(ဂ)-မြန်မာနိုင်ငံတွင် ငွေကြေး လဲလှယ်နှုန်း အမျိုး မျိုးဖြစ်နေသည်ကို သိရှိခြင်းရှိ၊မရှိသိရှိပါကထိုကဲ့ သိုဖြစ်နေခြင်းသည် ကောင်းမွန်မှု ရှိ၊ မရှိ နှင့်မရှိ ပါက မည်ကဲ့သို့ ပြုပြင် ဆာင်ရွက်မည်ကို သိ လိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၇)ရက်မြောက်နေ့ (၃.၆.၂၀၁၅)

ဦးသန်းဝင်း(တောင်တွင်းကြီး မဲဆန္ဒနယ်)ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး ငွေကြေးဈေးနှုန်းများ ကျဆင်းနေသည်ကို တွေ့ရှိရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ငွေကြေးဈေး ကွက်မှာ မြန်မာကျပ်ငွေတန်းဖိုးကျဆင်းနေသည်ကို  တွေ့ရှိရပါကြောင်း၊ သို့သော် ကာလတိုအတွင်း မြန်မာကျပ်ငွေဈေးနှုန်းသည် ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးကျဆင်းမှုနှုန်းနှင့် နှိုင်းဆမည်ဆိုပါက မြင့်မားနေသည်ဟု ယူဆမိပါကြောင်း၊ ငွေကြေးကျဆင်းမှုနှုန်း အကျိုး ဆက်အနေဖြင့် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာပြီး ကုန်ဈေးနှုန်းများကြီးမြင့်မှာကို ပြည်သူများ စိုးရိမ်ပူပန်နေကြပါကြောင်း၊ ဒုတိယအကျိုးဆက်အနေဖြင့် မြန်မာ့ငွေဈေးကွက်၏ ငွေလဲနှုန်း ဗဟိုဘဏ်၏ ရည်ညွှန်းဈေးနှုန်းများ၊  ပို့ကုန်သွင်းကုန်လောက၏ ငွေလဲလှယ်နှုန်းများ တူညီခြင်း မရှိသည်ကိုတွေ့ရှိပါကြောင်း၊ ထို့ကြောင့်  (က) မြန်မာနိုင်ငံမှာ ငွေလဲလှယ်နှုန်းအမျိုးမျိုး ဖြစ်နေတာကို သိရှိခြင်းရှိ/မရှိ။ (ခ) ထိုကဲ့သို့ ဖြစ်ပေါ်နေခြင်းသည် ကောင်းမွန်မှုရှိ/မရှိ၊ ကောင်းမွန်မှု မရှိပါက မည်ကဲ့သို့ ပြုပြင်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၁၂ ခုနှစ်၊ ဧပြီ  လမှ စတင်၍ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)နှင့် ပူးပေါင်းပြီး Multiple Exchange Rates ပြဿနာကို ဖြေရှင်းရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဗဟိုဘဏ် နိုင်ငံခြားငွေလေလံဈေးကွက်ကို Formal Exchange Option စတင်ဆောင်ရွက်ခြင်း၊  နှုန်းယှဉ်နိုင်ငံခြား ဝင်ငွေလဲလှယ်နှုန်းစနစ် Management   Float  Exchange System ကို ကျင့်သုံးခဲ့ခြင်း၊  ထို့နောက် မြန်မာနိုင်ငံဗဟိုဘဏ်က Formal Exchange Option ကို နှစ်စဉ်ဗဟိုဘဏ်တွင် Formal Exchange Optionမှ ရည်ညွှန်းငွေလဲလှယ်နှုန်းစနစ် Reference ကိုနေ့စဉ် တုန့်ပြန်ခဲ့ပါကြောင်း၊  

