(ခ)-ပလက်ဝမြို့နယ်၏အရှေ့မြောက်ဘက်အိန္ဒိယ နယ်စပ်ဒေသရှိ ပထိန်တလင် ကျန်းမာရေးဌာနခွဲ အားကျေးလက်ကျန်းမာရေးဌာနအဆင့်သို့၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် တိုးမြှင့်ပေးရန်အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၅)ရက်မြောက်နေ့ (၁၆.၆.၂၀၁၅)

ဦးပိုက်လင်း (ပလက်ဝ)ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏အရှေ့မြောက်ဘက်ရှိ ဝေးလံခေါင်သီသော အိန္ဒိယနယ်စပ်၌ ပထိန်တလင်ကျန်းမာရေးဌာနခွဲအပါအဝင် ကျန်းမာရေးဌာန သုံးခုရှိပါကြောင်း၊ ကျေးရွာပေါင်း ၂၆ ရွာ၊ အိမ်ခြေပေါင်း ၁၁၂၈ နှင့် လူဦးရေပေါင်း ၇၅၆၀ ဦးရှိပြီး ပထိန်တလင်ရွာတွင် အိမ်ခြေ ၁၃၀၊ လူဦးရေ ၆၆၆ ဦးနှင့် အထက်တန်းကျောင်း(ခွဲ)လည်း ရှိပါကြောင်း၊ ထို့ကြောင့် ပထိန်တလင် ကျန်းမာရေး ဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဆင့်သို့ ၂၀၁၆-၁၇ ခုဘဏ္ဍာရေးနှစ်တွင် ဦးစားပေး တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ၍ မေးမြန်းခဲ့ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင်‌့
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင်‌့ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရဲ့ အရှေ့မြောက်ဘက် အိန္ဒိယနယ်စပ်မှာရှိတဲ့ ပထိန်တလင်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာန အဆင့်သို့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဦးစား ပေးတိုးမြှင့်ရန် အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ ရှင်းလက်ဝ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ၂၂ မိုင် ကွာဝေးခြင်း၊ အိမ်ခြေ ၇၁၅ အိမ်၊ လူဦးရေ ၃၈၁၁ ဦးရှိပြီး ပထိန်တလင် ကျေးလက်ကျန်းမာရေး ဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးပါက ကျေးရွာ ၁၂ ရွာအား ကျန်းမာရေး စောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်မည်ဖြစ်သဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိရေးအတွက် ဆက်လက်စီစဉ်ဆောင် ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။