စာသင်ကျောင်းများတွင် မူလတန်းအရွယ်မှ စတင် ၍ နိုင်ငံတာဝန် ထမ်းဆောင် နေကြ သူများ အပါ အဝင် Good Citizens “မြန်မာနိုင်ငံသားကောင်း” အဓိဋ္ဌာန်ကို နေ့စဉ်ရွတ်ဆိုပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂.၇.၂၀၁၃)

မိမိတို့နိုင်ငံတွင် နိုင်ငံတော်သမ္မတကြီးမှ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ရန် ဦးတည်ပြီး ဘက်ပေါင်းစုံမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ချိန်တွင်  မြန်မာနိုင်ငံသားကောင်းများရှိရန် လိုအပ်သည်ဟု မိမိယူဆပါကြောင်း၊ မြန်မာနိုင်ငံသားကောင်း အတွေးအခေါ်များ ရှိကြရန်လည်း မိမိတို့တွင် တာဝန်ရှိသည်ဟု ခံယူပါကြောင်း၊ အရာရာမှာ မြန်မာနိုင်ငံကို ပထမဦးစားပေးသော မြန်မာနိုင်ငံသားဖြစ်ရေးသည် အဓိကဖြစ်သည်ဟု မိမိယူဆပြီး အဆိုပါ အတွေးအခေါ်မျိုးကို ငယ်စဉ်က စပြီး မွေးမြူလေ့ကျင်‌့ပေးရန် လိုအပ်မည်ဟုလည်း ယူဆပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ တွင် နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားတာရှိပါကြောင်း၊ ငယ်စဉ်စာသင်ကျောင်းမှစတင်ပြီး အနာဂတ်ကို စိတ်ဓာတ်ကောင်း၊ ခံယူချက်ကောင်း၊ အမူအကျင့်ကောင်း၊ ဓလေ့စရိုက်ကောင်း များဖြင့် မြန်မာနိုင်ငံသားကောင်း Good Citizens များဖြင့် ပြည်ပသို့ ခံယူချက်စွဲမြဲသွားရန် လိုအပ်မှာ ဖြစ်သည့်အတွက် မူလတန်းအရွယ်မှ စတင်၍ နိုင်ငံတာဝန် ထမ်းဆောင်နေကြသူများ အပါအဝင် “ကျွန်ုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး မြန်မာလူမျိုးပီပီ မြန်မာ့သမိုင်း ကောင်းမွန်ရေးအတွက် အဂတိတရား၏ကင်းပြီး မြန်မာနိုင်ငံ သားကောင်းပီသစွာ ပြုမူပြောဆို နေထိုင်လုပ်ကိုင် ဆောင်ရွက်ပါမည်” ဟု အဓိဋ္ဌာန်ပြုပါသည်ဆိုသည့် မြန်မာနိုင်ငံသားကောင်း အဓိဋ္ဌာန်ကို နေ့စဉ်ရွတ်ဆိုနိုင်ရေးပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း  မေးမြန်းသွားခဲ့ပါသည်။

ဖြေကြားသည့် ဝန်ကြီးဌာန