မိုင်းရှူးမြို့တွင် GSM တာဝါတိုင်တစ်ခုနှင့် ဝမ်ကွမ်တောင်ပေါ်တွင် CDMA 450 တာဝါတိုင် တစ်ခုသာ ရှိသည့် အတွက် GSM တာဝါတိုင်မှ မိုင်းရှူးမြို့အနီး (၂) မိုင် ပတ်လည်သာ ဖုန်းပြောနိုင်ပါကြောင်း၊ အနီး တဝိုက် ကျေး လက်တောရွာ၌ ဖုန်းများ ကိုင်ဆောင်အသုံးပြုနိုင်ရန်အတွက် (တန်ဖိုးနည်း) GSM ဖုန်းကတ်များ အစဉ် မပြတ် ရောင်းပေးနေသော်လည်း ကျေးလက်နေပြည်သူများအနေဖြင့် ဝယ်ယူ အသုံးပြုနိုင်ခြင်း မရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းရှူးမြို့မှ (၂) မိုင်နှင့်အထက် ကွာဝေးသော မိုင်းအော့ကျေးရွာအုပ်စုဒေသ၊ ဝမ်ဆော့ကျေးရွာ အုပ်စုဒေသနှင့် မိုင်းစံမြို့နယ်ခွဲဒေသများသို့ GSM တာဝါတိုင်များ ထပ်မံဖြည့်စွက် ဆောင်ရွက်ပေးရန် အစီ အစဉ်ရှိ/မရှိ သိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ဦးကျော်တင်ရွှေ(မိုင်းရှူ း) ကိုယ်စား ဦးခင်မောင်သီ (လွိုင်လင်) က မေးမြန်းပါသည်။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုင်းရှူးမြို့နယ်အတွင်း GSM ရေဒီယိုစခန်း (၁) ခုနှင့် CSMA 450 MHz ရေဒီယိုစခန်းတစ်ခုကို တည်ဆောက်တပ်ဆင်ပေး ပြီးဖြစ် ပါကြောင်း၊ လက်ရှိ မိုဘိုင်းတယ်လီဖုန်းများ တိုးချဲ့တပ်ဆင်ရေး အခြေအနေတွင် လိုင်းအသစ် တစ်သန်းနှင့် အစားထိုးလဲလှယ်ခြင်း သုံးသန်းစီမံကိန်း ကို ဆောင် ရွက်ပေး လျက်ရှိပြီး ရှမ်းပြည်နယ်အစိုးရအဖွဲနှင့် ညှိနှိုင်းဆောင်ရွက်ချက်အရ ရှမ်းပြည် နယ်(တောင်ပိုင်း)တွင် ရေဒီယိုစခန်း ၁၀ ခု ထပ်မံတိုးချဲ့တပ်ဆင်ရန် လျာထား ခဲ့ပြီး ဖြစ်ပါကြောင်း၊ သ့ိုဖြစ်ပါ၍ မိုင်းရှူးမြို့နယ် အတွင်း လိုအပ်လျက်ရှိသော တာဝါတိုင် များကို ထပ်မံဖြည့်စွက်ပေးရန် လက်ရှိဘဏ္ဍာရေးနှစ်တွင် ဆောင် ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့သော်လည်း လာမယ့်ဘဏ္ဍာရေးနှစ်များတွင် မိုင်းရှူးမြို့နယ် အပါအဝင် မိုင်းရှူးမြို့နယ်အတွင်း သင့်လျော်သောနေရာဒေသ များတွင် ရေဒီယိုစခန်း များ ထပ်မံတိုးချဲ့ တပ်ဆင်ပေးရေးအတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့နှင့် အသေးစိတ် ညှိနှိုင်းပြီး ဦးစားပေး လျာထားချက်များအတိုင်း ဆက်လက်စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်းပြန် လည်ဖြေကြားပါသည်။
