးမှ စပါး တစ်တင်း သုံးထောင်ကျပ်ခန့် ဖြစ်လာချိန်တွင် ကိုလိုနီခေတ်ကာလအတိုင်း မြေခွန် ကောက်ခံမည်ဆိုပါက နိုင်ငံတော်အနေ ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ပေးရသည့် ကုန်ကျစရိတ်နှင့် အဆပေါင်း များစွာ ကွာခြားနေသောကြောင့် ယနေ့ခေတ် အခြေအနေနှင့် လိုက်လျောညီထွေ မရှိတော့သဖြင့်တောင်သူလယ်သမားများအတွက် ဝန်ထုတ် ဝန်ပိုး မပိစေသော သင့်တင့် မျှတသည့် မြေယာခွန် တိုးမြှင့် ကောက်ခံရန် အစီအစဉ် ရှိ/မရှိ၊ မရှိ လျှင်မည်သည့်အတွက်ကြောင့်နည်း။ ရှိလျှင် မည်သို့ ဆောင်ရွက်သွားမည်ကို သိလိုပါသည်။

အဖြေ

မြေခွန်နှုန်းထားတိုးမြှင့် ပြင်ဆင်သတ်မှတ်ရေးနှင့်စပ်လျဉ်းပြီး အဘက်ဘက်မှ ချိန်ဆ သုံးသပ်တွက်ချက်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့အဆိုပြု တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြေငြာစာ ထုတ်ပြန်ပြီး စနစ်တကျ စီမံချက် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျော်ကန်သင့်မြတ်မည် ဖြစ်ပါကြောင်းဖြေကြား