ဆာ မဲဆန္ဒနယ်၏ ဆင်ပေါင်ဝဲမြို့နယ်ရှိ ယိုယွင်းပျက်စီးနေသော ပြည်သူ့ဆေးရုံအဆောက် အဦးကိုအသစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၂၀.၈.၂၀၁၃)

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ရန်ကုန်-ပြည်-မကွေး ပြည်ထောင်စု လမ်းမကြီးနှင့် ၁၇ မိုင်ခန့်အကွာ အတွင်းဘက်တွင် တည်ရှိပြီး လူဦးရေ ၁၅၀၀၀၀နှင့် ကျေးရွာပေါင်း ၁၃၈ ရွာရှိသော်လည်း ချောင်ကျခြင်း၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းတို့သည် ခေတ် အဆက်ဆက် ပြောင်းလဲ ခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ပါကြောင်း၊  ထို့ပြင် ဆင်ပေါင်ဝဲမြို့နယ် ၏ ပြည်သူ့ဆေးရုံကြီးကို တည်ဆောက်ပြီးစီးခဲ့ သည်မှာ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ သဖြင့် များစွာဟောင်းနွမ်းပျက်စီးလျက်ရှိကြောင်း၊  မကွေးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှူး၏ ခရီးစဉ်တွင် မြို့နယ်ဆရာဝန်ကြီးသို့ လမ်းညွှန်ချက်များ၌  (က) မြို့နယ်ပြည်သူ့ဆေးရုံမိုးယိုနေခြင်းအား အသစ် ပြန် လည်မိုးရန်၊ (ခ) ခွဲစိတ်ဆောင်အား Standard  တစ်ခုအဖြစ်တည်ဆောက်ရန်၊ (ဂ) စြင်္ကန်လမ်းကွဲအက်နေခြင်းအား အသစ်ပြန်လည် ပြင်ဆင်ရန်နှင့် စြင်္ကန်နှင့်ဝရန်တာများကို အသစ်ပြန်လည်ကာရန်၊ (ဃ) မြို့နယ်ဆေးရုံအားဆေးသုတ်ရန်၊ (င) အမျိုးသမီးလူနာဆောင် နံရံကွဲနေခြင်းနှင့် ပြတင်းပေါက် များပျက်စီးနေခြင်းကို ပြင်ဆင်ရန်တို့ဖြစ်ရာ အထက်ဖော်ပြပါ အချက်များကို ကြည့်ခြင်းအားဖြင့် ဆင်ပေါင်ဝဲဆေးရုံကြီးသည် အကြီးစားပြင်ဆင်မွမ်းမံမည့်အစား အသစ်ပြန်လည် တည်ဆောက်ပေးရန် လိုအပ်လျက်ရှိသည်ကို သိရှိရသည့်အတွက် အစစအရာရာယိုယွင်းပျက်စီးနေသော ဆင်ပေါင်ဝဲ မြို့နယ် ပြည်သူ့ဆေးရုံအဆောက်အဦကို နိုင်ငံတော်မှ အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဦးအေးနိုင် (ဆင်ပေါင်ဝဲ မဲဆန္ဒနယ်) ကိုယ်စား ဦးဌေးမောင် (ဆော) က မေးမြန်းပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲ မြို့နယ် ပြည်သူ့ဆေးရုံ အဆောက်အဦကို အသစ်တည်ဆောက်ပေးရေးအတွက် ကျန်းမာရေးဦးစီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၄-၁၅ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် တွင် လျာထားတင်ပြပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။