Reference Rates ထုတ်ပြန်ရာတွင်လည်း  Reference Rates ကို Refer လုပ်ရန်သာဖြစ်ပြီး ပြင်ပပေါက်ဈေးများအနေဖြင့် ရင်းနှုန်းနှင့်ထပ်တူထပ်မျှတူစရာမလိုပါကြောင်း၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ဘဏ်များနှင့်ငွေလဲကောင်တာများက ဒေါ်လာဈေးကစားမည်ကို စိုးရိမ်းခြင်းကြောင့်   Reference Rates ၏ Plus or Minus  0.8 ဘောင်အတွင်းသာ ရောင်းဝယ်ခြင်းများ ဆောင်ရွက်ရန် ထိန်းချုပ်ထားခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်လည်း Money Changer တစ်ခုနှင်‌့တစ်ခု၏ ငွေလဲလှယ်နှုန်းများ တူညီခြင်းမရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ပြင် နိုင်ငံတကာမှာလည်း တရားမဝင်ဈေးကွက်၊ Hundi ဈေးကွက်များ တည်ရှိနေဆဲ ဖြစ်ပါကြောင်းနှင့် အဆိုပါ တရားမဝင်ဈေးကွက်များကို လိုအပ်သလို အရေးယူဆောင်ရွက်လျက်ရှိ သည်ကိုတွေ့ရှိရပါကြောင်း၊

မြန်မာနိုင်ငံတွင်လည်း ထိုကဲ့သို့ပင် ငွေလဲလှယ်နှုန်းကွာဟခြင်း၊ တရားမဝင်ဖြစ်ပေါ်နေသော Informal Market များတည်ရှိနေသည့်အတွက် ဈေးနှုန်းအမျိုးမျိုးဖြစ်ပေါ်နေချိန်တွင် ဈေးနှုန်းကွာဟမှု မြင့်ခြင်း၊ နိမ့်ခြင်းများကို တွေ့ရှိရပါကြောင်း၊ 

၂၀၀၈ ခုနှစ်၊ ကမ္ဘာ့စီးပွားရေးကပ်ဆိုက်ချိန်တွင် အမေရိကန်နိုင်ငံအပါအဝင်နိုင်ငံအတော်များ များအနေဖြင့် စီးပွားရေး အခြေအနေဆိုးရွားခဲ့သည့်အတွက် အမေရိကန်နိုင်ငံက Inflation တက်အောင်ရန်အတွက် Inflation ၂ ရာခိုင်နှုန်းဖြစ်ရန် ၂၀၁၄ ခုနှစ် နောက်ပိုင်းအထိ သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ဆောင်ရွက်မှု အကျိုးဆက်များသည် မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးတွင် ဖြစ်ပေါ်ခဲ့ပါကြောင်း၊  မြန်မာနိုင်ငံတွင်လည်း ၎င်းကာလအတွင်း ရဉ်ညွှန်းငွေလဲလှယ်နှုန်းသည် လအလိုက် ပျမ်းမျှအားဖြင့် ဝ.၀၈ ရာခိုင်နှုန်းကနေ ၃.၅၁ ရာခိုင်နှုန်းအထိ ကွာဟနေသည်ကို တွေ့ရှိရပါကြောင်း၊ ငွေကြေးလဲလှယ်နှုန်းကို ကြည့်ရာတွင်လည်း Normal Value သာမက Inflation Adjust လုပ်ထားသည့် Real Value ကိုပါကြည့်ခြင်းဖြစ်သည့်အတွက် မိမိတို့ Exchange Rate နိုင်ငံခြားငွေ လဲလှယ်နှုန်းတစ်ခု သည် အမှန်တစ်ကယ် မြင့်တက်နေရှိ (သို့) နိမ့်ကျနေခြင်း ရှိ/မရှိဆိုသည်ကို Norminal Value တစ်ခုတည်းနှင့် ဆုံးဖြတ်နိုင်ခြင်း မပြုနိုင်ပါကြောင်း။ ယခု မြန်မာနိုင်ငံငွေကြေးသည် Norminal Value အရကျဆင်နေသော်လည်း Real Value အရ ကျဆင်းမှုမရှိသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း၊  

ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယနေ့ ကျဆင်းလျက်ရှိသော ငွေကြေးသည် အမှန်တစ်ကယ် ကျဆင်းနေခြင်း ရှိ/မရှိ ဆိုသည်ကို အစဉ်အမြဲ တွက်ချက်မှုများ ဆောင်ရွက်နေပါ ကြောင်း၊ ထို့အပြင် တရားမဝင်ဈေးကွက်များလျော့ပါးရန်နှင့် နိုင်ငံခြားငွေဈေးနှုန်း တစ်ခုနှင့် တစ်ခု များစွာကွာဟမှုမရှိစေရန် ငွေကြေးမူဝါဒနည်းဖြင့်သော် လည်းကောင်း၊ တိုက်ရိုက်စွက်ဖက်သည့် Direct Interfere နည်းဖြင့်သော်လည်းကောင်း ပြုလုပ်၍ ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။