(ခ)-ရသေ့တောင်မြို့နယ်(ရေမျက်)အခြေခံပညာမူလ တန်း(လွန်)ကျောင်းအား၂၀၁၅-၁၆ခုပညာသင်နှစ် တွင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဆင့် တိုးမြှင့်ပေးရန်အစီအစဉ်ရှိ၊မရှိသိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးပဉ္စမနေ့ (၂၀.၁၁.၂၀၁၅)

ဒေါ်ခင်စောဝေ (ရသေ့တောင်)ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ကျင်းပသည့် အစည်းအဝေးတွင် ၂၀၁၅ ခုနှစ် မတ်လအတွင်းက မေးခဲ့သည့် မေးခွန်းဖြစ်ပါကြောင်း၊ ယခုအခါ ၂၀၁၅-၁၆ ပညာသင်နှစ် ဇွန်လအတွင်း ရသေ့တောင်မြို့နယ်(ရေမျက်) အခြေခံပညာမူလတန်း (လွန်)ကျောင်းအား အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)အဆင့် တိုးမြှင့်ပေးထားပြီဖြစ်ကြောင်း သိရှိရသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဒုတိယမေးခွန်းတစ်ခုက ကျောင်းအဆင့်တိုးချဲ့ဖွင့်လှစ်ရရှိရေးအား နှစ်စဉ်နှစ်တိုင်း ကျေးရွာများမှ အဆိုပြုလွှာစာအုပ် တင်ပြနေရခြင်းမှာ ငွေကုန်ကြေးကျများပါသဖြင့် တစ်နှစ်လျှောက်ထားပြီးပါက ခွင့်ပြုချက်မရမခြင်း ၎င်းအမှုတွဲစာအုပ်များ ကို နှစ်စဉ်နှစ်တိုင်း ထည့်သွင်းစဉ်းစားပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ်ဇော်မင်းအောင်
အဖြေ

ကျောင်းအဆင်‌့တိုးမြှင်‌့ ဖွင်‌့လှစ်ခွင်‌့ရရှိရန်အတွက် အမှုတွဲတင်ပြခြင်းနှင်‌့ ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းများမှ အဆင်‌့တိုးမြှင်‌့ရန် အမှုတွဲအား နှစ်စဉ်နှစ်တိုင်းတင်ပြရန် မလိုအပ်ပါကြောင်း၊ ပထမအကြိမ် အမှုတွဲတင်ပြထားပြီး ပါဝင်မှုမရှိသေးပါက ဒုတိယအကြိမ်မှာလည်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးမှ လက်ရှိကျောင်းက ပြောင်းလဲသွားသည့် အခြေအနေများကိုသာ ထပ်မံတောင်းခံပြီး ကျောင်းအဆင်‌့တိုး တန်းစီဇယားတွင် ထည့်သွင်းစိစစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်၊