(ဃ)-တိုင်းဒေသကြီး/ပြည်နယ်များရှိတောင်သူလယ် သမားများကိုဝန်ကြီးဌာနအနေဖြင့်ပညာပေးလုပ်ငန်း များ၊ဘက်စုံအကျိုးပြုသီးနှံများအကောင်အထည်ဖော် ၍ ပြည်တွင်း /ပြည်ပသို့ စီးပွားဖြစ် တင်ပို့ရောင်း ချနိုင်ရေးဆောင်ရွက်ပေးမည့်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၄)ရက်မြောက်နေ့ (၂၈.၅.၂၀၁၅)

ဦးညွန့်လှိုင် (ဖြူး)မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအား တဖြည်းဖြည်းတိုးတက်လာပြီး ၂၀၁၅ ခုနှစ်တွင် Export ဆန်တန် ၁.၇ သန်းတန်ကျော် တင်ပို့နိုင်ခဲ့ပါကြောင်း၊ ကမ္ဘာ့ဈေးကွက်မှ တောင်းဆိုသည့် အရည်အသွေးကောင်း၊ ဈေးနှုန်းကောင်းသည့် အဆင့်မြှင့်စပါးများ စိုက်ပျိုးထုတ်လုပ်ရန် လိုပါကြောင်း၊ ရေလိုအပ်ပါက ဆည်မြောင်းများဖြင့် ရေသွင်းပြီး စိုက်ဧကများတိုးချဲ့ စိုက်ပျိုးရန်နှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်တို့ကို ပြည်တွင်းစားသွင်းမှုလုံလောက်အောင် စိုက်ဧကများ၊ မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးပြီး၊ ပြည်ပစားအုံးဆီများတင်သွင်း၍ ပြည်တွင်းတွင်စားသုံးနေရခြင်းမှာ မဖြစ်သင့်ပါကြောင်း၊ ဆီထွက်၊ ဆီထုတ်ပြီး ပဲပုပ်ဖတ်၊ မြေပဲဖတ်၊ နှမ်းဖတ်တို့သည် မွေးမြူရေးအစာအတွက် အကောင်းစားပရိုတင်းများ ဖြစ်ကြပါကြောင်း၊ ကြံစိုက်ပျိုးရေးသည် သကြားထုတ်လုပ်ရေးအတွက်သာမက Sustainable Energy Ethanol လောင်စာဆီ၏ ကုန်ကြမ်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံးရှိ တောင်သူလယ်သမားများကို ဝန်ကြီးဌာနအနေဖြင့် ကွင်းဆင်းပညာပေးလုပ်ငန်းများ၊ ဘက်စုံအကျိုးပြု သီးနှံပုံစံများ၊ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်၍ ပြည်တွင်းမှာလည်း ဆန်၊ ဆီမှ အစဖူလုံပြီး ပြည်ပသို့လည်း စီးပွားဖြစ်တင်ပို့ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည့် လုပ်ငန်း အစီအစဉ်များ Logistics Management Programme များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအုန်းသန်း