စီးပွားရေးကုမ္ပဏီများမှ စားသုံးသူများကို ကံစမ်းမဲများ၊ ဆုမဲများဖြင့် စွဲဆောင်၍ မိမိတို့ကုန်ပစ္စည်းများကို တွယ်ကျယ်စွာရောင်းချနိုင်ရန် ကြော်ငြာ စည်းရုံးရောင်းချနေကြရာ ယင်း ကံစမ်းမဲဆုများကို ကြေညာထားသည့် အတိုင်း အမှန်တကယ် ထည့်သွင်းပေးထားရှိ ရှိ/မရှိ ကို သိရှိရန် သက်ဆိုင်ရာမှ တရားဝင်ကြီးကြပ်ရေးအဖွဲ့ ထားရှိပါသလား နှင့် ကြော်ငြာထားသည့်အတိုင်း အမှန်တကယ် ထည့်သွင်းပေးပါကလည်း ထိုသို့ပြုလုပ်ခြင်းသည် အကျိုး အမြတ်အပေါ်မှ ခွဲဝေပေးသည်ဟု ယူဆရမည်ဖြစ်သောကြောင့် ယင်းဆုမဲများပေးခြင်း အပေါ် နိုင်ငံတော် အခွန်စည်းကြပ်ရေးကဏ္ဍတွင် မည်ကဲ့သို့ ထည့်သွင်းတွက်ချက်ထားပါသနည်းကို သိရှိလိုကြောင်းမေးမြန်းပါသည်။
စားသုံးသူများအား ကံစမ်းမဲများထည့်၍ အပြိုင်အဆိုင် ရောင်းချခြင်းသည် သက်ဆိုင်ရာ ကုမ္ပဏီ၏ အရာင်းမြှင့်တင်ရေးအတွက် ကြော်ငြာ ထည့်သွင်းပေးခြင်းဖြစ်ပြီး ဆုမဲများအား ကြော်ငြာထားသည့် အတိုင်း ထည့်သွင်းပေးခြင်း ရှိ/မရှိကို စိစစ် ကြီးကြပ်ရန် အတွက် လက်ရှိတည်ဆဲ ဥပေဒများအရ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခွင့် မရှိပါကြောင်း၊ ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ ဆုမဲအတွက် ကုန်ကျငွေများသည် စီးပွားရေး လုပ်ငန်းတစ်ခု၏ ကုန်ကျစရိတ်များဖြစ်ပြီး ဝင်ငွေ ဥပဒေ ပုဒ်မ ၁၁(ခ) စီးပွားရေးလုပ်ငန်း၏ ဝင်ငွေကိုတွက်ချက်ရာတွင် ဝင်ငွေရရှိရန် ကုန်ကျစရိတ် များနှင့် ပစ္စည်းတန်ဖိုး လျော့များကို နုတ်ပေးရန်နှင့် အဆိုပါစရိတ်များတွင် မတည်စရိတ်၊ ကိုယ်ရေးကိုယ်တာစရိတ် လုပ်ငန်းပမာဏနှင့် မမျှအောင်များသည့် စရိတ်များကို နုတ်မပေးရ ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ဆုမဲများအတွက် ကုန်ကျစရိတ်သည် လုပ်ငန်းပမာဏနှင့် မျှတမှုမရှိပါက အခွန်စည်းကြပ်ရန်အတွက် ထည့်သွင်းတွက်ချက်မည်ဖြစ်ပြီး လုပ်ငန်းပမာဏနှင့် မျှတမှုမရှိပါက တင်ပြတောင်းခံထားသည့်အတိုင်း ထည့်သွင်းတွက်ချက်ပေးမည် မဟုတ်ပါကြောင်း ပြည်လည်ဖြေကြား ပါသည်။
