(ဆ)-လွိုင်လင်မြို့နယ်၊ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ကျူရုံးရွာရှိအခြေခံပညာမူလတန်းကျောင်းအဆောက် အဦသစ်အားမည်သည့်အချိန်တွင်ဆောက်လုပ်ပေး မည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၆၀)ရက်မြောက်နေ့ (၈.၆.၂၀၁၅)

ဦးခင်မောင်သီ (လွိုင်လင်) ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင် မြို့နယ် ပင်လုံအရှေ့ကျေးရွာအုပ်စု ကျူရုံးရွာဘုန်းတော်ကြီးကျောင်းတွင် ကျူရုံးရွာမှ ရပ်မိရပ်ဘများကို တွေ့ဆုံခဲ့ရာ ကျူရုံးရွာရှိ အမကကျောင်း အဆောက်အဦသည် အကာအရံများ၊ အခင်းများကောင်းမွန်မှုမရှိဘဲ အလျင်အမြန် ပြု ပြင်ဆောင်ရွက်ပေးနိုင်ပါရန် မိဘပြည်သူများမှ လိုလားပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် ပင်လုံအရှေ့ကျေးရွာအုပ်စု ကျူရုံးရွာအမကကျောင်း အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း လွိုင်လင်မြို့နယ်တွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြို့နယ်ဦးစားပေး အစီအစဉ် ကျောင်းအလိုက် တန်းစီဇယားအရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင် မြို့နယ်တွင် စုစုပေါင်း အခြေခံပညာကျောင်း ၁၄ ကျောင်းအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ငွေကျပ် ၄၆၄.၄၀၀ သန်းကို ခွဲဝေပေးပြီးဖြစ်ပါသဖြင့် ယခု ကိုယ်စားလှယ်တင်ပြသော ကျူရုံးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းဆောင်သစ်ဆောက် လုပ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။