(စ)-အုတ်ဖိုမြို့နယ်ရှိအေးမြသာယာ-ရေတာ-ဂုံညှင်း တန်း-ကဝေစု-ဆီဆုံကုန်း-ငှက် ပျောတောကျေးရွာ ချင်းဆက်လမ်းအား ဂဝံလမ်းအဖြစ်အဆင့်မြှင့်တင် ခင်းပေးရန်နှင့်တံတားပျက်(၄)စင်းအားပြု ပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၅၃)ရက်မြောက်နေ့ (၂၇.၅.၂၀၁၅)

ဦးတင်ထွေး (အုတ်ဖို မဲဆန္ဒနယ်)အုတ်ဖိုမြို့နယ်ရှိ အေးမြသာယာမြို့သစ်နှင့် အခြားကျေးရွာများကို ဆက်သွယ်ထားသော  အေးမြ သာယာ-ရေတာ-ဂုံညှင်းတန်း-ကဝေစု-ဆီဆုံကုန်း-ငှက်ပျောတောကျေးရွာ ချင်းဆက်လမ်းမကြီး သည် အရှည် ၄.၅ မိုင်ရှည်လျားပြီး ၎င်းလမ်းမကြီးပေါ်ရှိ အရှည်ပေ ၂၀ ရှိ တံတားလေးစင်းသည် လည်း ပျက်စီးလျက်ရှိပါကြောင်း၊ အထက်ဖော်ပြပါ ကျေးရွာခြောက်ရွာတွင်  လူဦးရေ ၆၄၅၀ ဦး နေထိုင်လျက်ရှိပြီး အ.မ.ကကျောင်း ငါးကျောင်းမှ ကျောင်းသားကျောင်းသူများအနေဖြင့် အ.ထ.က အေးမြသာယာကို သွားလာအသုံးပြုသော လမ်းဖြစ်ခဲ့သော်လည်း ယခုအခါ အဆိုပါလမ်းနှင့် တံတားများ ပျက်စီးနေခြင်းကြောင့် အခြားဝေးလံသောကျောင်းများသို့  သွားရောက် ပညာ သင်ကြားနေရပါကြောင်း၊ ထိုကြောင့်  ကျောင်းသားကျောင်းသူများ အဆင်ပြေပြီး ဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေးမြသာယာ-ရေတာ-ဂုံညှင်းတန်း-ကဝေစု-ဆီဆုံ ကုန်း- ငှက်ပျောတော ကျေးရွာများသို့ ဆက်သွယ်ထားသော အရှည် ၄.၅ မိုင်လမ်းမကြီးကို ဂဝံလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းပေးရန်နှင့် တံတားလေးစင်းကြီးတို့အား တတ်နိုင်သမျှ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေ
အဖြေ

မွေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်ငွေပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမဲဆန္ဒနယ် အေးမြသာယာ-ရေတာ-ဂုံညှင်းတန်း-ကဝေစု-ဆီဆုံကုန်း-ငှက်ပျောတောလမ်းသည်    လေးမိုင် ငါးဖာလုံ ရှိသော မြေသားလမ်းပျက် ဖြစ်ပါကြောင်းနှင့် အဆိုပါလမ်းကို ဂဝံလမ်းခင်းပေးမည့်ဆိုပါက တံတားများအပါအဝင် ၁၉၉.၂၄ သန်းခန့် ကုန်ကျ မည်ဟု ခန့်မှန်းထားရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း အုတ်ဖိုမြို့နယ်အတွင်း မွေးမြူရေး လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန၏ ၂၀၁၅-၂၀၁၆ ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ၃၆.၄၅ သန်းကို လမ်းတံတားအတွက် ခွင့်ပြု ထားသကဲ့သို့ ဆက်လက်ခွင့်ပြုရန် လျာထားချက်များလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲခူး တိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်အတွင်းရှိ အေးမြသာယာ-ရေတာ-ဂုံညှင်းတန်း-ကဝေစု-ဆီဆုံ ကုန်း- ငှက်ပျောတောလမ်းကို ဂဝံလမ်း လေးမိုင်၊ ငါးဖာလုံ ခင်းရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ် တွင် လျာထားတင်ပြထားခြင်းမရှိပါကြောင်းနှင့် ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်းလည်း မရှိပါကြောင်း၊  သို့သော်လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး အစီအစဉ် အတိုင်း မှတ်သားဆောင်ရွက်ပေးလျက်ရှိကြောင်းကို ပြန်လည်ဖြေကြားပါသည်။