(ခ)-ကြို့ပင်ကောက်မြို့နယ်၊ လယ်တီ ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲကိုအခြေခံ ပညာအထက်တန်းကျောင်းအဆင့်သို့တိုးမြှင့်ပေး ရန် အစီ အစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၀)ရက်မြောက်နေ့ (၂၃.၇.၂၀၁၅)

ကြို့ပင်ကောက်မြို့နယ်၊ စေတီကုန်းကျေးရွာအုပ်စု၊ လယ်တီရွာရှိ အခြေခံပညာအထက် တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ လယ်တီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်း အဖြစ် ၃၁-၅-၂၀၁၅ ရက်နေ့တွင် အဆင့်တိုးမြှင့်ဖွင့်လှစ် ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။