ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလအကြားတွင် လားရှိုး-မူဆယ်လမ်းပိုင်း၊ နမ့်မျှော်ချောင်းကူး အေတီ တံတားအနီး ရေကြီးရေလျှံမှု ၄ ကြိမ်ဖြစ်ပွားပါသည်။ ထိုသို့ဖြစ်ပွားရခြင်းမှာ မိုးများ၍ တောင်ကျရေ များပြားခြင်း၊ ရေစီးဆင်းမှုလမ်းကြောင်း ကျဉ်းမြောင်းခြင်း၊ ကားလမ်းနိမ့်ခြင်းများကြောင့်ဟု ပြည်သူများက သုံးသပ် နေကြပါသည်။ အေတီ တံတား ချောင်းရေကြီး၊ ရေလျှံမှုကြောင့် မန္တလေး-မူဆယ်၊ မန္တလေး -လောက်ကိုင်သို့ ပြေးဆွဲနေလျက်ရှိသော ခရီးသည်ကားများနှင့် ကုန်တင်ကားများ သွားလာမရဘဲ လမ်းပိတ်ခြင်း၊ ရန်ကုန်-မန္တလေး- လားရှိုးမှ မူဆယ်-လားရှိုး-လောက်ကိုင် မြန်မာနိုင်ငံနယ်စပ်သို့ သွားလာနေကြသော ခရီးသွားများနှင့် မူဆယ်-နမ့်ခမ်း- လောက်ကိုင်ဘက်မှ လားရှိုး-မန္တလေး-လောက်ကိုင်ဘက်သို့ သွားလာနေကြသော ခရီးသည်များ အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ကုန်စည် စီးဆင်းမှုကိုလည်း နှောင့်နှေးကြန့်ကြာ ပြီး နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်သည်ကို ကြုံတွေ့နေ ရပါကြောင်း၊ အေတီတံတား ချောင်းေ ရကြီး၊ ရေလျှံမှုကာ လတွင် ဒေသဆိုင်ရာဌာနများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့သူမြို့သား များနှင့် ကျေးရွာ/ ရပ်ကွက်များသည် စက်လှေနှစ်စီး၊ အသက် ကယ်မော်တော်ယာဉ်နှစ်စီး၊ အသက်ဖော့အင်္ကျီများကို ခရီးသွားပြည်သူ များအား ဝတ်ဆင်စေပြီး တင်ပို့ကူညီခဲ့ရပါကြောင်း၊ ခရီးသည် များ၊ ကားကြီးများနှင့် ကားငယ်များကို လိုရာခရီးသွား လာရေးအတွက် မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ်များကို ကြိုးဖြင့်ဆွဲချည်၍ ဖြတ်သန်းသွား လာရသည် အထိ ဖြစ်ခဲ့ရပါကြောင်း၊ ထို့အပြင် ခရီးသည်များနှင့် ဆိုင်ကယ်များအား ဝါးလုံးဖြင့်လျှိုထမ်း၍ ပို့ဆောင် ပြီး ရေကြီး၊ ရေလျှံမှုကြောင့် ဖြတ်သန်းသွားလာသော ခရီးသည်များ၊ ပြည်သူများနှင့် မော်တော် ယာဉ်များသည် လည်း အန္တရာယ်ပေါင်းများစွာ ကြုံတွေ့နေရပြီး အသက်ဆုံးရှုံးမှုများတွေ လည်း နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် အေတီတံ တားချောင်း ရေကြီး၊ ရေလျှံခြင်း၏အကြောင်း အရင်းကို သိရှိပါသလား။ သိရှိပါက မည်ကဲ့သို့အစီအမံများ၊ ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရွက်မှုများ ကို ဆောင်ရွက်ထားပါ သနည်း၊ အေတီချောင်း တံတား ရေကြီး၊ ရေလျှံကာကွယ် တားဆီးရေးအတွက် ရေကျော်တံတားအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ေ ကြာင့်ဆိုသည်ကို မေးမြန်းပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့အနီး အေတီတံတားသည် မိုင်တိုင် ၁၇၇/၇ ရှိပြီး ၁၇၇ နှင့်၁၇၈ ကြားတွင် ရေကြီးခြင်းဖြစ်ပါကြောင်း၊ ထို့သို့ ရေကြီးရသည့် အကြောင်းရင်း အဓိကအားဖြင့် ၂ ချက်ရှိပါကြောင်း၊ အဆိုပါ နေရာရှိ နမ့်မျှော်ချောင်းသည် မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းသည့် အချိန်တွင် ရေစီးရေလာကြမ်းပြီး လမ်းနိမ့်ထားတာ သော နေရာမှ လမ်းပေါ်ကိုရေကျော်ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ နိမ့်ထားရသည့် ရည်ရွယ်ချက်သည် လားရှိုးမြို့ မြေနိမ့်ဘေး တွင်ရှိသော ရပ်ကွက်များကို ရေလွှမ်းမိုးသွား မည်ကို ကာကွယ်သည့်အနေဖြင့် နမ့်မျှော်ချောင်းအရှိန်အဟုန်နှင့် ဆင်းလာသည့်အခါ ထိုကွေ့လေးပေါ်သို့ဖြတ်ကျော်ရန်အတွက် တံတားထက် နိမ့်ထား ရခြင်း ဖြစ်ပါကြောင်း၊ နမ့်မျှော်ချောင်း သည် နှစ်ပေါင်း များစွာ ရေကျော် လာခြင်းကြောင့် ချောင်းအနက်တိမ် လာ ပါကြောင်းနှင့် နှစ်စဉ်ရေလွှမ်း မိုးမှုသည်လည်း အမြင့်ပေပိုများလာသောကြောင့် ပြုပြင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ လားရှိုး-မူဆယ် ကား လမ်းပေါ်၌ ရေကျော်မှုနှင့် ပတ်သက်ပြီး B.O.T ယူထားသော Asia World ကုမ္ပဏီနှင့်ညှိနှိုင်း၍ ရေကျော်ဧရိယာဖြစ်သော မိုင်တိုင် ၁၇၇ နှင့် ၁၇၈ ကြားတွင် ပေ ၁၆၀ အရှည်၊ အကျယ်ပေ ၄၀ ရှိသော တံတားတည်ဆောက်ရန် ဆောင်ရွက်ထားပါကြောင်း၊ ခန့်မှန်းကုန်ကျငွေသည် ကျပ်သိန်း ၄၀၀ ခန့်ဖြစ်ပြီး လမ်းနှင့်ပတ်သက်၍ အကြိုအင်ဂျင်နီယာလုပ်ငန်းများ၊ ပုံစံများ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီရောက်လာပါက စတင်တည်ဆောက်မည်ဖြစ်ပြီး မိမိတို့တည်ဆောက်သည့်အခါ လုပ်ငန်းစဉ်အားဖြင့် အချက် ၁၁ ချက်ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယင်း ၁၁ ချက်ကို ဒီဇင်ဘာ ၁ ရက်နေ့ တွင် စတင်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အပြီးသတ်ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ထားတာဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေကြီး၊ ရေလျှံမှုနှင့်ပတ်သက်ပြီး ယခုနှစ်ဘဏ္ဍာရေးနှစ် အတွင်းတွင် ကုန်ကျငွေ သန်း ၄၀၀ ခန့်ကို ကုန်ကျခံပြီး B.O.T ကိုတာဝန်ယူ ထားသော အေးရှားဝေါလ် ကုမ္ပဏီကို ဆောက်လုပ်ခိုင်းမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။
