(ဂ)-ဘီးလင်းမြို့နယ်၊ကဇိုင်းကျေးရွာရှိကဇိုင်းဆည် မှ ရေများအား ရေရှားသည့် မြို့ပေါ်ရပ်ကွက်များသို့ သွယ်ယူ သုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ (၇.၁.၂၀၁၆)

ဘီးလင်းမြို့ပေါ်ရှိ မြို့ပေါ်ရပ်ကွက်၊ ကန်သာယာရပ်ကွက်နှင့် ဖိုးလှကြီးရပ်ကွက်တို့သည် နွေရာသီတွင် သောက်သုံးရေ ဒေါက်တာစိုးမိုးအောင် (ဘီးလင်း)ရှားပါးသည့် ပြဿနာကို နှစ်စဉ်ကြုံတွေ့ခံစားနေရပါကြောင်း၊ ဘီးလင်းမြို့နယ်နှင့် ၂ မိုင် ခန့်ကွာဝေးသော ကဇိုင်းကျေးရွာတွင် ကဇိုင်းဆည်ရှိပါကြောင်း၊ ၎င်း ကဇိုင်းဆည်သည် ရေကာတာ တမံကဲ့သို့ ဆောက်ထားခြင်းမျိုးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် အသုံးဝင်သည့် ဆည်အမျိုးအစား မဟုတ်ဘဲ စိုက်ပျိုးမြေဧကများ ဖော်ထုတ်နိုင်ရန် ရေလှောင်တမံမျိုး ပြုလုပ်ထားသည့် ဆည်ဖြစ်ပါကြောင်း၊ ထိုဆည်တွင် ရေချိုပမာဏများ များစွာစုဆောင်းနိုင်ထားနိုင်ခြင်း ရှိသည့်အတွက် နွေရာသီကာလ ရေရှားပါးသော မိမိတို့ မြို့ပေါ်ရပ်ကွက်၊ ကန်သာယာရပ်ကွက်၊ ဖိုးလှကြီးရပ်ကွက်တို့အတွက် ဆည်မှ သောက်သုံးရေ ရရှိရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ရရှိသုံးစွဲနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

 

 

 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးခင်ဇော်