စစ်ကိုင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပါသော်လည်း တိုင်းဒေသကြီးရုံးများသည် မုံရွာမြို့ကို ပြောင်းရွှေ့ခဲ့ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သည် စစ်ကိုင်းမြို့တော်တွင် မရှိခြင်းတို့ကြောင့် ဖွံ့ဖြိုးမှုနှေးကွေးခဲ့ရပါကြောင်း၊ စစ်ကိုင်းမြို့သည် ရှေးခေတ် မြန်မာဘုရင်များက ဧရာဝတီမြစ်ဝင်ရာအရပ်ကို တာရိုးဖို့ပြီး မြို့အကွက်ရိုက်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ရေကြီးပါက မြို့၏ အရှေ့တောင်ဘက်၊ စစ်ကိုင်းတံတားကစ၍ အေးမ္မဝတီ ရပ်ကွက်၊ ထားဝယ်ဈေးရပ်ကွက်တို့အထိလည်းကောင်း၊ မြို့အရှေ့ဘက်တွင် စစ်ကိုင်းတံတား အောက်မှာ စပြီး တကောင်းရပ်ကွက်၊ ထုံးဘိုရပ်ကွက်အထိလည်းကောင်း၊ မြို့အနောက်ဘက်တွင် ဘော်ကာရပ်ကွက်၊ ငါးထပ်ကြီးဘုရားအထိလည်းကောင်း တာရိုးဖို့ထားရပါကြောင်း၊ ထိုသို့ မြို့၏ သုံးဘက်သုံးတန် တာရိုးအတွင်းရှိကြသော ထုံးဘိုရပ်ကွက်၊ စိန်ကုန်းရပ်ကွက်၊ တကောင်းရပ်ကွက်၊ မင်းလမ်းရပ်ကွက်၊ ပန်ဘဲတန်းရပ်ကွက်၊ ပိုးထန်း၊ မိုးဇာ၊ နန္ဒဝံ၊ ဘော်ဂါ၊ အုတ်ဖုကျင်းတို့သည် နှစ်စဉ် မိုးတွင်းရာသီတွင်းဆိုပါက မိုးရေများမထွက်နိုင်သည့်အတွက် ဧရာဝတီမြစ်ထဲကို စက်များဖြင့် ငွေကုန်ကျေးကျခံပြီး ပြန်လည် ထုတ်ပစ်ရပါကြောင်း၊ မိုးတွင်းမိုးရေနစ်ချိန်တွင် ရေစုတ်ထုပ်စနစ်၊ ရေမြောင်းများ မရှိခြင်းတို့ကြောင့် ညစ်ညမ်းရေများဝင်ရောက်ကာ မြို့သူမြို့သားများ၏ ကျန်းမာရေးကို စိုးရိမ်ကြရပါကြောင်း၊
ထို့ပြင် သမိုင်းဝင်ချောင်းကြီးဖြစ်သော စြင်္ကန်ချောင်းကြီးသည်လည်း အိမ်၊မြေနှင့် တိုက်တာများ ဆောက် လုပ်ခြင်းတို့ကြောင့် ပျောက်လုနီးပါး ဖြစ်ပါကြောင်း၊ ထို့ကြောင့် စစ်ကိုင်းမြို့အတွင်းရှိ ရပ်ကွက် ၁၀ ရက်ကွက်အား မိုးရေနစ်ခြင်းမှ ကင်းဝေစေရန်နှင့် မြို့၏ ရေဆိုးထုတ်စနစ်ကောင်းစေရန် ကျွမ်းကျင်ပညာရှင်များမှ Master Plan ရေးဆွဲ၍ နိုင်ငံတော် အဆင့်မှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း၊ ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်သည် ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
စစ်ကိုင်းမြို့ ပေါ်တွင် (၁၈)ရက်ကွက်ရှိသည့်အနက် တကောင်း၊ မင်းလမ်း၊ ပိုးတန်း၊ စိန်ကုန်း၊ ရွှေမင်းဝံနှင့်ထုံးဘို ရပ်ကွက်တို့မှာ မိုးရာသီ၌ မိုးသည်းထန်စွာရွာသွန်းပါက ရပ်ကွက်၏ အနိမ့်ပိုင်းများ တွင် ရေကြီးနစ်မြုပ် လေ့ရှိသောကြောင့် ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ရန် မြို့၏ရေဆိုးထုတ်စနစ် ရေစီး ရေလာကောင်းမွန် ရေးစီမံချက်အား ရေးဆွဲဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊
ရေကြီးနစ်မြုပ်ခဲ့သော ရပ်ကွက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသွားမှာ ဖြစ်ပါကြောင်း၊ တကောင်းရပ်ကွက် အတွင်း ရေကြီးနစ်မြုပ်လေ့ ရှိသည့် ရပ်ကွက်မီးသတ်ရုံးအနီးတွင် Mini Back Hoe ဖြင့် မြေသားမြောင်းအရှည် ၁၇၅၂ ပေနှင့် ၁ ပေ ၆ လက်မရေပြွန် အရှည် ၃၅ ပေအား ကုန်ကျ ငွေကျပ် ၈.၁၅ သိန်းဖြင့်လည်ကောင်း၊ ရပ်ကွက် အတွင်းလမ်း မြေသားမြောင်း ၈၇၀ ပေ x ၃ ပေ x ၄ ပေအား ကုန်ကျငွေကျပ် ၃.၂ သိန်းဖြင့်လည်းကောင်း၊ ကိုးပေတံတားအဝင်မှ စြင်္ကန်ချောင်း တစ်လျှောက် ရေမြောင်းတူးခြင်း ၈၈၂ ပေx ၂ ပေx ၂ ပေအား ကုန်ကျငွေကျပ် ၃.၂ သိန်းဖြင့် လည်းကောင်း ဆောင်ရွက်ပြီးဖြစ်ပါတယ်။
