ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ဗထူးမြို့ရှောင်ကွင်းလမ်းကို ကတ္တရာလမ်း အဆင့်တိုးမြှင့် တည်ဆောက်ပေးနိုင်ရန် အတွက်မေးမြန်းခဲ့ရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောက် လုပ်ရေးဌာနပိုင် လမ်းမဟုတ်ပါဟု စာဖြင့်ဖြေကြားခဲ့ပါကြောင်း။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဗထူးမြို့ရှောင်လမ်း ကတ္တရာလမ်းခင်းရန် ခေါင်းစဉ်ဖြင့် ခွင့်ပြုရန်ပုံငွေ သန်း ၁၀၀ ရရှိခဲ့သော်လည်း ဗထူးမြို့ရှောင်လမ်းသည် ဆောက်လုပ်ရေး လမ်းပိုင်းအဖြစ် ထည့်၍သိမ်းသွင်းထားခြင်း မရှိသေးသောကြောင့် ဆောင် ရွက်နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ခွင့်ပြုရန်ပုံငွေရရှိ ပြီဖြစ်သော ဗထူးမြို့ရှောင်လမ်းကို ဆောက်လုပ်ရေးလမ်းအဖြစ် သိမ်းသွင်းပြီး ကတ္တရာလမ်းခင်း ပေးရန် အစီ အစဉ်များရှိ/မရှိ။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက ဗထူးမြို့ရှောင်ကွင်းလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရန်ပုံငွေ လွှဲပြောင်း၍ တာဝန်ယူကြီးကြပ်ဆောင် ရွက်စေကာ ကတ္တရာလမ်းအဖြစ်ဆောင်ရွက်ပေးမည့် အစီ အစဉ်များရှိ/မရှိတို့ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်-အင်တော-ကျောက်ကူ-နောင်ချိုလမ်း ပိုင်းအတွင်း ဗထူးမြို့ရှောင်ကွင်း လမ်းအား ဖောက်လုပ်မည်ဆိုပါက ရပ်စောက်မြို့၊ ဥတ္တံတံတား ရပ်ကွက် သီတာလမ်းမှ ဟွေးအုပ်စုအတွင်းရှိ အင်းမှီး၊ လွယ်ဆင်၊ ဇလဲကျေးရွာများကို ဖြတ်သန်းပြီး ရပ်စောက်-အင်တောလမ်းပိုင်းပေါ်ရှိ ပါမဲအုပ်စု၊ ညောင်ပင်သာကျေးရွာအထိ စုစုပေါင်း မြေသားလမ်း ၇ မိုင် ခန့် ဖောက်လုပ်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းကို ၁၈ ပေအကျယ် မြေသားလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် စုစုပေါင်း ၁၀၅ သန်း၊ ကတ္တရာ လမ်းခင်းရန်အတွက် ၆၄၉.၀၄ သန်း၊ သစ်သားတံတား ၁၅ ပေ တည်ဆောက်ရန်အတွက် ၇.၅ သန်းနှင့် စုစုပေါင်း ၇၆၁ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းပါကြောင်း၊
ရှမ်းပြည်နယ်တစ်ခုလုံးကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုထားသော လမ်း၊ တံတားများအတွက် ခွင့်ပြုထားသည့်ငွေပမာဏ ၁၀.၄၃၀ သန်း ဆောင်ရွက်ခွင့်ပြု ထားပါကြောင်း၊
ရပ်စောက်မြို့နယ်ဖြင့် ပြန်တင်ပြရပါက မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှာ ၂၀၁၄-၂၀၁၅ ယခုနှစ်တွင် ကျောက်ချောလမ်း ၁၅ မိုင်၊ မြေသားလမ်း ၁၄ မိုင်နှင့် သစ်သားတံတား ၆၀ ပေတို့အား ရန်ပုံငွေကျပ် ၅၇၂.၄ သန်းဖြင့် ဆောင်ရွက်ရန် ခွင့်ပြုထား ပြီးလည်းဖြစ်ပါကြောင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ မြို့ရှောင်ကွင်းလမ်းကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုမိန့် ရန်ပုံငွေမှ လွှဲပြောင်း၍ ဆောက်လုပ်ရန် ယခုအချိန်တွင် အစီအစဉ်မရှိသေးပါကြောင်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရမည်ဆိုပါက လက်ရှိ ရှိသည့်လမ်းကို လမ်းအင်္ဂါရပ်နှင့်အညီ ဖောက်လုပ်ရန် လယ်မြေ၊ ယာမြေများ ဖြတ်သန်းရပါက လျော်ကြေ ကိစ္စများ ပါလာနိုင်သည့်အတွက် လမ်းအူကြောင်းသတ်မှတ်ခြင်းကို လိုအပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် အသေးစိတ်ကွင်းဆင်းတိုင်းတာ၍ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်အတိုင်း တင်ပြပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
