မယ်စဲ့မြို့နယ်သည် ၁၉၉၀ ခုနှစ်တွင် မြို့နယ်အဖြစ် စတင်သတ်မှတ်သော်လည်း ယနေ့အထိ ရပ်ကွက်/ကျေးရွာတွေအားလုံးသည် သစ်တောကြိုဝိုင်း၊ ကြိုးပြင်ကာကွယ်တောဧရိယာတွင် ကျရောက်နေပါကြောင်း၊ ထို့ကြောင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက လုပ်ထုံးလုပ်နည်းများအတိုင်း တင်ပြခဲ့ရာတွင် ကနဦးဧက ၆၆၀ မှ ဧက ၂၁၀ ကိုသာ မြို့မြေအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မယ်စဲ့မြို့နယ်အနေဖြင့် မကြာခင် နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ရန် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းကြောင့် များပြားလာသော လူဦးရေအတွက် နေထိုင်ရန် မြေနေရာများ စနစ်တကျတိုးချဲ့ သတ်မှတ်ပေးရန် ခက်ခဲလျက်ရှိပါကြောင်း၊ ထို့ကြောင့် မယ်စဲ့မြို့ပေါ်အပြင် ပတ်ဝန်းကျင်ကျေးရွာတွေကို သစ်တောမြေ ကြိုးပြင်ကာကွယ်တောအဖြစ်မှ မြို့မြေ၊ ရွာမြေအဖြစ် မည်သည့်အချိန်တွင် ဖြေလျှော့သတ်မှတ်ပေးနိုင်ပါမည်ကိုလည်းကောင်း၊ မြေကြီးနှင့် မြေပုံကွဲလွဲ နေသော ရွာမြေအချို့အား ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းကို မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေး နိုင်မည်ကို ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ြ
ပည်ထဲရေးဝန်ကြီး ဌာန ၏ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၄ ရက် ရက်စွဲပါ စာအမှတ်နှင့် မယ်စဲ့မြို့နှင့် ကျေးရွာအုပ်စုများကို ဖာဆောင်းမြို့နယ်မှ ခွဲထွက်ပြီး မယ်စဲ့မြို့နယ်အဖြစ် ဖွဲ့စည်းခဲ့ပါကြောင်း၊ မယ်စဲ့မြို့အပါအဝင် ပတ်ဝန်း ကျင်ကျေးရွာအုပ်စုများသည် နန့်ပိန်းလိန်ကြိုးပြင်ကာကွယ်တောနှင့် အရှေ့သံလွင်(၂) ကြိုးပြင်ကာကွယ် တောအတွင်း ကျရောက်လျက်ရှိပါကြောင်း၊ နန့်ပိန်းလိန်ကြိုးပြင် ကာကွယ်တောကို ဧရိယာ ဧက ၈၃၂၀၀ ဧကဖြင့်လည်းကောင်း၊ အရှေ့သံလွင်(၂) ကြိုးပြင်ကာကွယ် တောကို ၅၁၄၃၀၄ ဧကဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပါကြောင်း၊
နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ရက်စွဲပါစာအမှတ်၊ ၁၃(၁)/၇/ သမ္မတရုံး ဖြင့် မြို့ပြကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအရ သစ်တောကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောအတွင်းမှ အခြေချ နေထိုင်ခဲ့သော ရွာစု၊ အိမ်စုများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ပယ်ဖျက်ပေးရာတွင် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအတွင်းမှ ကျေးရွာပေါင်း ၂၈၀၇ ရွာ ရွာမြေ၊ လယ်မြေ၊ သာသနာ/အများပိုင်မြေ စုစုပေါင်း ၅၀၈၀၁၈.၅၅ ဧကကို အဆင့်ဆင့် ပယ်ဖျက်ပေးပြီး ယာမြေများကို သီးနှံသစ်တောရောနှောစိုက်ပျိုးသည့်စနစ်ကို အခြေခံသော ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခွင့်ပြုပေးလျက်ရှိပါကြောင်း။