မင်းလမ်းရပ်ကွက်တွင် မိုးရွာသွန်းမှုများပါက ရေအများစုဝပ်သောနေရာဖြစ်သည့် လမ်းဘေး ဝဲ/ယာ ၂၅၇၀ ပေ x၂ ပေ x၂ ပေအား မြေသားမြောင်းတူးဖော်ဆောင်ရွက်ခဲ့ပြီး ကုန်ကျငွေမှာ ၃၀.၈၄ သိန်းဖြစ် ပါကြောင်း၊ ရပ်ကွက်တစ်လျှောက်ရေမြောင်းတူးဖော်ဆောင်ရွက်ခဲ့ပြီး ရေဆိုးများအားကမ်းနား လမ်းအောက်မှ Pusher ဖြင့်ထိုး၍ ၆ လက်မ PVC ပိုက် ၂ လုံးမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ Gravity Flow ကိုအသုံးပြုကာ ရေစီးဆင်းအောင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြေသားမြောင်းမှ ကျောက်စီရေမြောင်း ၅၂၀ ပေ x ၂ ပေ x၂ ပေအား ဆောင်ရွက်ပြီးဖြစ်၍ ကျန်၄၃၀ ပေx ၂ ပေx ၂ ပေအား ဆက်လက်ဆောင်ရွက်လျက်ရှိရာ ကုန်ကျငွေကျပ် ၁၁၁.၆ သိန်းဖြစ်ပါကြောင်း၊ ပိုးတန်းရပ်ကွက်မှ ရေနစ် မြုပ်သည့်အပိုင်းဖြစ်သည့် တားရိုးကြီးလမ်း၏ အရှေ့ဘက် တွင်ရေဆိုးမြောင်းအား မော်တာ၊ ပန့်များ တပ်ဆင်၍ ၄ လက်မ PVC ပိုက်များဖြင့် လမ်းပေါ်မှဖြတ်၍ သွယ်တန်းကာ ဧရာဝတီမြစ်အတွင်းသို့ စွန့်ထုတ်ပါကြောင်း၊ ပိုက်များအား လမ်းပေါ်တွင် သွယ်တန်းရသဖြင့် အများပြည်သူသွားလာရေးကို အနှောက် အယှက်ဖြစ်စေသောကြောင့် လမ်းဖြတ် ၃ နေရာအား Pusher ဖြင့်ထိုး၍ ၆ လက်မပိုက်များဖြင့် တပ်ဆင်၍ ရေဆိုးထုတ်စွန့်ပစ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
စိန်ကုန်းရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် မြေသားမြောင်း ၄၈၁၆ ပေအား ကုန်ကျငွေကျပ် ၂၀.၆ သိန်းဖြင့် လည်းကောင်း၊ အုတ်စီရေမြောင်း ၂၇၀၀ ပေ x ၁ ပေ ၆ လက်မ x ၂ ပေ ၃ လက်မအား ကုန်ကျငွေကျပ် ၂၆၄.၃၇ သိန်းဖြင့်လည်းကောင်း၊ လမ်းဖြတ်နေရာများတွင် Box Culvert နှစ်ခုကို ကုန်ကျငွေကျပ် ၄၈ သိန်းဖြင့်လည်းကောင်း၊ ထုံးဘိုရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် မြေသားမြောင်း ၁၆၀၀ ပေအား ကုန်ကျငွေကျပ် ၃.၂ သိန်းဖြင့်လည်းကောင်း ဆောင်ရွက်ပြီးဖြစ်ပါ ကြောင်းနှင့် အုတ်စီရေမြောင်းအဖြစ် အဆင့်မြှင့်တင်ခြင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ ရွှေမင်းဝံရပ်ကွက်တွင် မိုးရွာသွန်းသည့် အချိန်များ၌ တောင်ကျရေအများဆုံး တိုက်စားသည့် ရွှေမင်းဝံလမ်းမကြီးရေရှည်တည်တံ့စေရေးအတွက် လမ်းဘေးဝဲ/ယာ မြေသားမြောင်း ၁၂၀၀ ပေတူးဖော်ဆောင်ရွက်ခြင်း၊ ကြားလမ်း ၈၀၀ ပေနှင့် ၅၀၀ ပေအားတူးဖော်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်ပြီးဖြစ် ပါကြောင်း၊
စစ်ကိုင်းမြို့အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၆၀၇.၄ သိန်းဖြင့် ဆောင်ရွက်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် ရေစီးရေလာကောင်းမွန်ရေးနှင့် မိုးရေနစ်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ရန်ပုံငွေကျပ် ၂၅၇.၆ သိန်းလျာထားပြီးဖြစ်ပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အုတ်စီရေမြောင်းနှင့် ရေွမောင်းဖုံးပြုလုပ်ခြင်းလုပ်ငန်း ၁၄၇၄၉ ပေ အတွက် ခန့်မှန်းကုန်ကျမည့် ရန်ပုံငွေသည် ကျပ် ၁၉၈၆.၃ သိန်းဖြစ်သဖြင့် လိုအပ်သောလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ထည့်သွင်းရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန် လည်ဖြေကြားပါသည်။