နမ့်ပိန်းလိန်နှင့် အရှေ့သံလွင်(၂) ကြိုးပြင်ကာကွယ်တောများအတွင်း အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲရေးအမည်ပေါက် နန့်ဟူး၊ ဟိုဂျစ်၊ မယ်စဲ့၊ နန့်မန်း၊ ဝမ်ကန်၊ ပန်တိန်း၊ ဟိုစဲ၊ မယ်စဲ့နန်၊ နမ့်ပိန်းလိန်၊ ကျောက်စု မြို့နယ်၊ ရွာမြေ၊လယ်မြေများ၊ သာသနာနှင့် အများ ပိုင်မြေများ ယာမြေ ဥယျာဉ်ခြံမြေများ စုစုပေါင်းဧရိယာ ၃၉၆၆.၇၄ ဧကရှိသည့်အနက် ရွာမြေ၊ လယ်မြေ၊ သာသနာ/အများပိုင်မြေ ၂၃၃၁.၃၅ ဧကကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် အမိန့်ကြော်ငြာစာအမှတ် (၃၀၄/၂၀၁၃) ဖြင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိ ယာမြေ ၁၅၁၀.၅၀ ဧကကို သစ်တောမြေမှ စွန့်လွှတ်ခြင်းမပြုဘဲ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် ဥယျာဉ်၊ ခြံမြေများကို နှစ်စဉ် ငှားရမ်းစနစဖြင့် ခွင့်ပြုပေးမည်ဖြစ်ပါကြောင်း၊
မြေကြီး၊ မြေပုံမှန်ကန်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာလယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်မြေစာရင်းဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် နမ့်ပိန်းလိန် နှင့် သံလွင်အရှေ့ခြမ်း(၂) ကြိုးပြင်ကာကွယ်တောအတွင်းရှိ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေးအမည် အပေါက် ရွာများဖြစ်သည့် ဟွေပါလန်၊ လယ်တောနှင့် လမ်းဆုံရွာများ၏ ရွာမြေ၊ လယ်မြေ၊ သာသနာမြေ၊ အများ ပိုင်မြေ စုစုပေါင်း ၁၀၇.၃ ဧကကို ပယ်ဖျက်ပြီးဖြစ်သည့်အတူ လည်းကောင်း၊ အိမ်ခြေ ၅၀ အောက်နှင့် ပြည်ထဲ ရေး အမည် မပေါက်သော်လည်း အခိုင်အမာတည်ဆောက်ထားသော ပံမခေ၊ ဟိုဖ၊ တောင်လှ ကျေးရွာ များမှ လယ်မြေ၊ လယ်မြေ၊ သာသနာ၊ အများပိုင်မြေ စုစုပေါင်း၃၃.၇၈ ဧကကို ၂၀၁၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
မယ်စဲ့ မြို့နယ် ဧရိယာ ကနဦးဧက ၆၆၀ ဆိုသည်မှာ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ကောက်ယူခဲ့သော စာရင်းများအရ မယ်စဲ့မြို့နယ်သည် ဧရိယာ ၂၁၀ ဧကသာ ရှိခြင်းကြောင့် စွန့်လွှတ်ပေးပြီးလည်း ဖြစ်ပါ ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ မယ်စဲ့မြို့ပြဖွံ့ဖြိုးရေးဇုန်အဖြစ် ထပ်မံတိုးချဲ့ရန် လျာထား သတ်မှတ် ထားသော မြေဧရိယာ ၃၉၀ ဧကရှိပြီး အရှေ့သံလွင်(၂) ကြိုးပြင် ကာကွယ်တောအတွင်း ကျရောက်လျက်ရှိပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့ပြဖွံ့ဖြိုးရေး ဇုန်အဖြစ် ထပ်မံတိုးချဲ့လိုပါက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး မြို့ပြအိမ်ရာဖွံ့ဖြိုးရေးနှင့် မြို့ပြစီမံခန့်ခွဲမှု စီမံကိန်းတို့ကို စနစ်တကျရေးဆွဲကာ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြအတည်ပြုချက်ရယပြီးပါက စီမံချက်ပါဧရိယာများနှင့် သစ်တောမြေမှ ကျရောက်ခဲ့သော ဧရိယာများ ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပယ်ဖျက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မယ်စဲ့ဒေသအနေဖြင့် ယခင်က ငြိမ်းချမ်းမှုမရှိသည့်အတွက် ကျေးရွာများသည် တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရာမှ ယခုအခါ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီး ကျေးရွာတည်နေရာများကို ခေတ်မီမြေတိုင်း ကိရိယာများ စနစ်တကျတိုင်းတာပြီး မြေပုံ၊ စာရင်းဇယားများ စနစ်တကျမှတ်တမ်းတင် ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
